Daily Archives: November 12, 2017

သတင်း

ရခိုင်မြေမှာ တွေ့ကြုံဆုံခဲ့ရသမျှ မောင်တောနယ်မှ အသက်ငင်သံများ(၂)

  (၅) ကမ္ဘာကြီးနဲ့ လူ့အခွင့်အရေးဝါဒီတွေ၊ ကုလသမဂ္ဂနဲ့ အင်အားကြီးနိုင်ငံ တွေ ပြောကြတာကတော့ လူနည်းစုက မွတ်ဆလင်(ဘင်္ဂါလီ)၊ လူများစုက ရခိုင်(ဗုဒ္ဓဘာသာ)တွေဖြစ်ပြီး ရခိုင်ပြည်မြောက်ပိုင်းမှာ ရိုဟင်ဂျာ(လူမျိုး လိမ်)တွေကို မြန်မာ့တပ်မတော်က လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ လုပ်နေကြ တယ်ဆိုတဲ့ စွပ်စွဲ၊ တိုက်ခိုက်၊ အနိုင်ကျင့်၊ ဖိအားပေးမှုတွေပါ။ တကယ်တမ်း တကယ့်လက်တွေ့ မြေပြင်အနေအထားမှာကျ ဘူးသီး တောင်၊ မောင်တောနယ်မှာ လူနည်းစု အကြမ်းဖက်ခံတွေဆိုတာ ဒေသခံ ရခိုင်တွေဖြစ်နေပြီး လူများစု အကြမ်းဖက်သမားတွေကတော့ ဘင်္ဂါလီတွေ ဖြစ်နေတယ်ဆိုတာ တွေ့ရပါတယ်။ အငူမော်ကနေ ရသေ့တောင်ဘက်ကို ...
သတင်း

သောင်းပြောင်းထွေလာ တွေးစရာ( ၁)

မုန်းလပြည့်မှာ ကြုံခဲ့ရ။ တိုင်းပြည်ကိုလည်း ပစ်မထားပါနဲ့ဘုရားတဲ့။ ဒကာတစ်ဦးကလျှောက်တာပါ။ ကျုပ်တောင်ဗုဒ္ဓသာသနာကို မနည်းကာကွယ်နေရတယ်လို့ ပြန်ပြောလိုက်မိပါရဲ့။ ဒီနေ့မနက် ဂျပန်မဂ္ဂဇင်းအယ်ဒီတာ အိုဂါဝါက လျှောက်ထားပြန်။ ဗုဒ္ဓဘာသာမှာ မြန်မာပြည်က အားအကောင်းဆုံးပါ။ ဆက်လက်ပြီး ကာကွယ်စောင့်ရှောက်ပေးပါဘုရားတဲ့။ ဒီနေ့မနက်ကြုံခဲ့ရ။ ဦးသိန်းစိန်လက်ထက်က ကလူဂါတစ်စီး ၁၆၀ ။ အခု ၄၀၀ ကျော်သွားပြီ။ ၂၅၀တောင် တက်သွားတယ်ဘုရား။ ဒီနေ့မှ မြင်တွေ့ရတဲ့ ဆွမ်းအလှူရှင်ဒကာတစ်ဦးရဲ့ လျှောက်ထားချက်။ ဒီနေ့ညနေ တံတားဦးလေဆိပ်ရောက်တော့ လူငယ်မောင်နှံက နေရာမှထကာ တရိုတသေ ငွေလှူဒါန်း။ လေဆိပ်မှာငွေလှူတာမျိုး ခုမှကြုံဖူးတာဗျ။ ကျုပ်မြင်ရင် ...
သတင်း

သီဟိုဠ်ဝီရသူအဖွဲ့ လာရောက်ဖူးမြော်

9.11.2017 ရက်နေ့ ညနေ ၆း၀၀ နာရီ မန္တလေး မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းမှာ လာရောက်ဖူးမြော်ပါတယ်။ သီဟိုဠ်ဝီရသူနှင့်အတူ ဆရာတော်နှစ်ပါး အမျိုးသားလေးဦးပါပါတယ်။ ဆရာတော်နှစ်ပါးထဲမှ တစ်ပါးက ဘသာပြန်ပေးပြီး ဦးပညာသာမိဖြစ်ပါတယ်။ ရောက်တုန်းရောက်ခိုက် ရခိုင်အရေးနှင့်ပတ်သက်ပြီး အင်တာဗျူးကြပါတယ်။ ဆင်ဟာလီလိုလွှင့်ဖို့ရယ်၊ အင်္ဂလိပ်လိုလွှင့်ဖို့ရယ် နှစ်မျိုးပါ။ မေးခွန်းကလည်း လေးခုတည်းပါ။ ရခိုင်ဖြစ်ရပ်မှန် ကမ္ဘာ့မီဒီယာများဘာကြောင့် မမှန်သတင်းလွှင့်နေရလဲ အစ္စလာမ်မိုက်ဇေးရှင်းခြိမ်းခြောက်ခံရမှု နိုင်ငံတကာရှိ ဗုဒ္ဓဘာသာများကို ပြောလိုတဲ့စကား ဒီလေးချက်ပါပဲ။ နံပါတ်တစ်အချက်ကို အစအဆုံး ပြောပြပါတယ်။ ဓာတ်ပုံမှတ်တမ်းတွေရော ပြပါတယ်။ နံပါတ်သုံးအချက် ၁၉၃၈ ကုလားဗမာအဓိကရုဏ်း၊ ၁၉၄၂ မေလ ၁၃ ရက် ပထမဂျီဟဒ် သို့မဟုတ် ဂျီနိုဆိုက်အစစ်အမှန်တွေကို သမိုင်းအချက်အလက်နှင့်အတူ အကျယ်ပြောပြခဲ့ပါတယ်။ ...
သတင်း

ရခိုင်မြေမှာ တွေ့ကြုံဆုံခဲ့ရသမျှ မောင်တောနယ်မှ အသက်ငင်သံများ(၁)” မိုးအောင်လင်းနိုင်

(၁) ဇာတိထင်ရှား ရခိုင်သားတဲ့။ ရခိုင်ပြည်နဲ့ပတ်သက်ပြီး အောက်မေ့ဂုဏ်ယူဖွယ်ရာအကြောင်းတွေ ပြောကြတဲ့အခါ အာရှနေဝန်း လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမအကြောင်းပဲ ပြောကြမလား။ နှစ်ပေါင်း ၃၅ဝ ကျော် ရှည်ကြာခဲ့တယ်ဆိုတဲ့ ရခိုင်ပြည်၊ ရှေးရခိုင်မင်း ဆက် မြောက်ဦးခေတ်ကာလအကြောင်း ပြောကြမလား။ ကျွန်တော်တို့မှာ ရခိုင်တွေနဲ့ ရခိုင်မြေအကြောင်း တိုင်တည် ပြောပြစရာတွေ မကုန်နိုင်ပါဘူး။ ရခိုင်ပြည်၊ မြောက်ဦးမြို့မှာ ရာဇဝင်ထဲက မြောက်ဦးမင်းဆက် အငွေ့ အသက်တွေကို တွေ့နိုင်သလို သျှစ်သောင်းပုထိုးတော်ကြီးနဲ့ ကိုးသောင်း ပုထိုးတော်ကြီးတို့ကိုလည်း ဖူးမြော် လေ့လာနိုင်တယ်။ ရခိုင်ပြည်၊ ကျောက်တော်မြို့မှာ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း” (နဝကမ္မ အလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ ရန်ကုန်မြို့၊ ဦးမိုးကျော်အောင်+ဒေါ်ခေမာစိုး(သား)မောင်ကျော်ဇောလွင်(ကျော်-မင်္ဂလာခန်းဝင်ပစ္စည်းမျိုးစုံ ရောင်းဝယ်ရေး)မိသားစုမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းပါသည်။(9.11.2017) အလှူရှင်မိသားစုများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊ မဟာအောင်မြေမြို့နယ် မာလကာခြံရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်နှင့် အောင်သာယာရပ်ကွက်၊ ဇဇ (၃၄) ရပ်ကွက်၊ ...