သက်တော်ရှည် ရွှေစေတီဆရာတော်ကြီး မွေးနေ့ပွဲ
12.11.2017 ရက်နေ့ မနက် ၆း၀၀ နာရီမှာ ကျင်းပပါတယ်။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ ရွှေစေတီရိပ်သာမှာ ကျင်းပတာပါ။ ဆရာတော်ကြီးရဲ့ စာသင်ဖက်များ၊ ဓမ္မမိတ်ဆွေများ၊ ဆရာတူတပည့်များဖြစ်သည့် သက်တော်ရှည် ဆရာတော်ကြီးများနှင့် သံဃာတော်များ ကြွရောက်ချီးမြှောက်ပါတယ်။ ဆရာတော်သံဃာတော်များအား အရုဏ်ဆွမ်းကပ်အပြီးမှာ ရပ်တော်မူ ရုပ်ပွားတော်ကြီးအား အနေကဇာတင်ပါဠိတော်များရွတ်ဆိုပြီး ပူဇော်ကြပါတယ်။ ဆရာတော်ကြီးက သက်တော်(၉၀)ဆိုပေမဲ့ အနေကဇာကို ထိုင်လျက် အစအဆုံး တင်နိုင်သလို၊ အနေကဇာတင်အပြီးမှာလည်း အမွှန်းဂါထာများ ထိုင်လျက်ပင် ရွတ်ဆိုနိုင်ပါတယ်။ ကျန်းမာရေး အင်မတန်ကောင်းတာကို တွေ့ရပါတယ်။ အဲဒီနောက် ကျောင်းဝန်းထဲမှာ ဆွမ်းခြောက်လောင်းလှူပါတယ်။ လောင်းလှူကြတဲ့ ကုသိုလ်ရှင် ရွာသူရွာသားများက ...
သဟာယကျောင်း အရုဏ်ဆွမ်းအလှူ
တန်ဆောင်မုန်းလပြည့်ကျော်(၁၃)ရက် 16.11.2017 မနက် ၆း၀၀ နာရီ မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်း စာသင်သံဃာတော်များအား အရုဏ်ဆွမ်းအဖြစ် ခေါပုပ်နှင့်ငါးခြောက် ကပ်လှူပါတယ်။ စာသင်သံဃာတော်များအား ခေါပုပ်နှင့်ငါးခြောက် ကပ်လှူသော အလှူရှင်ကတော့ ဦးမြင့်+ဒေါ်တင်လှ မိသားစုတို့ဖြစ်ပါတယ်။ ဦးမြင့်+ဒေါ်တင်လှ မိသားစုတို့ဟာ စာရေးသူအား နေ့စဉ် အရုဏ်ဆွမ်းအဖြစ် နွားနို့ဆန်ပြုတ် ကပ်လှူသောမိသားစုဖြစ်ပြီး မစိုးရိမ်တိုက်သစ် နာယကဆရာတော်များ နေ့ဆွမ်းကိုလည်း တစ်လတစ်ကြိမ် ဆက်ကပ်လှူဒါန်းပါတယ်။ ဒကာကြီးဦးမြင့်ကတော့ စာရေးသူတည်ထောင်ထားတဲ့ လောကအလင်းကျူရှင်ကျောင်းမှာ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်ရင်း မြန်မာစာ စာစီစာကုံး သင်ပြပေးနေပါတယ်။ ဦးမြင့်+ဒေါ်တင်လှ မိသားစုနှင့်အတူ အလှူရှင်အသီးသီး ကျန်းမာချမ်းသာဘေးရန်ကွာ၍ ...
ပြည်သူတွေက ငုံ့ခံနေမယ်ဆိုရင်တော့ ဒီ့ထက်မက ချုပ်ချယ်လာမှာ(၂-နိဂုံး)
(ဆရာတော်ဦးဝီရသူနှင့် တွေ့ဆုံမေးမြန်းခြင်း) ======================================================== မေး- နောက်တစ်ခုကတော့ အရှင်ဘုရားရဲ့ Facebook မှာ ဟိုတုန်းက တရားပွဲလေးတွေ ပြန်တင်နေတာ တွေ့ပါတယ်ဘုရား။ အရှင်ဘုရားဟောခဲ့တဲ့ “လောကငြိမ်းချမ်း နိဗ္ဗာန် လမ်း၊ နမော တဿ တန်ဖိုး၊ ဆွေမျိုးဆိုတာ များလေကောင်းလေ၊ ထေရဝါဒခံတပ်ကြီး၊ မြေခွေးလူသား ရှောင်ကြဉ်ထား” စသည်ဖြင့် တရားတွေဟောခဲ့တယ်။ အဲဒီအထဲမှာ ဘယ်တရားကို အကြိုက်ဆုံး၊ ဒါမှမဟုတ် အားအရဆုံးဖြစ်မလဲဘုရား။ ဖြေ – ၂ဝ၁၂ ဒီမှာဘက်ပိုင်းတော့ -အမျိုးသားရေး ပေါ့ပေါ့မတွေးနဲ့-ဆိုတာကို အားရတာပေါ့နော်။ နောက် စစ်မနိုင်မြို့တော်ဆိုတာကို ...
အိုးကမပူ စလောင်းကပူ တကယ်ပူတာလည်း ဟုတ်ဘဲနဲ့
ဘကကျောင်းတွေက အမေ့အိမ်ဆိုတာတွေထက် အများကြီး သာလွန်တယ်။ စေတနာပိုင်းမှာရော သင်ကြားစီမံရေးအပိုင်းမှာပါ အစစအရာရာ သာလွန်တာ။ ဘကကျောင်းတွေကို ရမယ်ရှာနေတာကြာပြီ။ ကျောင်းသားတွေ လှုပ်ရှားတုန်းက တစ်ခါ။ ဧရာဝတီတိုင်း ဆယ်တန်းအောင်ချက်နည်းတုန်းက တစ်ခါ။ ပြည်သူ့နီတိဆိုပြီး ကုလားကျမ်းစာ မူစတာဖာတုန်းက တစ်ခါ။ အခု တစ်ခါ။ အင်း ဒီလွှတ်တော်နဲ့ ဒီအစိုးရကတော့ အတိုင်အဖောက်ညီညီနဲ့ စိတ်တိုင်းကျ ဖျက်ဆီးနေကြပြီ။ ပညာရေးမို့လို့ ကူညီထောက်ပံ့မလားမှတ်တယ်။ ခေါင်းစဉ်လှလှလေးပြပြီး အာဏာသိမ်းတော့မည့် သဘောပဲ။ ဘုန်းကြီးတွေထမ်းထားရတာ ခင်္ဗျားတို့အပူမဟုတ်ပါဘူးဗျာ။ ဘုန်းကြီးတွေအပေါ်စေတနာထားမည့်သူတွေ မဟုတ်မှန်းလည်း အားလုံးက သိနေကြပါတယ်ဗျာ။ ရည်ရွယ်ချက်ရှိရှိနဲ့ ...
မင်းပြားမြို့နယ်တွင် ၀ါးဖောင်ဖြင့်ရပ်နားနေသူ နှစ်ဦးအား မျက်နှာဖုံးစွပ်ဘင်္ဂါလီများက ဓားဖြင့်ခုတ်ပြီး ပစ္စည်းများလုယက်မှုဖြစ်ပွား
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း ၀ါးဖောင်ဖြင့် ရပ်နားနေသူနှစ်ဦးအား မျက်နှာဖုံးစွပ်ဘင်္ဂါလီများက ဓားဖြင့်ခုတ်ကာ ပစ္စည်းများလုယူမှု နိုဝင်ဘာ ၁၀ ရက်ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မင်းပြားမြို့နယ် ပန်းဇင်းမော်ကျေးရွာအနီးရှိ မင်းမချောင်းတွင် ၀ါးဖောင်ဖြင့် ညအိပ်ရပ်နားနေသည့် ၀ါးဖောင်သမားနှစ်ဦးဖြစ်သော ပြောင်းပြာကျေးရွာမှ ဦးစိန်နှင်းကြိုင်နှင့် ဦးစောဝင်းတို့နှစ်ဦးအား ည ၁၂ နာရီခန့်တွင် မျက်နှာဖုံးစွပ်ထားသူ ဘင်္ဂါလီသုံးဦးခန့်က ၀ါးဖောင်ပေါ်သို့တက်လာပြီး ဓားဖြင့်ခုတ်ကာ ဖမ်းဆီးချုပ်နှောင်ပြီးပစ္စည်းများ လုယူသွားခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ မျက်နှာဖုံးစွပ်ထားသူများအ နက်ချောင်းကမ်းပါးထက်တွင် စောင့်ဆိုင်းနေသူများလည်းရှိကာ ဗမာစကားပြောဆိုသော်လည်း ဗမာစကားကို ကောင်းစွာပြောဆိုနိုင်သူမဟုတ်၍ ဘင်္ဂါလီများပြောဆိုသည့် ...
ရွှေစေတီဆရာတော်ကြီး မွေးနေ့အကြိုအခမ်းအနား
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ရွာ ရွှေစေတီဆရာတော်ဘုရားကြီး သက်တော်(၉၀)ပြည့် မွေးနေ့ပွဲအကြို အခမ်းအနားကို ရွှေစေတီကျောင်းဝန်းအတွင်း ရပ်တော်မူ ရုပ်ပွားတော်ကြီးရှေ့တော်မှောက်မှာ ကျင်းပဖို့စီစဉ်ထားပါတယ်။ ရေဖြူထွေအုပ် ပြန်သွားပြီး မကြာခင်မှာပဲ အသံချဲ့စက်မသုံးဖို့ လာတားမြစ်ပါတယ်။ ရွာထဲအသံမရောက်အောင် အသံချဲ့စက်တွေမသုံးဘဲ စောင်းဘောက်နှစ်လုံးသားသုံးဖို့ လာပြောတာပါ။ အသံချဲ့စက်ဆရာက စာရေးသူတို့ကိုလာလျှောက်ပြီး ကြောက်လန့်နေပါတယ်။ စာရေးသူတို့ပြန်သွားရင် သူ့ကိုဖမ်းနိုင်ကြောင်းလည်း လျှောက်ထားပါတယ်။ ဒါကြောင့် ငှားထားတဲ့ စက်တွေအကုန်ဖြုတ်ပြီး ပြန်ပေးလိုက်ပါတယ်။ ကျောင်းပိုင်စက်နှင့်ပဲ အခမ်းအနားစပါတယ်။ ဆရာတော်ကြီးက သီလပေး တရားဟောပါတယ်။ စာရေးသူက စစ်မနိုင်မြို့ တရားဟောပါတယ်။ ရွာသူရွာသားတွေကတော့ အကြောက်တရားတွေ လွှမ်းမိုးနေလို့ သိပ်မလာကြပါဘူး။ ငှက်နာတွေ ငှက်ဆိုးတွေကြောင့် မလာရဲတာလည်း ...
မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)
ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ အမေရိကန်နိုင်ငံနေ ဦးခိုင်လင်းမှ အလှူငွေ ၇၅၀၀၀(ခုနစ်သောင်းငါးထောင်)ကျပ် လှူဒါန်းပါသည်။ (15.11.2017) အလှူရှင်မိသားစုများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊ မဟာအောင်မြေမြို့နယ် မာလကာခြံရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်နှင့် အောင်သာယာရပ်ကွက်၊ ဇဇ (၃၄) ရပ်ကွက်၊ ...
မဟာပရိတ်တော်နှင့် မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲနှင့် မဟာသံဃဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ဖိတ်ကြားလွှာ
မြန်မာနိုင်ငံတော်ကြီး အန္တရာယ်ကင်း၍ ငြိမ်းချမ်းသာယာစေရန် မိုးထိမိုးမိရွှေတောင်ကြီး ဗုဒ္ဓသာသနာထွန်းကား ပြန့်ပွားရေးအဖွဲ့ကြီးမှ မတည်လှူဒါန်းမှုဖြင့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကြီးနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဓမ္မဝံသာနုရက္ခိတအဖွဲ့(ဗဟို)တို့မှ ပူးပေါင်းကျင်းပအပ်သော ပထမအကြိမ် မဟာပရိတ်တော်နှင့် မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲနှင့် မဟာသံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားကြီးကို တစ်ဖက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ ကြွရောက်အားပေးနိုင်ပါရန် လေးစားစွာလျှောက်ထား/ဖိတ်ကြားအပ်ပါသည်။ မဟာမင်္ဂလာအခမ်းအနားကြီး ဖြစ်မြောက်ရေးကော်မတီ မင်္ဂလာအခမ်းအနားအစီအစဉ် နေ့ရက်(အစ-အဆုံး)-၁၃၇၉ ခုနှစ်၊ နတ်တော်လဆန်း(၉)ရက်နေ့မှ နတ်တော်လပြည့်နေ့အထိ (27.11.2017မှ 3.12.2017 အထိ) အခမ်းအနားအဖွင့်-နံနက်(၉း၀၀)နာရီ ၁၃၇၉ ခုနှစ်၊ နတ်တော်လဆန်း(၉)ရက်နေ့။ 27.11.2017(တနင်္လာနေ့)။ အောင်ပွဲ-နေ့လယ်(၂း၀၀)နာရီ၊ ၁၃၇၉ ...
ပြည်သူတွေက ငုံ့ခံနေမယ်ဆိုရင်တော့ ဒီ့ထက်မက ချုပ်ချယ်လာမှာ(၁)
(ဆရာတော်ဦးဝီရသူနှင့် တွေ့ဆုံမေးမြန်းခြင်း) မေး – ရန်ကုန်က မြို့နယ် ၁၁ ခုမှာ ငြိမ်းချမ်းစွာစုဝေးခွင့် ဆန္ဒထုတ်ဖော်ခွင့်မပေးတာနဲ့ပတ်သက်ပြီးဘယ်လို မြင်လဲပါသလဲဘုရား။ ဖြေ – တဖြည်းဖြည်းနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလုပ်သလိုမျိုး ဆက်လုပ်သွားဖို့ ခြေလှမ်းတွေ လှမ်းလာတဲ့သဘောပါပဲ။ ဒါတွေကို ပြည်သူတွေက ငုံ့ခံနေမယ်ဆိုရင်တော့ ဒီ့ထက်မက ချုပ်ခြယ်လာမှာပေါ့ကွာ။ မေး -ချုပ်ခြယ်မှုဆိုလို့ တစ်နေ့က သတင်းတစ်ပုဒ်အကြောင်း ပြည့်ပြည့်စုံစုံလေးပြန်ပြောချင်ပါတယ်ဘုရား။ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ“လူငယ်လူရွယ်များ အကျင့်စာရိတ္တ ပျက်ပြားခြင်း၊ ရပ်ရွာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေခြင်းတို့ကြောင့် IT နည်းပညာ အလွဲသုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့် ...
မန်း မဘသ ရခိုင်ခရီးစဉ်(၁၅)”
16.10.2017 ရက်နေ့ မနက်ပိုင်းမှာတော့ ကျီးကန်းပြင် ဇေယျသုခတပ်ဦးကျောင်း၊ စစ်ဗျူဟာ၊ နယ်ခြားစောင့်ဌာနချုပ်တို့ဆီ ရောက်ပါတယ်။ ဇေယျသုခတပ်ဦးကျောင်းမှာ ဗျူဟာမှူးတို့ တပ်စွဲထားတာပါ။ တပ်ဦးကျောင်းဆရာတော်ကို နဝကမ္မ တစ်သိန်းကျပ်၊ လ္ဘက်ခြောက်တစ်ထုပ်၊ ထိုးမုန့်နှစ်ဗူး လှူဒါန်းခဲ့ပါတယ်။ ကျဆုံးသွားတဲ့ ရဲဘော်သုံးဦးအတွက် သုံးသိန်းကျပ်ကို ဗျူဟာမှူးထံအပ်နှံပြီး ထိုးမုန့်ဆယ်ဗူး လက်ဆောင်ပေးခဲ့ပါတယ်။ ကျီးကန်းပြင် ဌာနချုပ်သို့ ရောက်ရှိပါတယ်။ ကွပ်ကဲရေးမှူးအသစ်နှင့် တွေ့ပါတယ်။ ကွပ်ကဲရေးမှူးကြီးက ပြီးခဲ့တဲ့ ၂၀၁၆ စက်တင်ဘာလတုန်းက ပုဂံညောင်ဦး ဗုဒ္ဓဝေယျာဝစ္စလုပ်အားပေး ကုသိုလ်ပြုပွဲမှာ တွေ့ခဲ့ရတဲ့ ဒကာကြီးဦးမြင့်တိုးပါ။ ကျဆုံးသွားတဲ့ ရဲဘော်၁၁ဦး၊ လဝက ၁ဦး၊ ပြင်းထန်ဒဏ်ရာရသူ ၄ဦးတို့အား တစ်သိန်းကျပ်စီ ...