Daily Archives: February 9, 2018

သတင်း

သက်တော်ရှည် ဆရာတော်ကြီးတစ်ပါး ကြွရောက်အားပေး

ဒီကနေ့ တပိုတွဲလပြည့်ကျော်(၉)ရက် 9.2.2018 မနက် အစောကြီး ကြွရောက်လာတာပါ။ စာရေးသူကိုတွေ့တာနဲ့ ပရိက္ခရာလာလှူဒါန်းတာပါလို့ မိန့်တော်မူပါတယ်။ သက်တော်(၈၄)နှစ်ရှိပါပြီ။ မျက်စိလည်းကောင်းပါတယ်။ နားလည်းကောင်းပါတယ်။ ကျန်းမာရေးလည်းကောင်းပါတယ်။ အထိုင်အထခက်တာနဲ့ လမ်းလျှောက်တဲ့အခါ အကူလိုတာလောက်ပဲ ရှိပါတယ်။ မကွေးတိုင်း၊ အောင်လံမြို့၊ လက်ပံတုံးကျောင်းဆရာတော်ကြီးပါ။ ဘွဲ့အမည်တော်က ဘဒ္ဒန္တပညာစာရဖြစ်ပါတယ်။ စာရေးသူနှင့် တစ်ခါမျှ မကြုံဖူးပါ။ စာရေးသူဖေးဘုတ်ကိုတော့ အမြဲကြည့်တယ်လို့ မိန့်ပါတယ်။ မနေ့ကလည်း ကြွလာပါသေးတယ်။ အစည်းအဝေးသွားနေလို့ မတွေ့လိုက်ရတာပါ။ ဒီကနေ့ ကြွလာတာက ဒုတိယအကြိမ်ပါ။ ဒီလို သက်တော်ရှည် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးတွေက အရေးကြုံလာတဲ့အခါ အခုလိုပဲ ကြွလာပြီး အားပေးကြတာ စာရေးပြီး အားပေးကြတာ ဖုန်းဆက်ပြီး အားပေးကြတာတွေဟာ စာရေးသူအတွက်တော့ အင်မတန် ...
သတင်း

ထိုင်းဆရာတော်ကြီး လာရောက်အားပေး

7.2.2018 ရက်နေ့ ညနေ ၆း၀၀ နာရီ ဓမ္မသဟာယကျောင်းသို့ ကြွရောက်လာတာပါ။ နှစ်စဉ်နှစ်တိုင်း လာရောက်အားပေးနေကြ ဆရာတော်ကြီးဖြစ်ပါတယ်။ ရောက်လာရင်လဲ လက်ဆောင်ပစ္စည်းတွေ အများကြီးပါလာတတ်ပါတယ်။ တစ်နှစ်စာလုံး စုဆောင်းထားတဲ့ တိုလီမုတ်စလေးတွေပါ။ အခုလည်း ဗူးလေးသုံးဗူး ပါလာပါတယ်။ ကိုယ်တော်တိုင် လွယ်အိတ်ထဲထည့် လွယ်လာတာပါ။ ရေဗူးလေးရယ်၊ တီးမစ်ဗူးလေးရယ်၊ ပူရှိန်းဗူးလေးရယ် ပါပဲ။ သီလရှင်ဆရာလေးကလည်း ခါတိုင်းပါလာနေကြပါ။ အမျိုးသမီးလေးယောက်ကတော့ အခုမှပါလာတာပါ။ ထိုင်းဆရာတော်ကြီးက အမေရိကန်လူမျိုး၊ ဗုဒ္ဓဘာသာခံယူတာ နှစ်ပေါင်းလေးဆယ်ကျော်ပြီ။ ရဟန်းသိက္ခာ (၃၇)ဝါရပါပြီ။ သတင်းတွေဖတ်ရတာနဲ့တင် လူမမြင်ဖူးသေးဘဲ လာရောက် တွေ့ဆုံတဲ့ဆရာတော်ကြီးရဲ့ သံယောဇဉ်က မသေးပါဘူး။ ဘုရားဖူးခြင်း၊ လေ့လာရေးခရီးထွက်ခြင်းမဟုတ်ဘဲ စာရေးသူကို အားပေးရုံသက်သက်နဲ့ ငွေကုန်ကြေးကျခံပြီး အပင်ပန်းခံ ...
သတင်း

ဝီရသူ ပေါ်ပေါက်ခဲ့လို့ မွတ်ဆလင် ကုလား အကြောင်း သိလာရသူ

နေရပ်လိပ်စာ – စစ်ကိုင်းတိုင်းဒေသကြီး. ကသာခရိုင်. ဗန်းမောက်မြို့ စာခမ်းအုပ်စု. နောင်မလင်ကျေးရွာ အဖ – ဦးမောင်ဦး အမိ ( ကွယ်လွန် – ဒေါ်ထွေးကြည် ) မွေးချင်းသား မိသားစု ကိုးယောက်မှာ ကျွန်တော်က အငယ်ဆုံးပါ။ ကျွန်တော် နှစ်နှစ်သားမှာ အမေ ဆုံးတယ်။ အကို တစ်ယောက်ဆုံးတယ် ။ ကျွန်တော်တို့ ဘာသာတရားသည် မိရိုးဖလာ ဗုဒ္ဓဘာသာ တရားဖြစ်သည်။ လူမျိုးက ရှမ်းနီ။ ကျွန်တော် ဆယ့်သုံးနှစ်သား အရွယ်မှာ သာသနာ့ဘောင် ကိုရင် ဝတ်ခဲ့ပါသည်။ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၂၃

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် အမျိုးသားရေးစွမ်းအားသစ်ညီနောင်များအင်အားစုအဖွဲ့မှ အလှူငွေ ၅၀၀၀၀(ငါးသောင်း)ကျပ် လှူဒါန်းစဉ်။ (2.2.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၄၀,၈၈၃,၅၀၀ိ ကျပ်။ ...