မြတ်ရှင်မော် ဘုရားဖူးကုသိုလ်
12.11.2017 ရက်နေ့ ညနေပိုင်းမှာ ထားဝယ်မြို့ မြို့မယဉ်ငေးရိပ်သာမှ မြတ်ရှင်မော်ဘုရားသို့ ထွက်ခွါခဲ့ပါတယ်။ မြတ်ရှင်မော်ဘုရားမရောက်ခင် ထားဝယ်မဘသ ညီတော်မောင် အရှင်သာဂရကျောင်းမှာ ခဏနားပါတယ်။ ရောက်တုန်းရောက်ခိုက် စကားတစ်ခွန်း နှစ်ခွန်းလောက် ပြောပါဆိုလို့ ရွာသူ ရွာသားအချို့ကို သိလိုတာမေးကြဖို့ သံသယရှိတာမေးကြဖို့ ဖိတ်ခေါ်လိုက်ပေမယ့် မမေးဝံ့ကြပါဘူး။ ဒါနဲ့ စာရေးသူလည်း မလိုသူတွေရဲ့ မဟုတ်မဟတ် လုပ်ကြံဇာတ်ခင်းတာတွေကို အနည်းအကျဉ်းပြောပြလိုက်ပါတယ်။ ကျုပ်ကို အောင်သောင်းက တစ်ပြားမှ မလှူခဲ့ဘူး၊ ခင်ညွန့်လည်း တစ်ပြားမှမလှူခဲ့ဘူး၊ ဘယ်ခရိုနီမှလည်း တစ်ပြားမှ မလှူခဲ့ဘူး။ ဒါပေမဲ့ အွန်လိုင်းပေါ်မှာတော့ ကျုပ်က သူဌေးဖြစ်နေတယ်။ နာမည်ကြီးတော့ ...
မုဒိတာရပ်ဝန်း” (နဝကမ္မ အလှူတော်)
ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မန္တလေးမြို့ ကိုသန်းဇော်မြင့်+မဝင်းမာ (သမီး)မမေမြတ်နိုး မိသားစုမှ အလှူငွေ ၂၀၀၀၀၀(နှစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (21.11.2017) အလှူရှင်မိသားစုများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊ မဟာအောင်မြေမြို့နယ် မာလကာခြံရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်နှင့် အောင်သာယာရပ်ကွက်၊ ဇဇ ...
ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြစန္ဒီကွင်း၌ ကျင်းပအပ်သော မြန်မာ့တပ်မတော်ထောက်ခံပွဲသို့ ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)ပေးပို့အပ် သော ...
ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြန်မာ့တပ်မတော်ထောက်ခံပွဲသို့ ကြွရောက်တော်မူလာကြကုန်သော ရဟန်းရှင်လူပြည်သူအပေါင်းတို့…. ယနေ့အချိန်အခါသည် သုနက္ခတ္တံ သုမင်္ဂလံဆိုသည့်အတိုင်း ကောင်းသောနက္ခတ် ကောင်းသော မင်္ဂလာနှင့် ပြည့်စုံသော မင်္ဂလာနေ့ထူးနေ့မြတ်ကြီး ဖြစ်ပါသည်။ ကရင်တိုင်းရင်းသူတိုင်းရင်းသားများ ရိုးရာယဉ်ကျေးမှုဝတ်စုံများဖြင့် အင်တိုက်အားတိုက် တက်ရောက်အားပေးနေကြမည်ကို တွေးကြည့်ရုံမျှပင် ကျက်သရေမင်္ဂလာ ရှိလှပေသည်။ ကရင်ပြည်နယ်သည် အစဉ်အလာကောင်းများဖြစ်ထွန်းပေါ်ပေါက်ရာ ထူးခြားသည့်ပြည်နယ်ကြီး တစ်ခု ဖြစ်ခဲ့ပါသည်။ သာမညဆရာတော်ဘုရားကြီး၊ ဇွဲကပင်ဆရာတော်ဘုရားကြီး၊ မြိုင်ကြီးငူ ဆရာတော်ကြီးတို့သည် ကရင်ပြည်နယ်၏ အဖိုးအနဂ္ဃထိုက်တန်သည့် နှလုံးသည်းအူများဖြစ်ကြပါသည်။ ထို့အတူပင် အမျိုးဘာသာ သာသနာအတွက် ခိုင်ခံ့သော ခံတပ်ကြီးများသဖွယ် အကာအကွယ် ပေးတော်မူသော ...
ထားဝယ်မြို့ ဝင်းသိင်္ဂီမိသားစု အလှူတော
13.11.2017 ရက်နေ့ မနက် 11:00 နာရီ ထားဝယ်မြို့ သစ်စေးပင်ကျောင်းတိုက်သို့ ရောက်ရှိပါတယ်။ ဝင်းသိင်္ဂီစတိုးမိသားစုရဲ့ အလှူတော်ပါ။ ထားဝယ်မဘသ နောင်တော်ညီတော်များနှင့် ဆွမ်းအတူစားပြီး အလှူရှင်မိသားစုနှင့် မှတ်တမ်းတင်ကြပါတယ်။ ဝေယျာဝစ္စအဖွဲ့ ကလေးငယ်များအား သြဝါဒပေးကြပါတယ်။ သာသနာရယ် ပညာရယ် ယဉ်ကျေးမှုရယ် ဘဝတစ်ခုအတွက် အရေးအကြီးဆုံး အချက်သုံးခုပါ။ သာသနာကို ဦးထိပ်ထားလို့ ပညာရေးကို ဦးစားပေးဖို့ ယဉ်ကျေးမှုကို မြတ်နိုးဖို့ တိုက်တွန်းပြောကြားခဲ့တာပါ။ သစ်စေးပင်ကျောင်းဆရာတော်လေးနှင့်လည်း ခင်မင်ရင်းနှီးခဲ့ပါတယ်။
လောကအလင်း အောင်စာရင်း
အောက်တိုဘာလမှာကျင်းပခဲ့တဲ့ လောကအလင်း ပထမအကြိမ်နှစ်ဝက်စာမေးပွဲ အောင်မြင်သူများနှင့် ဂုဏ်ထူးရသူများ စာရင်းဖြစ်ပါတယ်။ အောင်သူတွေကြည့်လိုက်ရင် နှစ်ကျက များပါတယ်။ ကိုးတန်းအောင် ဆယ်တန်းတက် အသစ်နှစ်ယောက်ပဲ ပါပါတယ်။ ဂုဏ်ထူးရသူတွေကို ကြည့်လိုက်ရင်လည်း တစ်ဘာသာဂုဏ်ထူးရှင်တွေပဲ ဖြစ်နေပါတယ်။ ဆယ်တန်းအောင်စာရင်းမထွက်ခင်ကတည်းက ကိုးတန်းအောင်သမားတွေကို စတင်သင်ကြားပေးခဲ့ပေမယ့် အခြေခံအားနည်းတာကြောင့် Fresher သမားတွေ အအောင်နည်းတာပါ။ လောကအလင်းကတော့ Repeater သမားတွေကို အောင်မြင်အောင် မွေးထုတ်ပေးတဲ့ ကျောင်းတော်ကြီးတစ်ခုလို ဖြစ်နေတာပါ။ ဆင်းရဲသူဆင်းရဲသား ကလေးတွေဖြစ်လို့ မိဘရော သားသမီးတွေပါ ရည်မှန်းချက် ယုံကြည်ချက် ခံယူချက် မနည်းပြုပြင်နေရတာကြောင့် သူများတကာတွေလို အများကြီးမြှင့်တွက်ထားလို့တော့ မရပါဘူး။ ဒါပေမဲ့ အရိုင်းပန်းလေးတွေ တော်ဝင်အောင်တော့ ...
လူသားဝါဒီဒိုင်းမွန်းရွှေကြည်မှ နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ရဟန်းရှင်လူ၊ မိဘပြည်သူသို့ ပန်ကြားအပ်ပါသည်
(မိတ်ဆွေကြီး ဒိုင်းမွန်းရွှေကြည်ကလည်း တပ်မတော်ကိုထောက်ခံတဲ့သူပါပဲ။ တပ်မတော်ထောက်ခံပွဲတွေကို တပ်မတော်ထောက်ခံတဲ့ မူဆလင်တွေလည်း ကျင်းပသင့်တယ်လို့ ခံယူထားသူပါ။ ဒီကနေ့ သူပေးပို့လာတာက မူဆလင်အမျိုးအစားနှင့် ငြိမ်းချမ်းရေးတည်ဆောက်လို့ရနိုင်သည့် မူဆလင်မျိုးကို ခွဲခြားနားလည်ဖို့ ပေးပို့လိုက်တာဖြစ်ပါတယ်။ မူဆလင်တွေမှာ ရှေ့သွားရှိပြီးသားပါ။ အင်္ဂလိပ်ခေတ်တုန်းကဆိုရင် ဆရာကြီးဦးရာဇတ်၊ အခုခေတ်မှာဆိုရင် ဒိုင်းမွန်းရွှေကြည်။ သူတို့တတွေဟာ အမိမြန်မာပြည်ကိုချစ်မြတ်နိုးကြောင်း ပြသနေသူတွေဖြစ်ပါတယ်။ မြန်မာပြည်ရှိမူဆလင်တိုင်း ဒိုင်းမွန်းရွှေကြည်လို ပုဂ္ဂိုလ်မျိုးတွေချည်း ဖြစ်မယ်ဆိုရင်တော့ ဝီရသူနှင့် ပုခုံးဖက်ပြီး ဓာတ်ပုံရိုက်နိုင်ပါတယ်။ ဝီရသူကလည်း မိတ်ဆွေရင်း ညီအစ်ကိုရင်းလို သတ်မှတ်ပြီး ယုံယုံကြည်ကြည်နှင့် ပူးပေါင်းဆောင်ရွက်သွားမှာပါ။) ဝီရသူ(မစိုးရိမ်) 20.11.2017 PM ...