အမှန်မြင်မှ အမြင်မှန်မည်
လှည်းကူးမြို့နယ် ထောက်ကြန့် ဘုရားသုံးဆူကွက်သစ် ရမ္မာဝတီဆရာတော်ကြီး ဘဒ္ဒန္တဣန္ဒကကို လူဆိုးသူခိုး ဖမ်းမိသလိုမျိုး ရိုက်နှက် နှိပ်စက်ကြတဲ့အပြင် အရက်သမားကြီးလုံးလုံးဖြစ်အောင် စွပ်စွဲခဲ့ကြသည့် ဝေဟင် မြေပြင် ပုဂ္ဂိုလ်အားလုံးတို့နှင့်ပတ်သက်ပြီး သတိသံဝေဂရစေချင်၍ ဤဆောင်းပါးကိုရေးပါသည်။ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါတုန်းက ရဟန်းတစ်ပါးရှိခဲ့ဖူးသည်။ ထိုရဟန်းသည် ရဟန်းခံသည့်နေ့မှစ၍ အမျိုးသမီးတစ်ယောက်၏ အရိပ်ပမာ မကွာထပ်ကြပ် နောက်မှကပ်ပါလာမှုနှင့် ကြုံရ၏။ သို့သော် ထိုရဟန်းကား လုံးဝမသိပေ။ သံဃာ့ပရိသတ်နှင့် မြို့သူမြို့သားအားလုံးကား ထိုရဟန်းကို အော့နှလုံးနာနေကြပေသည်။ ထိုရဟန်းသည် သံဃာတန်းကြီးထဲမှာ ဆွမ်းခံရသည့်အခါ ထိုရဟန်းအား ဆွမ်းလောင်းလှူသော သူများသည် “ဒါက ...
ဒီလိုရေးကြစမ်းပါဗျာ
“ရဟန်းတစ်ပါးကို ထိုးကြိတ်ခဲ့မှု လွှတ်တော်ကော်မတီ စတင်စစ်ဆေး” ရန်ကုန်၊ ဒီဇင်ဘာ ၄ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ စားသောက်ဆိုင်တစ်ဆိုင်တွင် ရဟန်းတစ်ပါးကို ထိုးကြိတ်ခံရမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ အသနားခံစာများ စိစစ်ရေးကော်မတီက ယနေ့ ဒီဇင်ဘာ ၄ ရက်မွန်းလွဲပိုင်းတွင် ကွင်းဆင်း စစ်ဆေးခဲ့သည်။ “ဒီနေ့လွှတ်တော်ပြီးတာနဲ့ အရေးပေါ်အစည်းအဝေးပြုလုပ်ပြီး ကွင်းဆင်းစစ်ဆေးလိုက်တာပါ၊ နယ်မြေရဲတပ်ဖွဲ့တို့၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့တို့က ဥပဒေနဲ့အညီ ဆောင်ရွက်ထားတာ ရှိမရှိ သိရအောင် စစ်ဆေးခဲ့တာ၊ စစ်ဆေးတွေ့ရှိချက်တွေကတော့ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးထားပြီးပြီ၊ ဆောင်ရွက်ထားတာက ဥပဒေနဲ့အညီ ဆောင်ရွက်ထားတယ်ဆိုတာ တွေ့ရှိခဲ့ရတယ်”ဟု ...
ဒို့ဆရာတော်ကြီး ဘုန်းကံ တက်လာပါပြီ
ဒို့ဆရာတော်ကြီး ဘုန်းကံ တက်လာပါပြီ။ ဒါပေမဲ့ ငုံးဥသည်ကို မမီသေးပါ။ ငုံးဥသည်က နာလည်းမနာဘူး။ ပွလည်းပွတယ်။ မေတ္တာခေါင်းပါးသူတွေထံမှ ရှားရှားပါးပါးမေတ္တာတွေလည်းရ။ ကပ်စေးနှဲသူတွေထံမှ ရှားရှားပါးပါး ငွေကြေးတွေလည်းရ။ ဒို့ဆရာတော်ကြီးက နာတာလည်း သေလုနီးပါး။ ကပ်စေးနှဲသူတွေကလည်း မလှူ ခေါင်းပါးသူတွေကလည်း မပေး။ သြော် အနီအကြောင်တွေ အနီအကြောင်တွေ———-။
ဘန်ကောက်ဘုရားဖူးမိသားစု လာရောက်ဖူးမြော်
ဒီနေ့ 5.12.2017 ရက်နေ့ မနက် ၈း၃၀ နာရီမှာ ထိုင်းမိသားစု ရောက်ရှိလာပါတယ်။ ဘာသာပြန်ပေးတဲ့သူနှင့် မစိုးရိမ်တိုက်သစ်မှ ဦးဇင်းတစ်ပါး ချိတ်ဆက်ပြီး ဖူးမြော်ခွင့်တောင်းတာပါ။ နိုင်ငံရေး အမျိုးသားရေး စတာတွေ လုံးဝမပါပါဘူး။ ဘာသာ သာသနာအကြောင်းလဲ မပါပါဘူး။ ဝိပဿနာအကြောင်းသက်သက်ပဲ မေးလျှောက်သွားပါတယ်။ ထိုင်းနိုင်ငံဘန်ကောက်မြို့မှ ဆရာတော်တစ်ပါး ပြောပြထားလို့ စာရေးသူအကြောင်း သိထားပြီးပြီလို့ ဆိုပါတယ်။ စာရေးသူအကြောင်းပြောပြတဲ့ဆရာတော်က ထိုင်းလူမျိုးဆရာတော်တစ်ပါးပါပဲ။ သူတို့ရဲ့ ဆရာဘုန်းကြီးလို့ ဆိုပါတယ်။ အဝေးကြီးကနေ တကူးတကလာပြီး ဖူးမြော်ရအောင် ပြောပြပေးတဲ့ ထိုင်းဆရာတော်ကို ကျေးဇူးတင်ကြောင်း အရင်ဦးဆုံးပြောပြလိုက်ပါတယ်။ ကျန်တာတွေကတော့ ဝိပဿနာနှင့်ပတ်သက်တာတွေပဲ မေးကြဖြေကြ နည်းညွှန်ပြကြတာတွေပဲဖြစ်ပါတယ်။ မိသားစုသုံးဦးမှ နှစ်ဦးက သုံးသောင်းလေးထောင်ကျပ်စီ၊ ...
ရမ္မာဝတီဆရာတော်ကြီး အလှူတော်(၃)
ထောက်ကြံ့မြို့နယ် ဘုရားသုံးဆူကွက်သစ် ရမ္မာဝတီဆရာတော်ကြီး ဘဒ္ဒဣန္ဒကအတွက် နဝကမ္မအလှူငွေ ၁၈၉၀၀၀၀(ဆယ့်ရှစ်သိန်းကိုးသောင်း)ကျပ် ရရှိပါပြီ။ ၁။ 1.12.2017 ရက်နေ့ ရေနံချောင်းမြို့ ဦးကျော်စိုးဟန်မှ အလှူငွေ ၅၀၀၀၀၀(ငါးသိန်း)ကျပ်၊ ၂။ 2.12.2017 ရက်နေ့ မန္တလေးမြို့ ဦးစိုးမိုးနိုင်(မေမေချိုရည်ကုမ္ပဏီ)မှ အလှူငွေ ၁၀၀၀၀၀၀(ဆယ်သိန်း)ကျပ်၊ ၃။ 4.12.2017 ရက်နေ့ ဖားကန့်မြို့နယ် U Saung Nya မိသားစုမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ ၄။ ရန်ကုန်မြို့ ဒေါ်ပေါငွေမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ ၅။ ဖားကန့်မြို့နယ် U Saung ...
ဂျော့ဆိုးရို့စ်ဆိုတာ ပြဿနာကောင်ပါ(၂-နိဂုံး)
နည်းတဲ့အကောင်ကြီးမဟုတ်ဘူး ကမ္ဘာ့ပြဿနာကောင်ကြီး။ နိုင်ငံတစ်ခုတည်းကိုသာ ကိုင်လှုပ်နိုင်တာမဟုတ်ဘူး အာစီယံကိုပါ ကိုင်လှုပ်နိုင်ခဲ့တဲ့သူ။ ၈၈ အရေးအခင်းလည်း သူ့ပယောဂပါတယ်။ ၉၇ အာဆီယံအကြပ်အတည်းလည်း သူ့လက်ချက်ပဲ။ နောက်ဆုံး သြဂုတ်လ အကြမ်းဖက်မှုကြီးတောင် သူ့လက်ရာမကင်းဘူးလို့ ဝေဖန်ထားတဲ့ဆောင်းပါးပါ။ ဂျော့ဆိုးရို့စ်က ပြည်တွင်းက နိုင်ငံရေးအဖွဲ့အစည်းတစ်ခုကို ဒေါ်လာ ၆၇သန်း စပွန်ဆာပေးထားတဲ့အကြောင်း ၂၀၁၂ ခုနှစ်တုန်းက ဖတ်လိုက်ရသလို၊ ဖုန်းစကားပြောနေတာတွေကို တွေ့မြင်ရတဲ့သူတွေက ပြန်လည်ပြောပြလို့ သိခဲ့ရတာလည်း ရှိပါတယ်။ ပြည်သူ့အတွက်ဆိုသူတွေ ဒေါ်လာရတော့ ပြည်သူ့အတွက် ဘာတွေလုပ်ပေးသေးလဲဟင်! ပြည်သူ့အတွက် ထောင်ကျခံနိုင်ခဲ့ပေမယ့် ဒေါ်လာရတော့ ဘာမှလုပ်မပေးနိုင်တော့ဘူးပေါ့ဗျာ။ ဒီထဲမှာ NLD အစိုးရတက်လာတော့ သူ့ရည်ရွယ်ချက် အောင်မြင်ပြီလို့ ...
အောင်မိုးနှင့် မြင့်ကျော် ဘယ်လိုပတ်သက်ပါလိမ့်
ဘုန်းကြီးတစ်ပါးကို ရိုက်နှက်နေတာကို ကာလာချိန်းထားတဲ့ဘုန်းကြီးတစ်ပါးက မတားဆီးဘဲ ဝင်တောင်ရိုက်လိုက်သေးဆိုတော့ ဆွမ်းကြီးဝင်လောင်းလိုက်တာပဲလား ရှုပ်ကုန်ပြီဗျာ။ ဇာတ်လမ်းတွေကတော့ သပွတ်အူလိုဖြစ်ကုန်ပြီ။ ဝီရသူ( မစိုးရိမ်) 5.12.2017 pm 6:20 https://m.facebook.com/story.php…
မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၈၀)
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ကြိမ်နီတောင်ရွာ ကျောင်းသူကျောင်းသားများမှ အလှူငွေ ၄၅၀၀၀(လေးသောင်းငါးထောင်)ကျပ် လှူဒါန်းပါသည်။ (4.12.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၂၂,၀၅၀,၅၀၀ိ ကျပ်။ စုစုပေါင်း ...