Daily Archives: November 10, 2017

မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း” (နဝကမ္မ အလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ ရန်ကုန်မြို့၊ သာသနာ့တက္ကသိုလ် ဦးကေသရ(ထားဝယ်)မှ အလှူငွေ ၁၅၀၀၀၀(တစ်သိန်းငါးသောင်း)ကျပ် လှူဒါန်းစဉ်။ (9.11.2017) အလှူရှင်မိသားစုများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊ မဟာအောင်မြေမြို့နယ် မာလကာခြံရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်နှင့် အောင်သာယာရပ်ကွက်၊ ဇဇ (၃၄) ရပ်ကွက်၊ ...
သတင်း

ဒီမိုကရေစီလို့ပြောရင် ယုံမှာတောင်မဟုတ်ဘူး(၄)”

လွတ်လပ်စွာဟောပြောခွင့်၊ လွတ်လပ်စွာရေးသားခွင့် လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ခတာတွေဟာ လူ့အခွင့်အရေးတွေဖြစ်ပါတယ်။ ဒီလိုလူ့အခွင့်အရေးတွေရရှိဖို့ အာဏာရှင်ကို တော်လှန်ခဲ့ကြတဲ့သမိုင်းတစ်လျှောက်မှာ လက်ရှိ အာဏာရပါတီဖြစ်တဲ့ NLD ပါတီဟာ ထိပ်ဆုံးမှာပါဝင်တဲ့အတိုက်အခံပါတီကြီးဖြစ်ခဲ့ပါတယ်။ လူ့အခွင့်အရေးတို့ တရားဥပဒေစိုးမိုးရေးတို့ ပွင့်လင်းမြင်သာမှုတို့ စတာတွေဟာ NLD ပါတီရဲ့ လက်သုံးစကားတွေဖြစ်ပြီး ပြည်သူလူထုအတွက်တော့ သည်းခြေကြိုက်စကားများဖြစ်ပါတယ်။ ဒါကြောင့်လည်း NLD ပါတီကြီးကို ပုံအောပစ်လိုက်ကြတာပါ။ NLD ပါတီကြီးက ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးမှာ သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ပြီး ၂၀၁၆ ခုနှစ် ဧပြီလမှာ အစိုးရတစ်ရပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ NLD အစိုးရတက်ပြီးလို့ မကြာခင်မှာပဲ မဘသဟာ တရားဝင်အဖွဲ့အစည်းမဟုတ်ဘူးလို့ ...
သတင်း

သီဟိုဠ်ဝီရသူ မြန်မာပြည်ရောက်ပြီ

8.11.2017 ရက်နေ့ မနက်ပိုင်းမှာ ရန်ကုန်လေဆိပ်ရောက်ပါတယ်။ ညနေပိုင်းမှာ မန္တလေးမြို့ကိုရောက်ပါတယ်။ စာရေးသူတို့ သွားရောက် တွေ့ဆုံပါတယ်။ သီဟိုဠ်ဝီရသူကတော့ တအားတက်ကြွနေပါတယ်။ မြန်မာ့တပ်မတော်ကိုထောက်ခံသူထဲမှာ သီဟိုဠ်ဝီရသူလည်းပါပါတယ်။ အစွန်းရောက် အကြမ်းဖက်ဘင်္ဂလီတွေကို အပြတ်အသတ် နှိမ်နှင်လိုက်တဲ့သတင်းတွေကြားလို့ ပျော်နေတဲ့အကြောင်း၊ ဝမ်းသာတဲ့အကြောင်း ထပ်တလဲလဲမိန့်ပါတယ်။ ရခိုင်မှဘင်္ဂလီတွေဟာ သီရိလင်္ကာကိုလည်း ခြေကုတ်ယူထားပါပြီ၊ သီရိလင်္ကာအစိုးရက သူတို့ကို ဒုက္ခသည်အဖြစ် စခန်းဖွင့် လက်ခံထားတဲ့အတွက် သီဟိုဠ်သံဃာများနှင့် ဗုဒ္ဓဘာသာဝင်များက ကန့်ကွက်ခဲ့ပါသေးတယ်။ အဲဒီလိုပါပဲ ဘင်္ဂလီအရေးမှာ မြန်မာအစိုးရနှင့်အတူ ရပ်တည်နေကြောင်း သီဟိုဠ်သံဃာများနှင့် ပြည်သူများက ဆန္ဒထုတ်ဖော်ပွဲလုပ်ခဲ့ဖူးပါတယ်။ အခု မြန်မာပြည်ကိုလာတာကတော့ မြန်မာပြည်မှ အမျိုးသားရေးသမားတွေကို လာရောက်အားပေးဖို့ပဲ ဖြစ်ပါတယ်။ သီဟိုဠ်ဝီရသူဆိုတာ သီရိလင်္ကာနိုင်ငံ ဗောဓုဗလစေနအဖွဲ့ ...