မန်း မဘသ ရခိုင်ခရီးစဉ်(၁၀)
အောက်တိုဘာလ ၁၄ ရက်နေ့ ညနေပိုင်းမှာ ခမောင်းဆိပ်ရွာမှ ပြန်လာခဲ့ကြပါတယ်။ မူလအစီအစဉ်ထဲမှာ ဗန္ဓုလရွာသွားဖို့ ပါဝင်ခဲ့ပေမယ့် ဘင်္ဂလီအကြမ်းဖက်သမားများက လုံခြုံရေးသမားတွေကို ဓားဖြင့်ဝင်ခုတ်တဲ့သတင်းကြောင့် ဗန္ဓုလရွာထိ မရောက်ခဲ့ပါဘူး။ ဗန္ဓုလရွာဆိုတာ နေရပ်ကိုမစွန့်ခွါပဲ ကြံ့ကြံ့ခံ ကာကွယ်ခဲ့တဲ့ရွာကြီးပါ။ နယ်စပ်ခြံစည်းရိုးဘေးနားကရွာပါ။ မန်း မဘသ အဖွဲ့သူ အဖွဲ့သားများ နယ်စပ်ခြံစည်းရိုးရွာအထိသွားရမည့် အခွင့်အရေး ပထမအကြိမ် ဆုံးရှုံးခဲ့တာပါ။ ခမောင်းဆိပ်ရွာမှာ လှူဒါန်းခဲ့တဲ့ ရွာပေါင်း ၂၀ ကျော်အနက် အောင်ဇံရွာမှာ လူတစ်ဦးပျောက်ဆုံးနေပါတယ်။ အောင်ဇံရွာဆိုတာ အိမ်ထောင်စု ၅၂ စုရှိတဲ့ ဒိုင်းနက်၊ သက်လူမျိုးတို့ရွာပါ။ သြဂုတ်လ ၂၆ရက် စနေနေ့မှာ ဈေးဖွင့် ...
နိုင်ငံတော်ကြီးလည်း ဖိနှိပ်ခံဘဝမှ လွတ်မြောက်ပါစေ
နိုင်ငံတော်ကြီးလည်း ဖိနှိပ်ခံဘဝမှ လွတ်မြောက်ပါစေ သာသနာတော်ကြီးလည်း ဖိနှိပ်ခံဘဝမှ လွတ်မြောက်ပါစေဗျာ ဝီရသူ( မစိုးရိမ်) 28.10.2017 pm 6:38 —— https://m.facebook.com/story.php…
နိုင်ငံကြီးဝါဒဆန့်ကျင်ကြ
ဗုဒ္ဓဘာသာကို နှိပ်ကွပ်တော့မယ်ဆိုရင် လူမျိုးကြီးဝါဒတို့ ဘာသာတစ်ခုတည်းကြီးစိုးနေတာတို့ အမြဲပြောနေကြတဲ့သူတွေ သတိထားဖို့ပါ။ အမေရိကန်ဟာ နိုင်ငံကြီးဝါဒကျင့်သုံးပြီး နိုင်ငံငယ်လေးတွေကို အနိုင်ကျင့်နေတာ ပေါ်လွင်ပါတယ်။ တကယ်တော့ အကြမ်းဖက်နှိမ်နှင်းရေးခေါင်းစဉ်တပ်ပြီး မောင်းသူမဲ့တွေနှင့် တိုက်ခိုက်တာကြောင့် အပြစ်မဲ့အရပ်သားတွေ သေဆုံးမှုဟာ မောင်တောကဘင်္ဂလီသေဆုံးမှုထက် အရေအတွက်ပိုများပြားပါတယ်။ ဒါတောင် အမေရိကန်က လိုက်တိုက်တာပါ။ မြန်မာစစ်တပ်နှင့်ရဲက အတိုက်ခံရလို့ ပြန်ခုခံတဲ့အဆင့်ပဲရှိပါသေးတယ်။ ဒါကိုပဲ လူမျိုးစုလိုက် သုတ်သင်မှုတို့ လူမျိုသုဉ်းသတ်ဖြတ်မှုတို့ အော်ဟစ်စွပ်စွဲနေတာ တွေ့မြင်နေရပါတယ်။ လုံ/စီဆိုတာဟာလည်း ဆီးရီးယားမှာ၊ အာရပ်နိုင်ငံတွေမှာ အစုလိုက်အပြုံလိုက် မူဆလင်တွေ အသတ်ဖြတ်ခံနေရတာကိုတော့ ဘာတစ်ခွန်းမှမပြောကြဘူး။ မြန်မာပြည်ကိုကျတော့ ပိတ်မယ်ဆို့မယ် ...
ဒီမိုကရေစီ(အပိုင်း-၅ နိဂုံး) သခင်ဘသောင်း
၆။ နောင်ရေး မျှော်လင့်ချက်ရှိခြင်းလမ်း ဒီမိုကရေစီက အချိန်ကာလကိုလိုက်ပြီး ပြုပြင်ပြောင်းလဲမှုတွေလုပ်တာကို အားပေးပါတယ်။ ကြီးပွားတိုးတက်အောင်ကြံစည်သူတွေ ကြိုးစားသူတွေကိုလည်း အားပေးပါတယ်။ ဒီမိုကရေစီစနစ်မှာ သာမန်တိုင်းသူပြည်သားတွေကို ဘာမှမသိတဲ့ နို့စို့ကလေးတွေလို အရူးအပေါတွေလို သဘောမထားပါဘူး။ လူတိုင်းကို ကိုယ်ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ပိုင်ပိုင်နိုင်နိုင်ဖြေရှင်းနိုင်ဖို့ အခွင့်အလမ်းတွေကို ဖန်တီးပေးပါတယ်။ ဒါကြောင့် ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာ ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားတဲ့သူတွေ အတွက် အခွင့်အရေးတွေများပါတယ်။ အချောင်သမားတွေ ဘာမှမလုပ်ဘဲ ကြီးပွားချင်တဲ့လူတွေ အကြံသမားကပ်ဖားတွေအတွက်တော့ နေစရာမရှိပါဘူး။ ဒီမိုကရေစီနိုင်ငံတွေမှာ နိုင်ငံကို ဘယ်သူတစ်တစ်ဦးတစ်ယောက်ကမှ မပိုင်ဘဲ နိုင်ငံသားတိုင်းက ပိုင်တဲ့အတွက် ...
မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)
ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ ဦးသောင်းဌေး+ဒေါ်ခင်ထွေး (ဗီးနပ်(စ်)သိင်္ဂီအဆင့်မြင့် သံရည်ကျိုလုပ်ငန်း)မိသားစုမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ ကိုထွန်းမြင့်အောင်+မမြင့်မြင့်သန်း (ဗီးနပ်(စ်)သိင်္ဂီအဆင့်မြင့် သံရည်ကျိုလုပ်ငန်း)မိသားစုမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းပါသည်။(28.10.2017) အလှူရှင်မိသားစုများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊ မဟာအောင်မြေမြို့နယ် မာလကာခြံရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်နှင့် ...
မန်း မဘသ ရခိုင်ခရီးစဉ်(၉)”
အောက်တိုဘာလ ၁၄ ရက် မွန်းလွဲပိုင်းမှာ မင်းခမောင်းရွာမှ ဗန္ဓုလရွာသို့ ဆက်လက်သွားကြရန် စီစဉ်ထားသော်လည်း လုံခြုံရေး အခက်အခဲ လမ်းပန်းအခက်အခဲကြောင့် ဆက်လက်ထွက်ခွါခွင့် မရတော့ပါ။ ဘင်္ဂလီဆယ်ယောက် ဓားကိုယ်စီနှင့်တက်လာပြီး တစ်ယောက်က လုံခြုံရေးဂိတ်ကို ဓားဖြင့် ဝင်ခုတ်ရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် လမ်းတစ်လျှောက်လုံး လုံခြုံရေးတွေ တင်းကြပ်ထားပါတယ်။ ရှေ့ဆက်လုံးဝသွားခွင့်မပေးတော့ဘဲ ခမောင်းဆိပ်ရွာမှာပဲ လူစုပေးမယ် ခမောင်းဆိပ်ရွာမှာပဲ လှူပါဆိုလို့ ခမောင်းဆိပ်ရွာမှာပဲ စုပေါင်းလှူဒါန်းကြရပါတယ်။ မူလအစီအစဉ်ထဲမှာ ဗန္ဓုလ၊ အောင်သပြေ၊ အောင်ချမ်းသာ၊ ခမောင်းဆိပ်၊ မင်းခမောင်း၊ မင်္ဂလာညွန့်၊ တမန်းသား၊ ပဒက်ကားရွာသစ်အားဖြင့် ...
မစိုးရိမ်တိုက်သစ် ဘုံကထိန်
တန်ဆောင်မုန်းလဆန်း(၈)ရက် 27.10.2017 ရက်နေ့မှာ ကျင်းပပါတယ်။ မန္တလေး မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီးမှာ ကျင်းပတာပါ။ မစိုးရိမ်တိုက်သစ် ဝါဆိုသံဃာ ၂၅၀၀ ကျော်အား ကထိန်သင်္ကန်းကပ်လှူပွဲဖြစ်ပါတယ်။ ကထိန်ဒကာကတော့ မန္တလေး ပြည့်ကြီးတံခွန်မြို့နယ် စက်မှု(၁) လုပ်ငန်းရှင် ပြည်သူများဖြစ်ပါတယ်။ မနက်ပိုင်းမှာ စာသင်သံဃာတော်များအား ဆွမ်းဆက်ကပ်ပါတယ်။ ၄င်းနောက် စာချဆရာတော်များ စာသင်တန်းအောင်သံဃာများ နာယကဆရာတော်များအား နေ့ဆွမ်းဆက်ကပ်ပါတယ်။ မွန်းလွဲ ၁း၀၀ နာရီမှာတော့ ကထိန်သင်္ကန်းကပ်လှူသည့်အခမ်းအနား ကျင်းပပါတယ်။ မဟာနာယကဆရာတော်ကြီး ဘဒ္ဒန္တကေသရာဘိဝံသက ကထိန်အနုမောဒနာတရား ဟောကြားပြီး ရေစက်ချ အမျှဝေကြပါတယ်။ ညနေ ၃း၀၀ နာရီမှာတော့ ကထိန်ခင်းကြပါတယ်။ ကထိန်ခံဆရာတော်နှင့် နာယကဆရာတော်များ သိမ်ထဲမှာ ...
စဥ့်ကိုင်မြို့ ဘာသာရေးဆုတောင်းပွဲကိုအကြောင်းပြပြီး ထေရဝါဒ ဗုဒ္ဓသာသနာတော်ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေမှုအတွက် မန်း မဘသရဲ့ တိုင်ကြားချက်
ဆက်ကပ်ပါသည်ဘုရား သို့ ဥက္ကဋ္ဌဆရာတော် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့။ ရက်စွဲ။ ၂ဝ၁၇ ခုနှစ် အောက်တိုဘာလ ၂၇ ရက် အကြောင်းအရာ။ ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာကို ညှိုးနွမ်းစေသည့် ပြုလုပ်ကျူးလွန်မှု များနှင့် ပတ်သက်၍ လိုအပ်သလို အရေးယူပေးပါရန် လျှောက်ထားခြင်း။ ၁။ မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ်၊ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ၂ဝ၁၇ခုနှစ် အောက်တိုဘာလ (၂၄)ရက် အင်္ဂါနေ့ ညနေ(၆)နာရီခန့်က စဥ့်ကိုင်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီမှ ကြီးမှူးကျင်းပသည့် ဘာသာပေါင်းစုံ ...
မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအတွက် မဟာချိုင်အလှူတော်(၁)
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် အမျိုးသားရေးဆရာတော် အရှင်ဝဏ္ဏိတ(တာမွေ)မှ အလှူငွေ ၅၀၀၀၀၀(ငါးသိန်း)ကျပ် လှူဒါန်းပါသည်။(27.10.2017) 24.10.2017 ရက်နေ့ မွန်ပြည်နယ် ဘီးလင်းမြို့(၁၆)ကြိမ်မြောက် ကျုံကမိသားစုကျေးရွာ သီတင်းကျွတ် အထူးတရားပွဲ၌ လှူဒါန်းကြသော ဓမ္မပူဇာ အလှူငွေများမှ ပြန်လည် လှူဒါန်းခြင်းဖြစ်ပါသည်။ အမျိုးသားရေးဆရာတော်အရှင်ဝဏ္ဏိတသည် မန်းမဟော်သဓာ အမျိုးသားရေးအထက်တန်း ကျောင်းတော်ကြီး ဖြစ်မြောက်ရေးအတွက် တရားပွဲများမှ ရရှိသော ဓမ္မပူဇာများကို ဆက်လက်လှူဒါန်းသွားမှာဖြစ်ပြီး အမျိုးသားရေးဆရာတော်အရှင်ဝဏ္ဏိတဦးဆောင်ကာ ထိုင်းနိုင်ငံ စမူစာခွန်ခရိုင် မဟာချိုင်မြို့ပရဟိတ အသင်းများစွာမှ အသင်းခေါင်းဆောင်နှင့် ...
မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၇၁)
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ရွှေဘိုမြို့၊ ညောင်ပင်သာကျေးရွာ မောင်အောင်ဖြိုးလှိုင်မှ အလှူငွေ ၂၀၀၀၀(နှစ်သောင်း)ကျပ် လှူဒါန်းပါသည်။(26.10.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၈,၅၄၅,၅၀၀ိ ကျပ်။ စုစုပေါင်း – ၁၈၃,၇၄၅,၅၀၀ ...
ဒီမိုကရေစီ(၄) သခင်ဘသောင်း
၎။ လွတ်လပ်မှုရှိခြင်းလမ်း လွတ်လပ်ခြင်းဆိုတဲ့ စကားလုံးနဲ့ ဒီမိုကရေစီဆိုတဲ့ စကားလုံးကိုများသောအားဖြင့် ယှဉ်တွဲသုံးကြတာ များပါတယ်။ လွတ်လပ်လို့သာ ဒီမိုကရေစီလို့ ခေါ်ဆိုနိုင်တာ ဖြစ်ပါတယ်။ မလွတ်လပ်တဲ့ ဒီမိုကရေစီရယ်လို့ မရှိပါဘူး။ ဒီမိုကရေစီ မရှိရင်လည်း လွတ်လပ်မှုဆိုတာ မရှိနိုင်ပါဘူး။ လူတွေဟာ သူတို့ကို တပါးသူကလာပြီး နဖားကြိုးထိုးတာ ထမ်းပိုးတပ်တာတွေ၊ အဓမ္မခိုင်းစေတာတွေကို မလိုလား မနှစ်သက်ကြပါဘူး။ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာ ပြည်သူတွေဟာ မိမိတို့ဘာသာ အချင်းချင်း တိုင်ပင်ပြီး ဥပဒေတွေကို ရေးဆွဲထုတ်ပြန်ကြပါတယ်။ ဒါကြောင့်လည်း ဒီမိုကရေစီနိုင်ငံတွေမှာ တိုင်းသူပြည်သားများက ဥပဒေတွေကို လိုလိုချင်ချင်နဲ့ လိုက်နာကြပါတယ်။ ...