Daily Archives: December 27, 2017

သတင်း

အာဒိကမ္မိက အဂ္ဂါဘိဓဇ မစိုးရိမ်တိုက်သစ် ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၏ ဘဝပုံရိပ်(၁၃)

ကျေးဇူးတော်ရှင် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ ဘဝနတ်ထံ ပျံလွန်တော်မူသည်မှာ လာမည့် တန်ခူးလကွယ်နေ့ဆိုရင် (၁၅)နှစ်ပြည့်တော့မည်ဖြစ်သည်။ ဆရာတော်ကြီး မရှိတော့သော်လည်း ဆရာတော်ကြီး အုတ်မြစ်ချခဲ့သော မစိုးရိမ်တိုက်သစ်ကြီးကား ဆရာတော်ကြီးလက်ထက်မှာကဲ့သို့ပင် အရှိန်အဟုန်ဖြင့် တိုးတက်ထွန်းကားလျက် ရှိပါ၏။ ဆရာတော်ကြီး အပင်ပန်းခံ စိုက်ပျိုးခဲ့သော သာသနာ့ဥယျာဉ်တော်ကြီး စည်ပင်ပြန့်ပြူး စိမ်းလန်းသာယာလျက်ရှိသည်ကို အများပြည်သူတို့ မျက်မြင်ကိုယ်တွေ့ ခံစားကြရသော်လည်း ဆရာတော်ကြီး၏ သာသနာပြုစိတ်ဓာတ်နှင့် ဘဝပုံရိပ်ကိုကား လူသိနည်းလှပေသည်။ လွန်တော်မူခြင်း (၁၅)နှစ်ပြည့် နှစ်ပတ်လည်ပူဇော်ပွဲ၌ကား လူသိနည်းသော ဆရာတော်ကြီး၏ သာသနာရေးဆောင်ရွက်ချက်များ၊ သာသနာပြုစိတ်ထားများ၊ ကြည်ညိုဖွယ်ဂုဏ်ပုဒ်များ၊ ကြီးမားဖွယ်ရာ ဂုဏ်ကျေးဇူးများကို ဘဝပုံရိပ်တစ်ခုအဖြစ် ...
သတင်း

မဘသမဟုတ်သော မဘသ

စာရေးသူ အိုးဘိုတောရမှာ သီတင်းသုံးနေစဉ်ကဖြစ်သည်။ သတင်းစာ ဂျာနယ် မဂ္ဂဇင်းများ၌ ရွှေဆံနွယ်ဆရာတော်အကြောင်း ဖတ်ရလေ့ရှိ၏။ ထိုအခါ စာရေးသူနှင့်အတူ စိန်ပန်းမဟာစည် ရိပ်သာမှာ တရားအားထုတ်ခဲ့ဖူးသော ဆရာတော်ဦးဝါယာမိန္ဒဖြစ်လိမ့်မည်ဟု မှတ်ယူထားမိ၏။ ၂၀၁၂ ခုနှစ် မြစ်ဆုံတောရမှ ပြန်ကြွလာသည့်အခါ ရွှေဆံနွယ်ဆရာတော်၏ ရတနာဖြိုးဝေကျောင်းတိုက်၌ နိုင်ငံကျော်ဓမ္မကထိကများ အခမ်းအနားရှိသည် စာရေးသူကိုလည်း ပင့်ဖိတ်သည်ဟုဆိုသောကြောင့် ရွှေဆံနွယ်ကျောင်းတိုက်သို့ ရောက်ရှိခဲ့ပေသည်။ နိုင်ငံကျော်ဓမ္မကထိကများ စုံလင်ပါသည်။ အထူးသဖြင့် ပရိယတ္တိသာသနာ့တက္ကသိုလ်ကျောင်းဆင်း ဓမ္မကထိကများ စုံလင်ပါသည်။ ထိုပွဲရောက်မှ ရွှေဆံနွယ် ဆရာတော်ကို မြင်ဖူးခြင်းဖြစ်ပါသည်။ စာရေးသူထံ စာဝါလိုက်ဖူးသည်ဟု ဆိုလာမှ ...
သတင်း

လောကအလင်း သားသားမီးမီးလေးများ စာမေးပွဲဖြေဆိုနေကြပြီ

23.12.2017 ရက်နေ့မှာ စတင်ဖြေဆိုတာပါ။ မနက်ပိုင်း Repeater တန်း နေ့လည်ပိုင်း Fresher တန်း ကျောင်းသူကျောင်းသားများ ဖြေဆိုကြပါတယ်။ 28ရက်နေ့ နောက်ဆုံးဖြေဆိုရမှာပါ။ Repeater တန်း ၆၀ Fresher တန်း ၄၂ဦး အားလုံးပေါင်း ၁၀၂ဦးဖြေဆိုကြပါတယ်။ အလှည့်ကျဆရာတော်များနှင့် ဆရာ ဆရာမများ အထူးစောင့်ကြပ်ကြပါတယ်။ စာမေးပွဲပြီးရင် အောင်တဲ့သူတွေကို ပုဂံညောင်ဦးဘုရားဖူး လိုက်ပို့ဖို့ စီစဉ်ထားပါတယ်။ လောကအလင်း ဆရာတော်များနှင့် ဆရာ ဆရာမများကတော့ ကလေးတွေပညာရေးအတွက် တက်ကြွလျက်ပါပဲ။
သတင်း

ဖေးဘုတ်ပရိသတ်ကြီးကို ရွှေမန်းမေ ဆွမ်းကပ်ပွဲဖြင့် ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်

ဒီနေ့ 25.12.2017 ရက်နေ့ မနက် ၆း၀၀ နာရီမှာ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက် ရွှေမန်းမေ အထည်ဆိုင်ပိုင်ရှင် ဦးဝင်းမြင့်ဌေး+ဒေါ်ခင်မမ၏ သားသမီးများဖြစ်သော ဆာမူရိုင်း အထည်ဆိုင်မိသားစုအိမ်မှာ အရုဏ်ဆွမ်းဆက်ကပ်ပါတယ်။ မန်း မဘသ ဆရာတော်သံဃာတော်များ စုံလင်ပါတယ်။ တိုက်အိမ်လေးကလဲ ချစ်စရာလေးပါ။ ဥရောပစတိုင်ပါပဲ။ နွေအခါအေးပြီး ဆောင်းအခါနွေးတယ်လို့ ပြောပါတယ်။ တကယ်လည်းနွေးပါတယ်။ နေ့ဆွမ်းမကပ်ခင် အနေကဇာတင်ပါဠိရွတ်ဆိုကာ ရုပ်ပွားတော်အား အာရုံယူလျက် မြတ်စွာဘုရားကို ပူဇော်ပါတယ်။ ၄င်းနောက် ပရိတ်ရွတ်ဖတ်ရင်း အန္တရာယ်ကင်းကမ္မဝါရွတ်ဖတ်ရင်း ဆုတောင်းမေတ္တာပို့သကြပါတယ်။ မန်း မဘသ အတွင်းရေးမှူးချုပ် ဆရာတော်ကြီး ဘဒ္ဒန္တကုသလက အနုမောဒနာပြုပါတယ်။ အခုလို ...
သတင်း

ဦးဝီရသူသို့ဦးညွတ်ခြင်း

ဦးဝီရသူသို့ဦးညွတ်ခြင်း ============== သူ့နိုင်ငံသူ့လူမျိုး သူ့ဘာသာကောင်းကျိုးအတွက် သူ အသက်ရှင်ခဲ့တယ်။ ထေရဝါဒတိုက်ပွဲတဲ့ အရင်ဆုံးနွှဲခဲ့တဲ့တိုက်စစ် အမိုက်ညစ်ကိုတောင်သုတ်သင် ခုတ်ထွင်ကာလမ်းရှင်းခဲ့။ နရသိန်ဌာနညစ်မှာ ဘဝတစ်ဆစ်ကွေ့ပေမယ့် သူ လမ်းကမရွေ့ခဲ့ဘူး။ နိုင်ငံတွင်းသာမက ကမ္ဘာသတင်းတွေကပါဝေဖန် လေထန်ပေမယ့်မယိုင်လဲ ခိုင်မြဲစွာဆက်လက်ရှင်သန် သူ အပင်မှန်ခဲ့လို့လေ။ ချီးမွမ်းခြင်းကဲ့ရဲ့ခြင်း လောကဓံနယ်အတွင်းမှာ သူခင်းတဲ့လမ်းသူလျှောက် ဘာကိုမှမကြောက်ခဲ့ဘူး။ ဖောက်ပြန်တဲ့လမ်း သူမရွေး ဘာသာသွေးနဲ့ရဲရဲတောက် ခရီးအတန်တန်ပေါက်ခဲ့ပြီ လူမျိုးနဲ့ဘာသာ အဓွန့်ရှည်ကြာဖို့ စွမ်းရာကဝန်ထမ်း နီမြန်းတဲ့ဇာနည်သွေးနဲ့ ဗမာပြည်အရေးအတွက်ရဲရင့်သူ ဦးခိုက်လိုက်ပါ၏(အရှင်)ဝီရသူ။ ။ ဘိက္ခုရွှေဥတ် ( မဟာဝီရမဂ္ဂဇင်း) https://m.facebook.com/story.php…
သတင်း

အာဖရိကငါးခူပြီးတော့ တောင်အမေရိက စုပ်ခွက်ငါး

အာဖရိကငါးခူအကြောင်းတော့ တော်တော်များများ ပြောခဲ့ဖူး ရေးခဲ့ဖူးပါပြီ။ အခု နောက်ထပ် တစ်မျိုးတွေ့လာရတာကတော့ တောင်အမေရိက စုပ်ခွက်ငါးပါပဲ။ ကုန်သည်တွေ အလှမွေးဖို့ သယ်ယူလာတာကနေ မြစ်ချောင်းအင်းအိုင်ထဲ ငါးကန်တွေမှာ နေရာ ရသွားကြပြီမို့ သဘာဝအလှတွေလည်းပျက်စီး ကျန်တဲ့ ငါးတိုင်းရင်းသားတွေလည်း သတ်စားခံရ နှိမ်နှင်ဖို့လည်း ခက်ခဲ မျိုးပွားမှုကလည်းမြန်ဆန် အတော်ကို အန္တရာယ်ကြီးတဲ့ငါးမျိုးပါ။ အဲဒီငါးမျိုးတွေ ဘယ်လူမျိုးတွေနဲ့တူသလဲ သိသလား? အာဖရိကငါးခူကိုတော့ သူတို့တတွေနဲ့ တထပ်တည်းကျနေလို့ ပြောခဲ့ဖူး ဟောခဲ့ဖူးပါပြီ။ တောင်အမေရိကစုပ်ခွက်ငါးကြီးတွေကလည်း ဘာထူးလို့လည်း အသားစားငါးတွေတောင် သူ့ကို စားလို့မရဘူးဆိုပါလား။ သူကတော့ ရှိသမျှ အကုန်စားတယ်။ ငါးတိုင်းရင်းသားလေးတွေ ကုန်ပါပြီဗျာ။ နိုင်ငံခြားငါးကြီးတွေစားပစ်လို့ပါ။ သဘာဝရေသယံဇာတ အလှအပလေးတွေ ...
သတင်း

လူပွဲစားနှင့် လူမှောင်ခိုဂိုဏ်း

မှုခင်းရှုထောင့်သတင်းထောက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဘင်္ဂလီတွေကတော့ အမြဲတမ်း ကြံစည်နေမှာပဲ။ ဘယ်အပေါက်ကနေဝင်ရမယ်၊ ဘယ်လမ်းကြောင်းကနေသွားရမယ်ဆိုတာ အမြဲကြံစည်နေတဲ့သူတွေပါ။ သူတို့တတွေကို လက်ခံထားပြီး နိုင်ငံသားအဆင့်ထိရောက်အောင် အားလုံး အခြေတကျနေနိုင်အောင် လုပ်ဆောင်ပေးတဲ့ ဂိုဏ်းတွေရှိပါတယ်။ ဘယ်အစိုးရကမှ မဖော်ထုတ်နိုင်ခဲ့ပါဘူး။ ဘာသာပေါင်းစုံဆိုသူတွေ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဆိုသူတွေ အကြမ်းဖက်မှု ရှုတ်ချတယ်ဆိုတဲ့ သူတွေ တံခါးလုံခြုံရေးတာဝန်ယူထားတဲ့သူတွေ ပြည်တွင်းမူဆလင်နှင့် ရခိုင်မြောက်ပိုင်းကဘင်္ဂလီ တစ်ခြားဆီပဲဆိုတဲ့သူတွေ လ.ဝ.ကတို့ ဥပဒေတို့ ဆိုသူတွေ ဒါကိုအရေးကြီးမှန်း အခုအချိန်ထိ မသိကြဘူး။ ရခိုင်ပြည်လည်း ဒီလိုပဲ တစ်စ တစ်စဝင်လာရာကနေ များလာတော့ ဂျီဟတ်လုပ်ပလိုက်ကြတာပဲ။ ပြည်မကြီးထဲလည်း အတော်ဝင်ရောက်နေကြပြီ။ ဘယ်အချိန် ဘယ်နေရာ ဂျီဟတ်စာမိမလဲ မသိဘူး။ သူတို့တတွေက ...
သတင်း

အာဒိကမ္မိက အဂ္ဂါဘိဓဇ မစိုးရိမ်တိုက်သစ် ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၏ ဘဝပုံရိပ်(၁၂)

ကျေးဇူးတော်ရှင် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ ဘဝနတ်ထံ ပျံလွန်တော်မူသည်မှာ လာမည့် တန်ခူးလကွယ်နေ့ဆိုရင် (၁၅)နှစ်ပြည့်တော့မည်ဖြစ်သည်။ ဆရာတော်ကြီး မရှိတော့သော်လည်း ဆရာတော်ကြီး အုတ်မြစ်ချခဲ့သော မစိုးရိမ်တိုက်သစ်ကြီးကား ဆရာတော်ကြီးလက်ထက်မှာကဲ့သို့ပင် အရှိန်အဟုန်ဖြင့် တိုးတက်ထွန်းကားလျက် ရှိပါ၏။ ဆရာတော်ကြီး အပင်ပန်းခံ စိုက်ပျိုးခဲ့သော သာသနာ့ဥယျာဉ်တော်ကြီး စည်ပင်ပြန့်ပြူး စိမ်းလန်းသာယာလျက်ရှိသည်ကို အများပြည်သူတို့ မျက်မြင်ကိုယ်တွေ့ ခံစားကြရသော်လည်း ဆရာတော်ကြီး၏ သာသနာပြုစိတ်ဓာတ်နှင့် ဘဝပုံရိပ်ကိုကား လူသိနည်းလှပေသည်။ လွန်တော်မူခြင်း (၁၅)နှစ်ပြည့် နှစ်ပတ်လည်ပူဇော်ပွဲ၌ကား လူသိနည်းသော ဆရာတော်ကြီး၏ သာသနာရေးဆောင်ရွက်ချက်များ၊ သာသနာပြုစိတ်ထားများ၊ ကြည်ညိုဖွယ်ဂုဏ်ပုဒ်များ၊ ကြီးမားဖွယ်ရာ ဂုဏ်ကျေးဇူးများကို ဘဝပုံရိပ်တစ်ခုအဖြစ် ...
နဂါးနီစုဘူးသတင်း

အောင်သာယာ နဂါးနီစုဘူးအသင်း ငွေပေးပွဲ

အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊၊ အောင်သာယာရပ်ကွက်ရှိ အမှတ်(၆)နဂါးနီစုဘူးအသင်း စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။ (22.12.2017) မွန်းလွဲ(၁း၀၀)နာရီ အောင်သာယာ မဘသရုံးစိုက်ရာ ၄၅×၄၇ လမ်း၊ မြတ်လေးလမ်းနှင့် ဂန္ဓမာလမ်းကြား ရတနာသိဒ္ဓိကျောင်းတိုက်မှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယက အရှင်ဇဝနနှင့် ကာယကံမေတ္တာမှ ဦးဉာဏ်လွင်(ဦးတွတ်)တို့ တက်ရောက်ကြပြီး အသင်းဝင်(၁၃၀)ဦးတို့အား တစ်ဦးလျှင် တစ်သိန်းကျပ်စီ ထုတ်ပေးခဲ့ပါတယ်။ ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် အောင်သာယာ နဂါးနီစုဘူးအသင်းဟာ ဆဋ္ဌမမြောက် အမှတ်(၆)စုဘူးဖြစ်ပြီး (၂.၁.၂၀၁၆)ရက်နေ့မှာ တည်ထောင်ပေးခဲ့ပါတယ်။ ဦးရေ (၅၀)ဖြင့် စတင်ဖွဲ့စည်းပေးခဲ့ရာ ယခုအခါ အသင်းဝင်(၁၃၀)ဦးရှိပါပြီ။ နဂါးနီစုဘူးအသင်း၏ ငွေချေးမှုစနစ်မှာ ...
သတင်း

မြန်မာတို့၏ လပြည့်ဝန်း

“မြန်မာတို့၏ လပြည့်ဝန်း” ============== သူယုတ်တစ်သောင်း ကဲ့ရဲ့ရှောင်းလည်း သူကောင်းတစ်ယောက် ချီးမွမ်းပျောက်၏။ အကန်းတစ်ရာ ရမ်းနေပါလည်း အရာမရောက် ဇောက်ထိုးမှောက်၏။ ဉာဏစက္ခု မြော်မြင်ရှု၍ ယခုနောင်ခါ တို့မြန်မာ၏ ဘာသာအမျိုး ရောင်မညှိုးအောင် အကျိုးဆောင်သည့် ထွဋ်ခေါင်မြင့်မြတ် မျိုးချစ်တတ်သူ စိတ်ဓာတ်ဖြူကို ဘယ်မူဘယ်မျိုး အရောင်ဆိုးလည်း အကျိုးမပျက် ဆတိုးတက်၍ ဝင်းလက်တောက်ပ ရွှန်းရွှန်းမြလျက် လပြည့်ဝန်းပမာ တင့်တယ်ပါမို့ မြန်မာတို့များ မြတ်နိုး၏။ ဒီပ(သာကီသွေး)  
သတင်း

စာဖတ်နည်း (SIMAC )(အပိုင်း-၂-နိဂုံး)

S= Situation- ခေတ်၏အခြေအနေ I= Intention- စာရေးသူ၏ ရည်ရွယ်ချက် စာရေးသူ၏ စေတနာ M= Matter- အကြောင်းအရာ A= Approach- ချဉ်းကပ်နည်း(သို့မဟုတ်)ဇောင်းပေးခြင်း C= Consistency- အကြောင်းအကျိုး(သို့မဟုတ်) ရှေ့နှင့်နောက် ဆီလျော်ခြင်း(သို့မဟုတ်)ညီညွတ်ခြင်း။ ဒီငါးချက်ကို မှတ်သားထားတာ ကြာပါပြီ။ စာသင်သားတစ်ပိုင်း၊ စာချဆရာတော်တစ်ပိုင်း နာယကလောင်းဘဝကတည်းကပါ။ ပါဠိစာပေ လေ့လာနည်းမှာတော့ ဒီထက်ပိုကျယ်ပြန့်ပါတယ်။ သံဝဏ္ဏနာ နည်းလေးဆယ်၊ ဥပစာဆယ်ပါး စုံနေအောင်ပါပဲ။ နိုင်ငံရေးသမားတွေရယ် လော်ဘီတွေရယ် စာမဖတ်တတ်မှန်း အတော်သိသာတယ်။ စာဖတ်တတ်တဲ့သူဆိုရင် ပြောလိုက်တဲ့စကားတစ်ခွန်း ရေးလိုက်တဲ့ ...