မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)
ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ ဦးဟန်ဖြိုးအောင်+မရီဆွေအေး (သမီး) မီးမီးဟန် မိသားစုမှ အလှူငွေ ၁၅၀၀၀၀(တစ်သိန်းငါးသောင်း)ကျပ် လှူဒါန်းစဉ်။ (23.12.2017) အလှူရှင်ဦးဟန်ဖြိုးအောင်+မရီဆွေအေး (သမီး) မီးမီးဟန်မိသားစုနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊ မဟာအောင်မြေမြို့နယ် မာလကာခြံရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်နှင့် ...
စာဖတ်နည်း (SIMAC )(အပိုင်း-၁)”
S= Situation- ခေတ်၏အခြေအနေ I= Intention- စာရေးသူ၏ ရည်ရွယ်ချက် စာရေးသူ၏ စေတနာ M= Matter- အကြောင်းအရာ A= Approach- ချဉ်းကပ်နည်း(သို့မဟုတ်)ဇောင်းပေးခြင်း C= Consistency- အကြောင်းအကျိုး(သို့မဟုတ်) ရှေ့နှင့်နောက် ဆီလျော်ခြင်း(သို့မဟုတ်)ညီညွတ်ခြင်း။ ဒီငါးချက်ကို မှတ်သားထားတာ ကြာပါပြီ။ စာသင်သားတစ်ပိုင်း၊ စာချဆရာတော်တစ်ပိုင်း နာယကလောင်းဘဝကတည်းကပါ။ ပါဠိစာပေ လေ့လာနည်းမှာတော့ ဒီထက်ပိုကျယ်ပြန့်ပါတယ်။ သံဝဏ္ဏနာ နည်းလေးဆယ်၊ ဥပစာဆယ်ပါး စုံနေအောင်ပါပဲ။ နိုင်ငံရေးသမားတွေရယ် လော်ဘီတွေရယ် စာမဖတ်တတ်မှန်း အတော်သိသာတယ်။ စာဖတ်တတ်တဲ့သူဆိုရင် ပြောလိုက်တဲ့စကားတစ်ခွန်း ရေးလိုက်တဲ့ ...
အာဒိကမ္မိက အဂ္ဂါဘိဓဇ မစိုးရိမ်တိုက်သစ် ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၏ ဘဝပုံရိပ်(၁၁)”
ကျေးဇူးတော်ရှင် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ ဘဝနတ်ထံ ပျံလွန်တော်မူသည်မှာ လာမည့် တန်ခူးလကွယ်နေ့ဆိုရင် (၁၅)နှစ်ပြည့်တော့မည်ဖြစ်သည်။ ဆရာတော်ကြီး မရှိတော့သော်လည်း ဆရာတော်ကြီး အုတ်မြစ်ချခဲ့သော မစိုးရိမ်တိုက်သစ်ကြီးကား ဆရာတော်ကြီးလက်ထက်မှာကဲ့သို့ပင် အရှိန်အဟုန်ဖြင့် တိုးတက်ထွန်းကားလျက် ရှိပါ၏။ ဆရာတော်ကြီး အပင်ပန်းခံ စိုက်ပျိုးခဲ့သော သာသနာ့ဥယျာဉ်တော်ကြီး စည်ပင်ပြန့်ပြူး စိမ်းလန်းသာယာလျက်ရှိသည်ကို အများပြည်သူတို့ မျက်မြင်ကိုယ်တွေ့ ခံစားကြရသော်လည်း ဆရာတော်ကြီး၏ သာသနာပြုစိတ်ဓာတ်နှင့် ဘဝပုံရိပ်ကိုကား လူသိနည်းလှပေသည်။ လွန်တော်မူခြင်း (၁၅)နှစ်ပြည့် နှစ်ပတ်လည်ပူဇော်ပွဲ၌ကား လူသိနည်းသော ဆရာတော်ကြီး၏ သာသနာရေးဆောင်ရွက်ချက်များ၊ သာသနာပြုစိတ်ထားများ၊ ကြည်ညိုဖွယ်ဂုဏ်ပုဒ်များ၊ ကြီးမားဖွယ်ရာ ဂုဏ်ကျေးဇူးများကို ဘဝပုံရိပ်တစ်ခုအဖြစ် ...