Daily Archives: November 9, 2017

သတင်း

ပန်းတိုင်မရောက်ခင် တက်ကို လုံးဝလွှတ်မချပါနဲ့

(ဆရာတော်ဦးဝီရသူနှင့် ဆက်သွယ်မေးမြန်းချက်) မေး- သီဟိုဠ်က မဟာဝင်၊ ဒီပ၀င်မှာပါတဲ့ ဒုဋ္ဌဂါမဏိမင်းအကြောင်းကို သီတဂူဆရာတော်ကြီးက တရားပွဲတစ်ခုမှာ ထည့်ဟောတာနဲ့ပတ်သက်ပြီး ၀ိဝါဒတွေကွဲပြားပြီး အတော်လေး အငြင်းပွားနေကြတာတွေ့ရပါတယ်ဘုရား။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘာများပြောချင်ပါသလဲဘုရား။ ဖြေ – သီတဂူဆရာတော်ကြီးဟောတာကို ကြည့်တာတော့ တော်တော်ကို ဓမ္မဓိဋ္ဌာန်ကျတာပေါ့နော်။ ပြည်သူနဲ့အစိုးရ ညီညွတ်ရမယ်၊ တပ်နဲ့သံဃာနဲ့ညီညွတ်ရမယ်။ နိုင်ငံတစ်ခုမှာ ဒီအဖွဲ့အစည်းတွေမှ မညီညွတ်တော့ဘူးဆိုရင် ဘာမှအလုပ်မဖြစ်တော့ဘူးလေ။ ဓမ္မဓိဋ္ဌာန်ကျပြီး အင်မတန်ကောင်းတဲ့ တရားတော်ကိုပဲ ဆရာတော်ကြီးကို ၀ိုင်းပြီးတော့ မှိုချိုမျစ်ချိုးပြောကြ၊ ပိုးစိုးပက်စက်ပစ်မှားနေကြတာတွေ တွေ့ရတယ်ပေါ့နော်။ တော်ရုံတန်ရုံ ပုဂိုလ်တွေ ဆရာတော်ကြီး ပြစ်မှားတာ ...
သတင်း

“တစ်ဖက်စောင်းနင်း လူ့အခွင့်အရေး

စာရေးသူကို ဖမ်းဆီးပြီး ထောက်လှမ်းရေးက စစ်ဆေးတဲ့အထဲမှာ မေးခွန်းတစ်ခု သတိရမိပါတယ်။ ဦးဇင်းက ဘာလိုချင်တာလဲတဲ့။ ပြန်ဖြေလိုက်ပါတယ်။ အိမ်ရှင်အခွင့်အရေး အပြည့်အဝရရင် ကျေနပ်ပြီလို့။ စာရေးသူ အိုးဘိုထောင်ထဲရောက်သွားတဲ့အခါမှာလည်း အိမ်ရှင်က လူ့အခွင့်အရေးချိုးဖောက်ခံနေရပြီး ဧည့်ဆိုးတွေက အထူးအခွင့်အရေးရနေတာကို ကိုယ်တိုင်တွေ့ကြုံခဲ့ရတာပါ။ သို့သော် အကျဉ်းသားအချင်းချင်း ညီညွတ်သင့်တဲ့အရပ်ဒေသဖြစ်လို့ ထောက်တာတွေ၊ ကန့်တာတွေ၊ တင်ပြတာတွေ၊ တောင်းဆိုတာတွေ လုံးဝမလုပ်ခဲ့ပါဘူး။ အဲဒီအထဲမှာမှ စာရေးသူကို ပုဆိုးကို သင်္ကန်းလိုမဝတ်ရ၊ ဘုန်းကြီးဖိနပ်မစီးရ၊ ကတုံးမရိတ်ရ၊ ဒကာကြီးလို့မခေါ်ရ စသဖြင့် ထောင်မှူးက အမိန့်တွေထုတ်ပြီး ချုပ်ချယ်လာပါတယ်။ စာရေးသူလည်း စဉ်းစားရပါတော့တယ်။ ကုလားကျ မုတ်ဆိတ်ထားခွင့်ပြုတယ်၊ ဘုန်းကြီးကျ ကတုံးရိတ်ခွင့်မပေးဘူး၊ ကုလားဥပုသ်ဆိုရင် နေ့စဉ်နေ့တိုင်း ကုလားတွေက ...