ဘယ်အစိုးရမှ အမျိုးသားရေးစိတ်ဓာတ်နဲ့ကင်းပြီး ရပ်တည်လို့မရနိုင်ဘူး(အပိုင်း-၁)
(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) မေး- ဒီရက်ပိုင်းအတွင်းမှာပဲ ၀န်ကြီးချုပ်တစ်ယောက်နဲ့ ၀န်ကြီးငါးယောက်ထိ အပြောင်းအလဲဖြစ်ခဲ့ပါတယ်ဘုရား။ အဲဒီအပေါ်မှာ ဘယ်လိုသုံးသပ်ချင်ပါသလဲဘုရား။ ဖြေ – ရည်ရွယ်ချက်ကတော့ အပြောင်းအလဲလုပ်ချင်လို့ အောက်ခြေကနေ စပြောင်းတဲ့သဘောပေါ့။ ဒါပေမဲ့ ဒီလောက်လေးနဲ့ ရပ်သွားပြီဆိုရင် ဘာမှ ထူးမှာမဟုတ်ဘူးလေ။ မိုးမလုံတဲ့ခေါင်ကို ၀ိုင်းပြီးတော့ မိုးကြကာကြရမှာကို အိမ်တိုင်တွေ အစားထိုးနေတယ်၊ ကြမ်းခင်းတွေချွတ်ပြီးတော့ အစားထိုးနေတယ်ဆိုရင် ဒီအိမ်က ဆွေးမှာက ဆွေးမှာပဲလေ။ အိမ်သူအိမ်သားတွေက မိုးဒဏ်ခံရမှာက ခံရမှာပဲလေ။ စနစ်ကြီးတစ်ခုကို အပြောင်းအလဲလုပ်ချင်တယ်ဆိုရင်တော့ အထက်ဆုံးက ပုဂ္ဂိုလ်ကိုပြောင်းရင်ပြောင်း သို့မဟုတ် အထက်ဆုံးက ...
သီတဂူဆရာတော်ကြီး၏ မေတ္တာတော်
ပြာသိုလဆုတ် ၁၅ရက် 16.1.2018 ညနေပိုင်းမှာ ညီတော်လေးတွေ လာပေးသွားကြတာပါ။ သီတဂူဆရာတော်ကြီးရဲ့ လက်မှတ်ထိုးပါတဲ့ မေတ္တာလက်ဆောင် စာအုပ်တွေပါ။ ဆယ်စုနှစ်သြဝါဒများစာအုပ်ရယ်၊ ဗုဒ္ဓဘာသာနဲ့ ကမ္ဘာ့အခြေအနေ ဆက်နွယ်နေမှုစာအုပ်ရယ်၊ အာဖရိကတိုက် ယုဂန္ဓာနိုင်ငံ သာသနာပြုခရီးမှတ်တမ်းစာအုပ်ရယ် အားလုံးသုံးအုပ်ပါ။ ရက်စွဲကတော့ ကြာပါပြီ။ ညီတော်မောင်တွေဆီပေးထားတာ စာရေးသူထံ အရောက်လာပေးဖို့ နောက်ကျနေလို့ အခုမှ ရရှိတာပါ။ ကျေးဇူးရှင် သီတဂူဆရာတော်ကြီးက တပည့်ငယ်တစ်ပါးကို အဝေးကနေ တကူးတက လက်မှတ်ထိုးပြီး စာအုပ်ပို့ပြီး မေတ္တာလက်ဆောင် ပေးတော်မူတယ်ဆိုကတည်းက စာရေးသူကို အာဟာရဓာတ်ပြည့်ဝတဲ့ ဗီတာမင်အားဆေးတွေ အများကြီး စားလိုက်ရသလိုပါပဲ။ ညီတော်လေးတွေကို ကျေးဇူးတင်ပါတယ်။ ကျေးဇူးရှင် သီတဂူဆရာတော်ကြီး ...
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၀၂
အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် အရှင်စန္ဒာဝရာလင်္ကာရ(မဟာဂန္ဓာရုံ)အား ဦးထိပ်ထား၍ မသင်းသင်း တာချီလိတ်(မြန်မာ့စာတိုက်လုပ်ငန်း)မှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (15.1.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၂၆,၆၂၀,၅၀၀ိ ကျပ်။ စုစုပေါင်း – ၁၉၁,၈၂၀,၅၀၀ (တစ်ထောင့် ...
ဝီရသူ(သို့မဟုတ်)လမ်းကြောင်းမပြောင်းတဲ့သူ
“NLDကိုမဲပေးပါ …လွပ်လပ်မှချမ်းသာနိုင်ပါမယ် ဒါကြောင့်ဦးဇင်းကတိုက်တွန်းပါတယ် အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ကို မဲပေးကြပါ” NLDပါတီအာဏာမရခင်က ဆရာတော်လေးဦးဝီရသူမှ မဲဆွယ်စည်းရုံးနေသော စကားလေးဖြစ်ပါသည်။ လူသားတိုင်း လူသားတိုင်းမှာ ရည်မှန်းချက်ကိုယ်စီရှိကြလေ၏။ ထိုသူများထဲတွင် မစိုးရိမ်တိုက်သစ်၊ဓမ္မသဟာယကျောင်းစာချနာယက ၊အမျိုးသားရေးဓမ္မကထိကဆရာတော်ဦးဝိစိတ္တာဘိဝံသ(၀ီရသူ-မစိုးရိမ်)သည်လည်းအပါအ၀င်ဖြစ်၏။ လူအယောက်တစ်ရာတွင် အယောက်ကိုးဆယ်သည် မိမိတို့ချမ်းသာဖို့၊ရာထူးအာဏာရဖို့၊လုပ်ကြသည်သာဖြစ်၏။ ဆရာတော်သည်ကားထူးခြား၏။ ထိုရာထူး၊အာဏာရမည့်အလုပ်မျိုးကိုစိတ်မ၀င်စားပေ။ လူမုန်းများသော၊ရာထူးအာဏာနေရာမရသော “အမျိုးသားရေး”အလုပ်ကိုသာစိတ်ဝင်စား၏။ မိမိတို့တိုင်းရင်းသားများကို အခြားဘာသာဝင်များက စော်ကားနေသည်ကိုမခံနိုင်ပေ။ မိမိတို့နိုင်ငံ၊အမျိုးဘာသာ သာသနာကို ကမ္ဘာတည်သ၍ တည်စေချင်၏။ ထို့ကြောင့်ဆရာတော်က…အမျိုးသားရေးလမ်းကြောင်းပေါ်လျှောက်ရန်ဆုံးဖြတ်လိုက်တော့၏။ ထိုဆုံးဖြတ်ချက်အတိုင်း အစိုးရအဆက်ဆက်တွင် အမျိုးသားရေးလမ်းကြောင်းပေါ်သို့ ရဲရဲကြီးလျှောက်ခဲ့၏။ အမျိုးသားရေးလမ်းလျှောက်ရင်း..ထောင်နန်းလည်းစံခဲ့ရ၏။ အချို့နိုင်ငံရေးသမားများသည် ထောင်ကထွက်သောအခါ အမတ်၊၀န်ကြီးဘာညာ ဖြစ်ကုန်တော့၏။ ပြည်သူ့ဘက်က အမြဲရပ်တည်ပါတယ်ဆိုသော အချို့နိုင်ငံရေးဘုန်းကြီးများကလည်း ယနေ့အချိန်တွင်တော့ ပြည်သူဘက်က ရပ်မတည်ကြတော့ပေ။ မင်းအကိုးအကွယ်ခံ မင်းဆရာအဖြစ်ခံယူသွားတော့၏။ ဆရာတော်ဦးဝီရသူကတော့ ထောင်ကထွက်တော့လည်း အမျိုးသားရေးလမ်းပေါ်သာဆက်လျှောက်နေခဲ့၏။ ...
ရန်ကုန်တိုင်းအစိုးရ သိစေရန်
တာဝန်သိပြည်သူတစ်ဦးပေးပို့တဲ့ သတင်းလေးပါ။ နိုင်ငံ့ဝန်ထမ်းကောင်းများပီပီ နိုင်ငံ့တာဝန်ကျေပြွန်ကြပါစေ။ ဝီရသူ(မစိုးရိမ်) 16.1.2018 PM 9:08 ========== ******* ======== မင်းမဲ့တိုင်းပြည်ကဲ့သို့ဖြစ်နေသော ရန်ကုန်အောင်မင်္ဂလာကားဝင်းအဝင်ပေါက်က၃ချပ်လိမ် . သို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်တကွ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှအရာရှိများခမျာ . အောင်မင်္ဂလာကားဝင်းအဝင်ပေါက် YBS ၁၇ YBS ၃၅ကားဂိတ်တွင်မနက်၂နာရီမှ မနက်၅နာရီအချိန်တိုင်း အများပြည်သူအားလိမ်လည်လှည့်ဖျားပြီး အုပ်စုလိုက်အဖွဲ့လိုက်ညစ်ပတ်ကာ တောနယ်မှရန်ကုန်မြို့ပေါ်သို့ဈေးဝယ်တက်လာသော မိန်းကလေးငယ်များအဒေါ်အရွယ်များအား မထိုးချင်ပါဘူး.မသိပါဘူးမထိုးပါဘူးပြောလဲမရ .အတင်းထိုးခိုင်းပြီးအတင်းစားတယ်စားတယ်ဆိုကာ တောနယ်ကဈေးဝယ်ဖို့ချွေးနှဲစာလေးတွေ စုစေါင်းလာသမျှကိုပေါ်တင်ဓားပြတိုက်သလို နေ့စဉ်တိုက်ယူနေသည်မှာ အချိန်ကာလအတော်ကြာနေပါပြီ . ရန်ကုန်တိုင်းရဲတပ်ဖွဲ့အနေနဲ့ ထိုမျှမင်းမဲ့တိုင်းပြည်ကဲ့သို့ ပြုမူနေကြသောအဖွဲ့အုပ်စုများကို မျက်စိရှမ်း၍ပဲမမြင်လေသလား တမင်မမြင်ချင်ယောင်ပဲဆောင်ပေးနေသလား ...
မြစေတီဆရာတော်ကြီးအား ဦးတင်ပူဇော်ပါ၏ဘုရား ညီတော်နောင်တော်များ ကျေးဇူးအထူးပါ
ပညာဝေဖြာ မဟော်သဓာ(မန္တလေး)ကျောင်းတော်ကြီးအတွက် ပညာဒါနအလှူတော် ဓမ္မပူဇာသဘင် —– —– —– —– ပညာဝေဖြာ မဟော်သဓာ(မန္တလေး)ကျောင်းတော်ကြီးအတွက် ပညာဒါနအလှူတော် ဓမ္မပူဇာသဘင်အား ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ပြည်သာယာလမ်း စတုဘုမ္မိကမဂ္ဂင်ရိပ်သာကျောင်းရှေ့ တွင် ၂၀၁၈ ဇန္နဝါရီ ၂၁ မှ ၂၅ ထိ ၅ ညတိုင်တိုင်ကျင်းပသွားမည်ဖြစ်ပါတယ်။ ဓမ္မသဘင်ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်က ပညာဝေဖြာ မဟော်သဓာ(မန္တလေး)ကျောင်းတော်ကြီးလျင်မြန်စွာအကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက်ပဲဖြစ်ပါတယ်၊ ၅ ညတိုင်တိုင်ဟောကြားမည့် ဓမ္မကထိကဆရာတော်ဘုရားများမှ ခုနှစ်ရက်သားသမီးအပေါင်းလှူဒါန်းသည့် နဝကမ္မဝထ္ထုငွေအားလုံးကို ပညာဝေဖြာ မဟော်သဓာ(မန္တလေး)ကျောင်းတော်ကြီးသို့ ပြန်လည်လှူဒါန်းသွားမည်ဖြစ်ပါတယ်။ တရားပွဲဝေယျာဝစ္စ အစအဆုံးကုန်ကျစရိတ်များကို ...