“စိန်ပန်းရပ်ကွက် နေ့ဆွမ်းအလှူ
10.11.2017 ရက်နေ့ မနက် 11:00 နာရီ မန္တလေး မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်(ဦးတင်အေး)+ဒေါ်လှညွန့်နေအိမ် ဆွမ်းကပ်ပွဲပါ။ ပုဂံတိုက် တိုက်အုပ်ဆရာတော်ကြီး ကြွရောက်ချီးမြှောက်ပါတယ်။ မစိုးရိမ်တိုက် ဓမ္မဝိနယရံသီကျောင်းနာယကဆရာတော် ဘဒ္ဒန္တပညိန္ဒာဘိဝံသ၏ ဆွမ်းဒကာ ဆွမ်းဒကာမများ၏ အလှူဖြစ်ပါတယ်။ စာရေးသူကတော့ အခုမှ တွေ့ဖူးရောက်ဖူးကြွဖူးတာပါ။ အင်မတန်ဖော်ရွေပြီး သဒ္ဓါအားကောင်းတဲ့ မိသားစုတွေပါ။ ပုဂံတိုက် တိုက်အုပ်ဆရာတော်ကြီးကိုယ်တိုင် တရားချီးမြှင့်ပါတယ်။
ဆရာတော်ဦးဝီရသူ၏တရားပွဲကိုတားမြစ်သည့်အပေါ် ဥပဒေကြောင်းအရသုံးသပ်ခြင်း
တင်ပြသူ။……ရှေ့နေ ဦးအေးပိုင် ၁။ တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ ၊ရွှေစေတီ ဆရာတော်ကြီး၏ သက်တော်(၉၀)ပြည့်မွေးနေ့ကို (၁၁.၁၁.၂၀၁၇)နေ့ညတွင် ဘုန်းကြီးကျောင်းအတွင်း၌ကျင်းပသည့်အခါ လာရောက်ကြသည့်ဒကာ/ဒကာမများ ကို ဆရာတော်ဦးဝိရသူက ဗုဒ္ဓအဆုံးအမ တရားများမိန့်ကြားရန်အစီအစဉ်ကိုဒေသခံ ဒကာ/ဒကာမများက မွေးနေ့ရှင် ရွှေစေတီဆရာတော်ကြီး၏ ဩဝါဒဖြင့် စီစဉ်ခဲ့ကြောင်းသိရပါသည်။ ၂။ထိုအစီအစဉ်ကို သက်ဆိုင်ရာမြို့နယ်ထွေအုပ် မှတရားဟောခွင့်မရှိ၍ ဆရာတော် ဦးဝီရသူကို တရားမဟောရန် တားမြစ်ခဲ့ကြောင်း သိရပါသည်။တရားပွဲတားမြစ်ပိတ်ပင်သည့် မြို့နယ်ထွေအုပ်၏ လုပ်ဆောင်ချက်သည် ဥပဒေနှင့်ညီညွတ်ခြင်း. ရှိ/မရှိ မေးမြန်းမှုများရှိလာပါသည်။ ထိုကြောင့် ထိုဖြစ်စဉ်အပေါ်ဥပဒေကြောင်းအရ သုံးသပ်တင်ပြလိုပါသည်။ ၃။ ဆရာတော်ဦးဝီရသူ ကို”မဟန”ကတရားပွဲပိတ်သည်ဆိုသူမှာ ဗုဒ္ဓဘာသာဝင်ပြုလုပ်စီစဉ်လေ့ရှိသည့် ...
Sorry ပါ Democracy
မင်းတို့ရဲ့ ဒီမိုကရေစီရူးသွပ်မှုနဲ့ ငါတို့ရဲ့ ဘာသာ သာသနာ ထုံးတမ်းစဉ်လာ ရိုးရာယဉ်ကျေးမှုတွေ အဖျက်ဆီးခံရတော့မှာလား။ မင်းတို့ရဲ့ လူ့အခွင့်အရေးရူးသွပ်မှုနဲ့ ငါတို့ရဲ့ ဇာတိသွေးဇာတိမာန် အမျိုးသားလုံခြုံရေး အမျိုးသားအကျိုးစီးပွား ပျက်သုဉ်းပေးရမှာလား။ မင်းတို့ရဲ့ ဘာသာပေါင်းစုံညီညွတ်ရေးရူးသွပ်မှုတွေနဲ့ ငါတို့ရဲ့ ထေရဝါဒ သာသနာတော်မြတ်ကို ယုံကြည်ကိုးကွယ် လေးစားမြတ်နိုးမှုတွေ သိက္ခာချ အစော်ကားခံရတော့မှာလား။ မင်းတို့ရဲ့ ဘင်္ဂလီအခွင့်ရေးပေးလိုမှုနဲ့ ငါတို့ရဲ့ တိုင်းရင်းသားအခွင့်အရေးတွေ ဥပေက္ခာပြုခံရတော့မှာလား။ မင်းတို့ ပါတီနိုင်ငံရေးသမားတွေ နိုင်ငံတကာမှာ မျက်နှာပန်းလှစေဖို့ ငါတို့ရဲ့ မြန်မာ့တပ်မတော်ကြီးကို အမုန်းပွားပေးရမှာလား။ “မုန်းခိုင်းတိုင်း မမုန်းနိုင်ဘူး” ဒါယဇ္ဇဓမ္မ 13.11.2017
ညွှန်ကြားလွှာအမှတ် (၇၅)ဖြင့် အရေးယူခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတွက် ဖြည့်စွက် လျှောက်ထားချက်ပါ ဘုရား
အထက်ပါ စာအုပ်၌ သာသနာတော်သန့်ရှင်းတည်တံ့စေလိုသော စေတနာကောင်းဖြင့် မေတ္တာ ကရုဏာ ရှေ့ရှု၍ ရေးဆွဲထားသော စည်းမျဉ်းဥပဒေများကို တွေ့ရှိရပါသည်။ အပြည့်အဝ ထောက်ခံအပ်ပါသည်။ ဖြည့်စွက်လျှောက်ထားလိုသည်မှာ – အကျဉ်းစံ သံဃာတော်များ၏ ဘဝဒုက္ခများကို ကယ်တင်ရေး ဖြစ်ပါသည်။ အကျဉ်းသား သံဃာများတွင် အပေါင်းအသင်းမှားခြင်း စသော အကြောင်းတစ်ခုခုကြောင့် အမှားတစ်ခု ကျူးလွန်ခဲ့သော်လည်း – အကျဉ်းဆင်းရဲနှင့် မထိုက်တန်သော၊ အကျဉ်းသားဘဝနှင့် မအပ်စပ်သော ပရိယတ္တိဝန်ဆောင် ရှင်ရဟန်းများကို တွေ့ရှိခဲ့ရပါသည်။ ၎င်းတို့တွင် ဓမ္မာစရိယကျမ်းစွဲ၊ ဓမ္မာစရိယဘွဲ့ရ ပုဂ္ဂိုလ်များပင် ပါဝင်ကြပါသည်။ လူဝတ်ဘဝဖြင့် နေရခြင်း၊ လူတွေလို ဆက်ဆံခံရခြင်း၊ ...
ငါ အသက် ၉၀ ပြည့်ပါပြီ။ တရားပွဲပိတ်ပင်တာ တစ်ခါမှ မတွေ့ကြုံခဲ့ဖူးဘူး။ မင်းတို့လက်ထက်ကျမှကွာ
ငါ အသက် ၉၀ ပြည့်ပါပြီ။ တရားပွဲပိတ်ပင်တာ တစ်ခါမှ မတွေ့ကြုံခဲ့ဖူးဘူး။ မင်းတို့လက်ထက်ကျမှကွာ။ ၁၁.၁၁.၂၀၁၇ ရက်နေ့ ည ၇း၃၀မှာ တနင်္သာရီတိုင်း ရေဖြူမြို့ ကံပေါက်ရွာ ရွှေစေတီဆရာတော်ကြီးက ရေဖြူထွေအုပ်သို့ ဝမ်းနည်းပက်လက် မိန့်ကြားချက်။
ဂျပန်မဂ္ဂဇင်းအယ်ဒီတာအမေးကို ဖြေကြားချက်များ
10.11.2017 ရက်နေ့ မနက် ၈း၀၀ နာရီ ဓမ္မသဟာယကျောင်းမှာ တွေ့ဆုံဖြေကြားပါတယ်။ ================================================= မေး- ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်က ရောက်လာတယ်၊ နိုင်ငံရေးသမားတွေကိုလည်း သွားပြီးတော့ အင်တာဗျူးတယ်၊ အင်းစိန်ကိုလဲ ရောက်တယ်၊ မဘသကိုလဲ သူ သွားတွေ့တယ်ပေါ့နော် အနောက်တိုင်းသတင်းစာတွေမှာရေးထားတဲ့ဟာနဲ့ သူကြားထားတာနဲ့ တကယ့်လက်တွေ့မှာ လုံးဝတစ်ခြားစီပေါ့နော် ။ သူ့စိတ်ထဲမှာ မသိရတဲ့ဟာတွေ အများကြီးပေါ့။ ဟိန္ဒူတွေအသတ်ခံရတဲ့ကိစ္စ တစ်ခါမှ မကြားဘူးပေါ့နော်၊ အနောက်တိုင်းသတင်းမှာလည်း တစ်ခါမှ မရေးဘူးပေါ့နော် အဲဒါတွေကိုသိရတော့ အရမ်းစိတ်လှုပ်ရှားတယ်ပေါ့နော်။ ဖြေ- ဦးဇင်းတို့က ဟိန္ဒူမိသားစုတွေနဲ့လည်း တွေ့ခဲ့ပြီးပါပြီ။ ...
နောင်တော်ကြီးရေ သွားနှင့်ပါ။ ညီမောင် နောက်က လိုက်ခဲ့မယ်
နောင်တော်ကြီးရေ သွားနှင့်ပါ။ ညီမောင် နောက်က လိုက်ခဲ့မယ်။ ဝီရသူ( မစိုးရိမ်) 12.11.2017 pm 4:09 —-=====—— မကွေးကျောင်းဆရာတော်ဦးပါမောက္ခ ကို ဖမ်းဝရမ်းနဲ့ ဖမ်းဆီး ********************************* ရန်ကုန် ၊ နိုဝင်ဘာ ၁၂ မကွေးကျောင်းဆရာတော် ဦးပါမောက္ခကို ဖမ်းဝရမ်းပြပြီး ရဲတပ်ဖွဲ့က ဒီနေ့လည်မှာဖမ်းဆီးလိုက်တယ်လို့ ကနဦးသတင်းအဖြစ်သိရပါတယ်။ ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ထဲမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး လောလောဆယ်မှာတော့ သိက္ခာချဖို့ ဗဟန်းမြို့နယ်ထဲက တိုင်းဒေသကြီး သံဃာ့မဟာနာယကထံကိုခေါ်ဆောင်သွားပြီလို့သိရပါတယ်။ ဖမ်းဝရမ်းပြပြီးဖမ်းဆီးလိုက်တာကို ရဲကအတည်ပြုပေမယ့် ဘာကြောင့် ဖမ်းဆီးတယ် ...