ဆရပ်ကွက် နဂါးနီစုဘူးအသင်း ငွေပေးပွဲ
အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဆ ရပ်ကွက်မှာရှိတဲ့ နဂါးနီစုဘူးအမှတ်(၁) စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။ (3.12.2017) မနက်(9:00)နာရီ ဆရပ်ကွက် ဂျပန်ကျောင်းတိုက်မှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယကဆရာတော်၊ ဂျပန်ကျောင်းဆရာတော်ဦးသုဇာတနှင့် ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မာ၊ အတွင်းရေးမှူး ဒေါ်ကြင်ကြင်မြိုင်၊ ဒေါ်တင်စိန်တို့ တက်ရောက်ကာ ဂျပန်ကျောင်းဆရာတော် ဦးသုဇာတက သြဝါဒချီးမြှင့်ပါတယ်။ တစ်သိန်းခွဲတန်းအသင်းဝင်(၄၅)ဦး တစ်ဦးလျှင် တစ်သိန်းခွဲကျပ်စီနှင့် ငါးသောင်းတန်း(၆၀)ဦးအတွက် တစ်ဦးလျှင် ငါးသောင်းကျပ်စီ ထုတ်ပေးခြင်းဖြစ်ပါတယ်။ ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် ဆ ရပ်ကွက်နဂါးနီစုဘူးအသင်းဟာ ပထမဦးဆုံး အမှတ်(၁)စုဘူးဖြစ်ပြီး (၁.၉.၂၀၁၃)ရက်နေ့မှာ တည်ထောင်ပေးခဲ့ပါတယ်။ ယခုအခါ ...
နိဗ္ဗာန်လမ်း
“နိဗ္ဗာန်လမ်း” ======== (၁) အသည်းကို ကမ္မဝါညှပ်ပါလို့ နှလုံးသားကို ဘုရားလှူ ခင် ငြူစူလည်း ငြူစူတော့။ (၂) အနုသယနွေကန္တာမှာ သမုဒယ ဆွေသဟာ မထားချင်ဘူး ယုယမှု အကြင်နာကိုလည်း သံသရာဘဝများစွာက ဖန်ခါခါ ခံစားဖူးသူမို့ ရသာထူးသို့ မခုန်မင် မစင်ဘင်ပုတ် ကာမဂုဏ်ကို နတ်သုဒ္ဒါထင်မှတ်မှားအောင် ဝိပလ္လာသူလှည့်စားတယ် မှားခဲ့နောင်တ။ (၃) ခုချိန်မှာလေ မြတ်စိန္တေရှင်တော်ဘုရားရဲ့ သတိပဋ္ဌာန်ဘာဝနာတရားရယ်ကြောင့် အသိဉာဏ်လမ်းမှန်ရောက်ပါလို့ သမုဒယကိုလည်းမလိုချင်တယ် အနုသယကိုလည်း မခုန်မင်တယ်……ကွယ်။ (၄) သွားတော့မယ်ကွယ့် သွားတော့မယ်တဲ့ သွားတော့မယ်ဟဲ့ နိဗ္ဗာန်…………….လမ်း……………။ ...
အမျိုးသားရေးနဲ့ပတ်သက်လာရင် ဒို့မှာ အားကိုးစရာဆိုလို့ တပ်မတော်ပဲရှိတော့တယ်
အမျိုးသားရေးနဲ့ပတ်သက်လာရင် ဒို့မှာ အားကိုးစရာဆိုလို့ တပ်မတော်ပဲရှိတော့တယ်။ အစိုးရ လည်း( NO) NLDလည်း( NO)ပဲ။ ဒီနေ့ ကရင် ဘားအံ မဲဘောင်ကျောင်းမှာပါ။ မဲဘောင်ဆိုတာ မမဲပေါင်ဆိုလိုတာပါ။ ကရင်က မမဲဘူးနော်။ ကရင်ကို မဲအောင်မလုပ်နဲ့နော်။ https://m.facebook.com/story.php…
ဝေဒနာနှင့်မပြော ဒေတာနှင့်သာပြောသည်
ဒါက 27.3.2013 ရက်နေ့ မိတ္ထီလာမှာ BJ နမ်ဘီးယားတို့ လာတုန်းက မြို့ထဲ လှည့်လည် ကြည့်ရှု့နေချိန်တွင် ရွှေညဝါဆရာတော်က ဦးအောင်မင်းကိုမြင်တာနှင့် ဒကာကြီးဦးအောင်မင်းလားဟုဆိုကာ အပြေးအလွှားလေးသွားပြီး လက်မောင်းလေးကိုင် လက်ဆွဲနှုတ်ဆက်ပြီး ဖော်ရှိုးလုပ်နေတဲ့ Movie လေးပါ။ မနေ့က ပို့စ်ထဲမှာ ဒီအကြောင်းလေးပါသွားတော့ မယုံကြည်ကြမှာစိုးလို့ အခုမှ ရှာဖွေတင်ပြ ပေးလိုက်တာပါ။ သူကအဲ့ဒီလို ဖက်လှဲတကင်း သွားရွှီးပေမယ့် ဟိုကတော့ မတုန်မလှုပ်ကြီးဆိုတာ တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ ကမ္ဘာကြီးက အစိုးရနှင့် တအားနင်းပေးစားနေတဲ့ အခြားသူတစ်ဦးကတော့ ကိုယ့်သိက္ခာနှင့်ကိုယ် အေးဆေးပဲဆိုတာတွေ့ရမှာပါ။ ဦးအောင်မင်းကိုယ်တိုင် လက်အုပ်လေးချီပြီး လာနှုတ်ဆက်တာလည်း ...
မန်း မဟော်သဓာသရက်ပင်ကြီးအောက်မှာ
မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာမှာ တည်ဆောက်မည့် မန္တလေး မဟော်သဓာအမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး မြေကွက်ထဲက သရက်ပင်ကြီးအောက်မှာ ရွာသူရွာသားများ အလုပ်သမားများ နားနေလို့ရအောင် ကွပ်ပျစ်လေးတစ်ခု တည်ဆောက်ထားပါတယ်။ 9.12.2017 ရက်နေ့နှင့် ဒီကနေ့ 10.12.2017 ရက်နေ့ တည်ဆောက်ချိန် နှစ်ရက်ကြာပါတယ်။ ကုသိုလ်ရှင်ကတော့ မန္တလေး ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင် တမာတန်း သစ်ဆိမ့်တိုက် ရတနာသိင်္ခကျောင်းဆရာတော် ဘဒ္ဒန္တဝါသဝဖြစ်ပါတယ်။ ရတနာသိင်္ခဆရာတော်ကိုယ်တိုင် ကြီးကြပ်ပြီး တပည့်ငယ်လေးများ ဘကကျောင်းဆရာမများနှင့် တည်ဆောက်လိုက်တာပါ။ သရက်ပင်ကြီးအောက်မှာပဲ ဆွမ်းစားရင်း သရက်ပင်ကြီးအောက်မှာပဲ အလုပ်လုပ်ရင်းနဲ့ ကွပ်ပျစ်ကလေး ...