ဗမာက မုန်းစရာလား? အာဏာက မုန်းစရာလား
အခုတလော ရသေ့တောင်မြို့နယ် စာပေဟောပြောပွဲဟောပြောချက်တွေ တွေ့နေရတယ်။ ဗမာမကောင်းကြောင်းတွေလည်း ပါပါတယ်။ ဗမာဟာ မုန်းစရာလား အာဏာဟာ မုန်းစရာလား ဒီလိုလေးတွေတွေးမိလို့ ဒီစာလေးကို ရေးတာပါ။ စာရေးသူအမြင်အရ အာဏာလက်ဝယ် ရရှိသွားတဲ့သူတွေ ရရှိထားတဲ့သူတွေကပဲ မုန်းစရာကောင်းတာပါ။ ဒါလည်း အပြည့်အဝမဟုတ်ပါဘူး။ မုန်းစရာကောင်းတဲ့ အာဏာပိုင်တွေ အာဏာရှိတွေ အာဏာရှင်တွေ အာဏာရူးတွေ ရှိခဲ့သလို ချစ်စရာကောင်းတဲ့ အာဏာပိုင်တွေလည်း ရှိခဲ့ပါတယ်။ နည်းတော့ နည်းတယ်လို့ ပြောရမှာပါ။ ဗမာလူမျိုးက လူဦးရေများနေလို့ ဗမာလူမျိုးကပဲ အစိုးရအကြီးအကဲတွေ ဖြစ်နေပြီး အဲဒီ ဗမာအစိုးရ အကြီးအကဲတွေ မကောင်းတဲ့ဒဏ်ကို ဗမာလူမျိုးအားလုံး လှိမ့်ခံနေရတာပါ။ မိဘမကောင်း သားသမီးခေါင်းပေါ့ဗျာ။ မိဘတွေရဲ့အရိပ် သားသမီးကို ...
ဒီတစ်ခါ 7Dayအလှည့် -၂
21.3.2017 ရက်နေ့ထုတ် 7Day Daily သတင်းစာ ရေးတဲ့အတိုင်း ဟုတ် မဟုတ် အထောက်အထားတွေ ထုတ်ပြလိုက်ပါပြီ။ အဲဒီတုန်းက ပြန်လည်ချေပခဲ့တဲ့ ပို့စ်အဟောင်းလေးကိုလည်း ပူးတွဲတင်ပြပေးလိုက်ပါတယ်။ သတင်းရင်းမြစ်ဖြစ်တဲ့ တိုင်းသံဃနာယကအဖွဲ့ကိုလည်း ဖုန်းဆက်ပြီး လျှောက်ထားခြင်း၊ လူကိုယ်တိုင် လာရောက် စုံစမ်း အတည်ပြုချက်ရယူခြင်း မရှိဘဲ မြို့နယ်သံဃနာယကအကျိုးတော်ဆောင်ဆိုသူ ဘုန်းကြီးတစ်ပါးရဲ့ မဟုတ်က ဟုတ်က လျှောက်ပြောတာတွေကို သတင်းအဖြစ်ရေးသားပြီး ပြည်သူလူထုက ဦးပဉ္စင်းကို အထင်အမြင်လွဲမှားပြီး အကြည်ညိုပျက်အောင် ထင်ယောင်ထင်မှားနှင့် ပြစ်မှားစော်ကားအောင် ရေးသားထားတာ တွေ့ရမှာပါ။ သတိပေးတာလား အသိပေးတာလား အစည်းအဝေးတည်ရောက်ကြောင်း လက်မှတ်ထိုးတာလား ...
ကလေးအဆိုတော်လေး အိသက်ထားမွန် လာရောက်ဖူးမြော်
15.1.2018 ရက်နေ့ ညနေ ၅း၃၀ နာရီ ဓမ္မသဟာယကျောင်းသို့ လာရောက် ဖူးမြော်တာပါ။ မင်းထင်ကျောင်းတိုက်မှ စာချဆရာတော် ဘဒ္ဒန္တပညာနန္ဒာလင်္ကာရ မွေးနေ့ပူဇော်ပွဲ လာရင်း ရောက်ရှိလာတာပါ။ မင်းထင်ကျောင်းတိုက်မှ ဦးဇင်းလေးတွေလည်း ပါပါတယ်။ စာကြိုးစားဖို့နှင့် ကျန်းမာရေးအတွက် ဆောင်ရန် ရှောင်ရန်လေးတွေ သြဝါဒပေးဖြစ်ပါတယ်။ ကလေးအဆိုတော်လေးတွေကတော့ ဆရာတော်သံဃာတော်တွေပူဇော်ပွဲ၊ ဓမ္မစကူးလ်အခမ်းအနား၊ ယဉ်ကျေးလိမ္မာသင်တန်း အလှူပွဲတွေမှာ လက်စွမ်းပြခွင့်ရနေပါတယ်။ ဝါရင့် အဆိုတော်ကြီးတွေလိုပဲ အသံနိုင်နင်းတာတွေ့ရပါတယ်။ ကလေးအဆိုတော်လေးတွေကြည့်ရင် လိမ္မာရေးခြားရှိတဲ့ ယဉ်ကျေးလိမ္မာ ဓမ္မစကူးလ်သင်တန်းဆင်းလေးတွေပဲ တွေ့ရတာပါ။ အနာဂတ်သာသနာအတွက်တော့ အားတက်ဖွယ်ပါပဲ။ ကလေးအဆိုတော်လေးများ အနှောက်အယှက် အဟန့်အတားကင်းစွာ အောင်မြင်ကြီးပွားကြပါစေ။
မန်း မဘသ အစည်းအဝေး
တပိုတွဲလဆန်း ၁ရက် 17.1.2018 ရက်နေ့ ည ၇း၃၀ နာရီ မန်း မဘသ ရုံးစိုက်ရာ မဟာအောင်မြေမြို့နယ် ကင်းဝန်မင်းကြီးကျောင်းတိုက် သာသနပါလကျောင်းမှာ ကျင်းပပါတယ်။ အတွင်းရေးမှူးချုပ်ဆရာတော်ကြီး ဘဒ္ဒန္တကုသလ အမှူးပြုသော မန်း မဘသ ဦးဆောင်ဆရာတော်များ တက်ရောက်ကြပါတယ်။ မန်း မဟော်သဓာကျောင်းတော်ကြီး ဖြစ်မြောက်ရေးကော်မတီဖွဲ့စည်းဖို့ ကြိုတင် စည်းဝေးကြခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မဘသဆိုင်းဘုတ်များဖြုတ်ချရေး မတရားအမိန့်အာဏာတွေထုတ်ပြန်စဉ်တုန်းက မန်း မဘသ ဆရာတော်များ ဝိုင်းတော်သူ ဝိုင်းတော်သားများ မန်း မဘသ ရုံးမှာ စည်းဝေးတိုင်ပင်နေကြတဲ့ ဓာတ်ပုံတွေထဲက ဆရာတော်သံဃာတော်များ ဖန်ခါးသီးနှင့် ...