ဖင်လန်သူနှင့် ဥဇဘတ်သား
မနေ့က (17.12.2017)ရက်နေ့ မနက်ပိုင်းမှာ အမျိုးသမီးတစ်ဦးရောက်လာပါတယ်။ ဖင်လန်နိုင်ငံကလို့ ဆိုပါတယ်။ ဒီမတိုင်ခင် ၁၆ ရက်နေ့မှာလည်း ၄င်း၏ ဂိုက်က လာရောက် ချိတ်ဆက်ပါတယ်။ စာရေးသူက မီဒီယာသမားတွေဆိုရင် လူဆိုး လူကောင်းခွဲရခက်လို့ လက်မခံရဲပါဘူး။ မနေ့ကတော့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာပါတယ်။ ကျောင်းရှေ့ စာဖတ်ခန်းနားမှာ ဦးဇင်းတွေနှင့် မေးကြ ဖြေကြပါတယ်။ မွန်းလွဲပိုင်းရောက်တော့ နိုင်ငံခြားသားတစ်ယောက် ပါလာပါတယ်။ ဥဇဘတ်ကစ္စတန်ကလို့ ဆိုပါတယ်။ ဘယ်ဂျာနယ် ဘယ်သတင်းဌာနလို့ မသိရပေမဲ့ ဓာတ်ပုံတွေကိုကြည့်ပြီး သီတဂူဆရာတော်ကြီးကို ဘယ်သူလည်းလို့ မေးနေပါတယ်။ ဒလိုင်းလားမားလောက်ပဲ သိတယ်လို့ဆိုပါတယ်။ ဖင်လန်သူရယ် ဥဇဘတ်သားရယ် ဘယ်လိုပတ်သက်လဲတော့ မသိပါဘူး။ ဖင်လန်သူက ဗီနိုင်းတွေ ပန်းချီကားတွေ ဓာတ်ပုံတွေကို စိတ်တိုင်းကျ ...
အာဒိကမ္မိက အဂ္ဂါဘိဓဇ မစိုးရိမ်တိုက်သစ် ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၏ ဘဝပုံရိပ်(၆)
“ဆရာကောင်းတပည့် ရှိကားရှိ၏” ၁၃၆၅ ခုနှစ်၊ ဦးတန်ခူးလပြည့်ကျော်(၁၄)ရက်(၃၀-၄-၂၀၀၃)ဗုဒ္ဓဟူးနေ့ နံနက်(၁၀)နာရီအချိန်တွင် မစိုးရိမ်တိုက်သစ် ဓမ္မကာယကျောင်း၌ ဆရာတော်ကြီး ပျံလွန်တော်မူပြီဟူသော သတင်းစကားကို ပထမပြန်စာမေးပွဲ (တိုင်း)စာစစ်တာဝန်ပြီးလုလုအချိန်တွင် ကြားသိရသည်။ ထိုအခိုက် “ဘဝစည်းစိမ် ခန္ဓာ အိမ်ကား တိမ်တစ်ခဲနက် ကြည့်ရင်းပျက်သို့……ကြည့်ရင်း….ပျက်….သို့ ရှေ့ဆက်မဆင်ခြင်နိုင်တော့ပေ” “တရားဟောမယ့်ဘုန်းကြီးက ကွမ်းယာလေးတောင်မဖြတ်နိုင်ရင် သဘာဝမကျဘူးနော်၊ ဆင်ခြင်မှပေါ့ ဘုရား”ဟူသည့် ဆွမ်းဒါယိကာမကြီးတစ်ဦး၏ သတိပေးစကားကို ပြန်လည်ကြားယောင်မိခဲ့သည်၊ “ဆင်ခြင်ပေမယ့် ပုထုဇဉ်သဘာဝဆိုတော့ မလွယ်လှဘူးလေ ဒကာမကြီးရဲ့”ဟူသည့် မိမိစကားက လက်ရှိ အချိန်ထိ ပဲ့တင်ထပ်ဆဲပင်။ ဘဝလမ်းညွှန် သြဝါဒအနှစ်ချုပ် မှတ်ချက်များသည်ကား ...
မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၈၇)
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် စစ်ကိုင်းတောင်ရိုး၊ သဒ္ဓမ္မပါလချောင် ဦးကောဝိဒမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (16.12.2017) (မန်း မဟော်သဓာ ပညာရေး အလှူငွေဖြတ်ပိုင်း စာအုပ်ဖြင့် အလှူခံရာ အလှူရှင် ၆၃ဦးတို့က တစ်ထောင်ကျပ်မှ စ၍ သုံးသောင်းကျပ်တိုင်အောင် အသီးအသီး လှူဒါန်းငွေများကို ရွှေဘိုမြို့ အမျိုးသားရေးအင်အားစုမှ ဦးမြင့်စိုးသန်းက လာရောက် ဆက်ကပ်ခြင်း ဖြစ်ရကား ယခု အလှူငွေ ၆၀၀၀၀၀(ခြောက်သိန်း)ကျပ်သည် ရွှေဘိုမျိုးချစ် ၆၃ဦး၏ စုပေါင်းအလှူဖြစ်ပါကြောင်း။) မန်း ...