Daily Archives: December 9, 2017

သတင်း

အစ္စလာမ်မိုက်ဇေးရှင်းဒုက္ခသည် ဂေါ်ရခါးမကြီးမိသားစု ဘေးကင်းရန်ကွာ ချမ်းသာရာသို့ ရောက်ရှိပါပြီ

(3.12.2017)ရက်နေ့က တင်ခဲ့တဲ့ အစ္စလာမ်မိုက်ဇေးရှင်းဒုက္ခသည်(၁) သတင်းပါ ဂေါ်ရခါးမကြီးမိသားစု ဘေးကင်းလုံခြုံရာ ရောက်ရှိသွားပါပြီ။ ဉာဏ်ကောင်းပြီး လိမ္မာယဉ်ကျေးထက်မြတ်တဲ့ သမီးကလေးနှစ်ယောက်နှင့်အတူ ရတနာသုံးပါး၏ အရိပ်အာဝါသသို့ ရောက်ရှိသွားတာပါ။ သမီးလေးနှစ်ယောက်၏ ပညာရေးကိုလည်းတာဝန်ယူတယ်၊ မိခင်ဂေါ်ရခါးမကြီးအတွက်လည်း အလုပ်အကိုင်ရှာဖွေပေးတယ်၊ မိသားစုသုံးဦးလုံး ဘကပညာရေးကျောင်းတိုက်ထဲမှာပဲ အေးချမ်းလုံခြုံစွာ ခိုလုံခွင့်ရရှိသွားတာဖြစ်ပါတယ်။ 8.12.2017 ရက်နေ့မှာ စာရေးသူထံရောက်ရှိပြီး ဒီကနေ့ 9.12.2017 ရက်နေ့မှာပဲ ဘေးကင်းလုံခြုံရာသို့ ပို့ဆောင်ပေးလိုက်တာပါ။ မြေနိမ့်ရာလှံစိုက်ဆိုသလို ဂေါ်ရခါးမကြီးမိသားစုကို မကူညီတဲ့အပြင် သတင်းမှာတွေပေးပို့ပြီး အထင်အမြင်လွဲအောင်လုပ်နေသူများ ရှိကြပါတယ်။ အဲဒီအပြင် ဂေါ်ရခါးမကြီးကို ပိုက်ဆံပေး အဝတ်လျှော်ခိုင်းတဲ့ အနီမတွေရဲ့ ...
သတင်း

မန်း မဟော်သဓာမှာ ခဏတာ

ဒီကနေ့ နတ်တော်လပြည့်ကျော် ၅ရက် 8.12.2017 ရက်နေ့ မနက်ပိုင်းမှာ မန်း မဟော်သဓာဆီသို့ ရောက်ခဲ့ပါတယ်။ အတွင်းရေးမှူးချုပ်ဆရာတော်ကြီး ဘဒ္ဒန္တကုသလနှင့်အတူ တမာတန်း သစ်စိမ့်တိုက်မှ နောင်တော်ကြီး ဦးဝါသဝတို့လည်း လိုက်ပါကြည့်ရှု အားပေးကြပါတယ်။ မြင်းခြံမဘသ မြန်မာထရမ့်ဟိုတယ်မှ ကိုကျော်ကြီးနှင့်အဖွဲ့လည်း ရောက်လာကြပါတယ်။ ဝိုင်းတော်သားတွေနှင့်အတူ မဟော်သဓာမြေကွက်မှာ စာသင်ဆောင်၊ အိပ်ဆောင်၊ နားနေဆောင်၊ ရေတွင်း၊ ရေစဉ်၊ အားကစားကွင်း၊ အလံတိုင် စသည်တို့ စနစ်တကျရှိစေဖို့ အင်ဂျီနီယာဆရာမလေးတွေနှင့် သွားရောက် တိုင်းတာရင်း ဆောက်လုပ်ဆဲ မုခ်ဦးအခြေအနေကို လေ့လာခဲ့ပါတယ်။ မုခ်ဦးကြီးကတော့ ဟဲဗီးကြီးပေါ့ဗျာ။ အိတ်စိုက်လူမိုက်ကြီး ဝီရမိုးကိုဦးနှင့် ...
သတင်း

ဒီမိုကရေစီနိုင်ငံဆိုတာ သာလယံဇရပ်ပေါ်က ဖာခန်းမဟုတ်

ဒီဝန်ချုပ်က ခုချိန်ထိ ဘုံရန်သူဆိုတာ ဘယ်သူမှန်း မသိသေးဘူး။ သူတို့ကိုးကွယ်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ အမျိုးသားရေးသမားမှန်း သိပုံမပေါ်ဘူး။ nationalism နဲ့ nationalistလောက်ပဲ သိပုံရတယ်။ national interestကို သိပုံမရဘူး။ ဝမရှိဘဲနဲ့ ဝိမလုပ်နဲ့။ အမျိုးသားရေးအခြေမခံဘဲ ဒီမိုကရေစီရေး မလုပ်နဲ့ အမျိုးသားရေးမပါတဲ့ဒီမိုကရေစီအရေးဟာ ဇရပ်ပေါ်က ဖာခန်းလိုပဲဗျ။ ဝီရသူ( မစိုးရိမ်) 8.12.2017. pm 8:48 @ @ @ @ “အမျိုးသားရေးဝါဒသည် ဒီမိုကရေစီအတွက် စိန်ခေါ်မှုဟု မန္တလေးဝန်ကြီးချုပ်ပြော” ============================================ မန္တလေး၊ ဒီဇင်ဘာ ...
သတင်း

ကလောမုဒိမ်းမှု တရားလိုပြသက်သေ စည်းရုံးခံရ

လွန်ခဲ့တဲ့ 22.1.2017ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကလောမြို့ ကျေးလက်ရတနာပညာရိပ်သာပိုင်ရှင် ဦးတော်မီအောင်က ၄င်းအဆောင်နေ ကျောင်းသူမလေးကို တစ်ဖက်လှည့်ဖြင့် အိမ်ခေါ်ကျင့်တဲ့အမှုပါ။ ဦးတော်မီအောင်က ပါတီပိုင်းရော အာဏာပိုင်အပိုင်းမှာပါ သြဇာကြီးမားသူဖြစ်တဲ့အပြင် ငွေကြေးတတ်နိုင်သူဖြစ်သောကြောင့် အမှုကို ပေါ့သည်ထက်ပေါ့အောင် လျော့သည်ထက်လျော့အောင် စည်းရုံးနိုင်စွမ်းရှိသူဖြစ်ပါတယ်။ တရားလိုပြသက်သေအဖြစ် ကြည်ကြည်ဖြူဖြူ လက်ခံထားပြီး မိန်းကလေးအချင်းချင်း စာနာတာရော ကျောင်းသူအချင်းချင်း ဖြစ်တာရော ကလေးပီပီ မဟုတ်မခံချင်စိတ် ကြီးမားတာရောကြောင့် အမှန်အတိုင်း ထွက်ဆိုပေးပါမယ်လို့ ကတိပြုထားတဲ့ ကျောင်းသူမလေးဟာ ပြီးခဲ့တဲ့ ၂၀.၁၁.၂၀၁၇ ရက်နေ့ ရုံးချိန်းမှာ ဦးတော်မီအောင်ဘက်ကနေ ထွက်ဆိုသွားပါတော့တယ်။ ဦးတော်မီအောင်၏ ...
သတင်း

လွပ်လပ်စွာ ချစ်ခွင့်ပေးပါဗျာ

ခြေတွေကိုတော့ မချုပ်သေးဘူး သွားခွင့်ပြုထားတယ်။ လက်နဲ့ပါးစပ်ကိုတော့ ချုပ်လိုက်ပြီပေါ့နော်။ မလှုနဲ့ မအော်နဲ့ ဒီလိုလား? တစ်သောင်းထက်မပိုရဆိုတော့ တပ်မတော်ကို တစ်သောင်းပဲထောက်ခံရမယ်။တစ်သောင်းထက်ပိုပြီး ထောက်ခံခွင့်မရှိဘူးပေါ့နော်။ တစ်သောင်းထက်ပိုရင် ဘာလုပ်မှာလဲဟင်? တစ်သောင်းထက်ပို/ မပို ဘယ်လို ရေတွက်မှာလဲဟင်? လူ့အခွင့်ရေးတွေ အမြဲပြောပြီး ဆန္ဒပြပွဲတွေနဲ့ အတိုက်အခံလုပ်တက်လာတဲ့ ဒီမိုကရေစီ အစိုးရကြီး ဖြေပေးပါနော် ဝီရသူ( မစိုးရိမ်) 8.12.2017 pm 6:32 ======= ******* ======= https://m.facebook.com/story.php…
သတင်း

လူပျံတော်များကို ကြိုဆိုကြ

စာရေးသူ လူ့ပြည်ပြန်ရောက်မှ နာမည်ကျော် ရဟန်းပျိုများ လူပျံတော်ဘဝသို့ ကူးပြောင်းသွားသည်မှာ နှစ်ပါးပင် ရှိလေပြီ။ နှစ်ပါးစလုံး ထင်ရှားကျော်ကြားသူများပင် ဖြစ်ပေသည်။ တစ်ပါးက နိုင်ငံရေးနယ်ပယ်မှာ ထင်ရှားသူဖြစ်ပြီး၊ ကျန်တစ်ပါးမှာ သာသနာလောက၌ ထင်ရှားသူ ဖြစ်လေသည်။ နိုင်ငံကျော် ကမ္ဘာကျော် ဆရာတော်လေးများ ဖြစ်ကြ၏။ တစ်ပါးကား ဦးဂမ္ဘီရဖြစ်ပြီး၊ တစ်ပါးမှာ ဦးဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)ဖြစ်ပေသည်။ ‘ဘောလုံးပွဲတရားနှင့် ဂမ္ဘီရပျားရည်’ ဦးဂမ္ဘီရနှင့် လူချင်းမတွေ့ဆုံဖူးသော်လည်း အိုးဘိုမှာနေရစဉ်တွင် အဆက်အသွယ်ရှိခဲ့ပေသည်။ မိမိက ရှေးဦးစွာရောက်နှင့်နေသော ကျောင်းသားဟောင်းကြီးဖြစ်သောကြောင့် သတင်းကြားသည်နှင့် လှမ်း၍ဆက်သွယ်ကာ မိတ်ဆက်စာပေး၍ အားပေးစကား ပြောခဲ့ဖူး၏။ ...