“သဟာယ အရုဏ်ဆွမ်း အနုမောဒနာ
တပိုတွဲလပြည့်ကျော် (၆)ရက် 6.2.2018 မနက် ၆း၀၀ နာရီ သဟာယကျောင်း သံဃာတော်များအား နို့စိမ်းခေါက်ဆွဲ ဆက်ကပ်ပါတယ်။ ဆွမ်းအလှူရှင်များကတော့ မန္တလေး အောင်မြေသာစံမြို့နယ် မြောက်ပြင် ထားဝယ်ရပ် အကွက် (၄၄) ကဲပါတန်းလမ်းသွယ်နေ ဒေါ်ဝင်းကြည်၊ ဒေါ်ခင်ပြုံး ညီအစ်မတစ်စုဖြစ်ပါတယ်။ ဦးဘကြည်+ဒေါ်ကြည်ခင် မိဘနှစ်ပါးနှင့် မောင်ဖြစ်သူ ဗိုလ်ကြီးတင်မောင်ဝင်း(AGTI ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ရင်း ၄ တိုက်ကြီးမြို့) တို့ကို ရည်စူးပြီး ဆက်ကပ်တဲ့ကုသိုလ်ပါ။ မိဘနှစ်ပါးနှင့် မောင်ဖြစ်သူတို့ကို ရေစက်ချတဲ့အခါ အထူးရည်မှန်းပြီး ရေစက်သွန်ချ အမျှဝေကြပါတယ်။ သံဃာတော်များအား နို့စိမ်းခေါက်ဆွဲ ဆက်ကပ်တဲ့အပြင် မန်း ...
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၂၂
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေးမြို့၊ စကုတိုက်၊ ရွှေမန်းအုဌ်ကျောင်း ဦးစိန္တိတမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (30.1.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ...