Daily Archives: January 4, 2018

သတင်း

ဒီဝန်ကြီးချုပ်က ပြန်လည်ထူထောင်ရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်ဈေးနှုံးကျဆင်းရေး မခွဲခြားတတ်ဘူးဗျ

သူပြောနေတာက ဗိုလ်ချုပ်အောင်ဆန်းရဲ့ အိမ်နောက်ဖေး ဈေးဆိုင်တယ်တို့ ရုရှားနိုင်ငံရဲ့ ဟင်တစ်တုံးလျှော့စားတို့ အဲ့ဒီနမူနာတွေက တိုင်းပြည်ထူထောင်ရေးအတွက် ချိုးခြံခြွေတာရေးသာ ဖြစ်တယ်။ ကုန်ဈေးနှုန်းနှင့် မဆိုင်ဘူး။ အဲဒီလိုပဲ ဟင်တစ်မယ်လျှော့စားပါတို့ အလှူမလုပ်နဲ့တို့ အလှူလှူတဲ့အခါ ဟင်းဆယ်မျိုးမလှူဘဲ တစ်မျိုးတည်းလှူတို့ ဆိုတာတွေလည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချိုးခြံခြွေတာရေးနဲ့ပဲ ဆိုင်ပါတယ်။ ကုန်ဈေးနှုန်း ကျဆင်းရေးနဲ့ မဆိုင်ပါဘူး။ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် အစိုးရရဲ့ မူဝါဒတွေကို ဘယ်လိုပြင်ရမယ် အစိုးရက ဘယ်လိုထိန်းကျောင်းရမယ် စတာတွေ လိုအပ်တာပါ။ အခုဟာက အစိုးရကို အထိမခံဘူး တာဝန်ယူထားတဲ့အစိုးရကလည်း တာဝန်ခံခြင်းမရှိဘူး။ တာဝန်ခံပြီး ဝန်ကြီးပြောင်းလဲတာတို့ မူဝါဒပြောင်းလဲတာတို့ အမူအကျင့်ပြောင်းလဲတာတို့ မလုပ်ဘူး။ ...
သတင်း

HRDP အဖွဲ့ကို သတိထားကြဟေ့

HRDP ဆိုတာ လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့ ဖြစ်ပါတယ်။ ရုံးချုပ်က ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် အရှေ့ရပ်ကွက် မကျည်းတန်းမြောက်၊ နတ်စင်လမ်း အမှတ် ၈၂ မှာ ဖြစ်ပါတယ်။ HRDP အဖွဲ့က ဖျာပုံမြို့မှာ သင်တန်းပို့ချတဲ့အထဲ မဘသ ဝီရသူ ၉၆၉ အမျိုးစောင့်ဥပဒေ စတာတွေကို ထည့်သွင်းပို့ချသွားတဲ့အခါ ဦးမောင်မောင်လေးက တပ်မတော်ကလူသတ်သည်မှာ လူ့အခွင့်အရေးချိုးဖောက်ခြင်းသာဖြစ်ပြီး လက်နက်ကိုင်သူပုန်တို့က လူသတ်သည်မှာ လူ့အခွင့်အရေးချိုးဖောက်ခြင်း မဟုတ်ဘူးဆိုတာ ပါပါတယ်။ လူသတ်တာချင်းအတူတူ ဘယ်လိုကွာခြားတယ်ဆိုတာတော့ သူတို့မှ သိမှာပါ။ အမျိုးစောင့်ဥပဒေကို လူ့အခွင့်အရေးချိုးဖောက်ထားတယ်လို့ ဆိုသွားပါတယ်။ သူတို့ဖြန့်ဝေထားတဲ့ စာထဲမှာပါတဲ့ လက်ထပ်ထိန်းမြားခြင်းဆိုင်ရာ ဥပဒေမူကြမ်းက အတည်ပြုပြဌာန်းလိုက်တဲ့ အထဲမှာ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (လောကအလင်း ပညာရေးအလှူ)

ဆရာတော်ဦးဝီရသူ တည်ထောင်ထားသော လောကအလင်း ပညာဒါန စာသင်ကျောင်း ပညာရေးအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရာ၌ လွယ်ကူချောမော၍ အဆင်ပြေ ပြီးမြောက်စေခြင်းအကျိုးငှာ စင်္ကာပူနေ ဦးလှဌေးမှ အလှူငွေ ၂၀၀၀၀၀(နှစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (2.1.2018) အလှူရှင် ဦးလှဌေးနှင့်အတူ ပညာရေးကို အစဉ်အားပေးကြကုန်းသော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒ ပြည့်ဝကြပါစေ…။
သတင်း

အရှင်ဝီရသူ၏ အမျိုးသားရေးသဝဏ်လွှာ

“ပြည်သူကို အကာအကွယ်ပေးသော တပ်မတော်အား ပြည်သူက ပြန်လည်ကာကွယ်ခြင်း” (ဒီကနေ့ ထားဝယ်မြို့မှာကျင်းပတဲ့ မြန်မာ့တပ်မတော် ထောက်ခံပွဲမှာ ပန်းသုံးဝကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကုသလ ဖတ်ကြားသော အရှင်ဝီရသူ၏ အမျိုးသားရေးသဝဏ်လွှာဖြစ်ပါတယ်။)   တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ ကျင်းပအပ်သော မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်း ကောင်းများထောက်ခံပွဲသို့ ပေးပို့အပ်သော ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာ ဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)၏ အမျိုးသားရေးသဝဏ်လွှာ။ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ ကျင်းပအပ်သော မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်း ကောင်းများထောက်ခံပွဲသို့ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်သံဃာတော်များနှင့် မျိုးချစ်ပြည်သူအပေါင်းတို့………. ယနေ့မြန်မာပြည်သည် ပြည်ပကျူးကျော်မှုဒဏ်ကို အလူးအလဲခံနေရချိန်ဖြစ်ပါသည်။ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော် အုတ်တံတိုင်းအလှူတော် – ၃)

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရွှေစာရံအုပ်စု ကျောက်ချောကျေးရွာမှာ တည်ဆောက်လျက်ရှိသော မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး အုတ်တံတိုင်းတစ်ခန်းစာအတွက် မန္တလေးမြို့ ကျောက်ဝိုင်းမှ ကိုလှဝင်းမောင်၊ ကိုအတီနှင့် ညီအစ်ကိုများမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း) ကျပ် လှူဒါန်းပါသည်။ အလှူရှင် ကိုလှဝင်းမောင်၊ ကိုအတီနှင့် ညီအစ်ကိုများနှင့်အတူ အနုမောဒနာပြုကြသော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခပဲ လိုရာဆန္ဒ ပြည့်ဝကြပါစေ။