စေတိယင်္ဂဏ ရာပြည့်ပွဲအကြို ဆုပေးပွဲ
17.2.2018 ရက်နေ့ မနက်ပိုင်းမှာ စေတီတော်ရင်ပြင် ရာဟုထောင့် ဓမ္မာရုံမှာ ကျင်းပပါတယ်။ နံပါတ်သတ်မှတ်ထားသည့်အတိုင်း သံဃာတော်များ နေရာယူကြပါတယ်။ စေတိယင်္ဂဏဝဋံသကာဘွဲ့ရ ဆရာတော်များနှင့် ကျမ်းပြီးဘွဲ့ရ ဆရာတော်များက သက်သက်၊ စာသင်တန်းအောင် ဘိဝံသဘွဲ့ရ ဆရာတော်များကသက်သက် သီးခြားစီ နေရာပေးထားပါတယ်။ ယခုနှစ် စာအောင်သံဃာ ၇ ပါးကို ဘွဲ့တံဆိပ်နှင့် စာအောင်ဆုများ ဆက်ကပ်ကြပါတယ်။ စာချတန်းကျမ်းပြီးဘွဲ့ရ ဆရာတော် ၃ ပါး၊ စာသင်တန်း အဘိဝံသဘွဲ့ရ ဆရာတော် ၄ ပါးတို့ ဖြစ်ပါတယ်။ အင်မတန်ကံကောင်းတဲ့ ကံထူးရှင်ဆရာတော်လေးများပါ။ ပထမဆုရရှိသူကို ဆုငွေ သိန်း ၃၀ အထိ ...
မဟော်သဓာလေးတွေနှင့် အတူ
တပေါင်းလဆန်း (၈)ရက် 22.2.2018 ရက်နေ့ ညနေပိုင်းမှာ မန်း မဟော်သဓာ ကျောင်းတော်ရာသို့ ရောက်ရှိခဲ့ပါတယ်။ အစည်းအဝေးကျင်းပဖို့ အလှူငွေပေးအပ်ပွဲတွေ ဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲတွေ ကျင်းပဖို့အတွက် ဆောင်လုပ်ထားတဲ့ ရှင်းလင်းဆောင်လေးမှာ ပူဇော်ကိုးကွယ်မည့် ဗုဒ္ဓရုပ်ပွားတော်ကို ပင့်ဆောင်ခဲ့ကြပါတယ်။ ၄င်းနောက် သစ်ပင်စိုက်ဖို့ နေရာများ မှတ်သားရင်း ကလေးငယ်လေးတွေရောက်လာလို့ ကလေးငယ်လေးတွေနဲ့ စကားပြောဖြစ်ပါတယ်။ ကလေးတွေကတော့ ဘုန်းကြီးလာရင် မုန့်ဖိုးပေးတတ်တယ်ဆိုတာပဲ သိကြတာပါ။ နမောတဿ သရဏဂုံ ငါးပါးသီလ ရှေ့မှတိုင်ပေးစရာမလိုပဲ ရွတ်ဆိုနိုင် ဆောင်တည်နိုင်ကြပါတယ်။ ဘုရား တရားကို အားကိုးတတ်ဖို့ နမောတဿ နာနာရွတ်ဖို့၊ အိပ်ယာဝင် အိပ်ယာထ အမြဲဘုရားရှိခိုးဖို့ ...
မာလကာခြံ နဂါးနီစုဘူးအသင်း ငွေပေးပွဲ
အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မာလကာခြံရပ်ကွက်မှာရှိတဲ့ နဂါးနီစုဘူး အမှတ်(၂) စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။ ဒီကနေ့ (၂၄.၂.၂ဝ၁၈) မွန်းလွဲ(၂း၀၀)နာရီ မာလကာခြံရပ်ကွက် ပြည်လုံးအံ့ဓမ္မာရုံမှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယက အရှင်ဇဝန၊ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မာ တို့ တက်ရောက်ကြပြီး နာယကဆရာတော် အရှင်ဇဝန က သြဝါဒချီးမြှင့်ပါတယ်။ နှစ်သိန်းတန်း အသင်းဝင် (၇၀)ဦး တစ်ဦးလျှင် နှစ်သိန်းကျပ်စီနှင့် တစ်သိန်းတန်း(၂၀)ဦး တစ်ဦးလျှင် တစ်သိန်းကျပ်စီ ထုတ်ပေးခဲ့ပါတယ်။ ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် မာလကာခြံရပ်ကွက်နဂါးနီစုဘူးအသင်းဟာ ဒုတိယမြောက် အမှတ်(၂)စုဘူးဖြစ်ပြီး (၁၇.၁ဝ.၂ဝ၁၃)ရက်နေ့မှာ တည်ထောင်ပေးခဲ့ပါတယ်။ ယခုအခါ အသင်းဝင်(၉၀)ဦးရှိပြီး ...
ရွာမဆရာတော်ကြီး မွေးနေ့ပွဲ ၂
17.2.2018 မွန်းလွဲပိုင်းမှာ ကျင်းပတာပါ။ ကျေးဇူးရှင် အင်းစိန်ရွာမဆရာတော်ကြီး၏ သက်တော် ၇၉ နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နိုင်ငံရေးပါတီများ အမျိုးသားရေးအင်အားစုများ၊ တိုင်းရင်းသားလူမျိုးစုများအား အသီးသီး တွေ့ဆုံ သြဝါဒ ပေးတဲ့အခမ်းအနားလေးပါ။ အဲဒီအခမ်းအနားမှာ တိုင်းရင်းသား လူမျိုးစုများအား ရွာမဆရာတော်ကြီးက သြဝါဒပေးပါတယ်။ တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်များကလည်း ဝမ်းမြောက်စကား လျှောက်ထားကြပါတယ်။ အဲဒီအထဲမှာ ပအို့ဝ်ခေါင်းဆောင် စိုင်းအောင်ခမ်းထီလည်း ပါပါတယ်။ အသက်အရွယ်ကြီးလို့ လမ်းမလျှောက်နိုင်တော့ပေမဲ့ ကျန်းမာရေးတော့ ကောင်းမွန်ပုံရပါတယ်။ အခမ်းအနားအပြီးမှာ တစ်ဖွဲ့ချင်းစီအလိုက် ဓာတ်ပုံရိုက်ကြပါတယ်။ ရိုးရာယဉ်ကျေးမှုဝတ်စုံများနှင့် တိုင်းရင်းသားများကို တွေ့မြင်ရတာ အင်မတန်ကျက်သရေရှိပါတယ်။ ဒီယဉ်ကျေးမှု ဒီအမွေအနှစ်တွေ ထိန်းသိမ်းနိုင်အောင် စာရေးသူလည်း တိုင်းရင်းသားများတရားပွဲတွေမှာ အမြဲတမ်း ဟောကြားခဲ့ပါတယ်။ ...
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၃၈
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် ပါရမီပျိုးခင် ပရဟိတအသင်းမှ အလှူငွေ ၂၀၀၀၀၀(နှစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (20.2.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ...