သစ္စဝေဒဂူ ယဉ်ကျေးလိမ္မာဟောပြောပွဲ
16.3.2018 ရက်နေ့ မွန်းလွဲ ၁း၀၀ နာရီ မန္တလေး ပုသိမ်ကြီးမြို့နယ် ရေကြည်ရွာ သစ္စဝေဒဂူမိုးကုတ်ဝိပဿနာ ရိပ်သာမှာ ဟောကြားပါတယ်။ ကိုရင်လေးတွေ သီလရှင်လေးတွေ ယောဂီလေးတွေ စုစုပေါင်း ၁၃၀၀ ကျော် နာယူကြပါတယ်။ သစ္စဝေဒဂူဆရာတော် ဘဒ္ဒန္တခေမာစာရ ဦးဆောင်ပြီး နွေရာသီ ယဉ်ကျေးလိမ္မာရက်ရှည်သင်တန်း ပို့ချလာတာ ၂၀၀၃ခုနှစ်ကတည်းက ပါ။ တစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပြီမို့ အောင်မြင်မှုကတော့ ပြောစရာတောင် မလိုတော့ပါဘူး။ သင်တန်းသူ သင်တန်းသားတွေကို အမျိုးသားရေးတရားတော် ဟောကြားခဲ့ပါတယ်။ အမျိုးသားရေးဆိုသည်မှာ အမျိုးဂုဏ်ကို မြှင့်တင်မှာ အမျိုးသားရေးဆိုသည်မှာ ယဉ်ကျေးမှုကို ထိန်းသိမ်းမှာ ...
မင်္ဂလာသိဒ္ဓိဆရာတော်ကြီး
မင်္ဂလာသိဒ္ဓိဆရာတော်ကြီး ဘဒ္ဒန္တသောဘိတမထေရ်ကြီးဟာ သက်တော် ၉၀ အရွယ်ရှိပြီး မျက်စိရော နားရော ကောင်းပါတယ်။ တရားဟောလည်း ဟောနိုင်ပါသေးတယ်။ လမ်းလည်းလျှောက်နိုင်ပါသေးတယ်။ ရေမိုးချိုးတာကအစ ကိုယ်တိုင် ချိုးလို့ရပါသေးတယ်။ ထိုင်တာ ထတာ ထူရတာတစ်ခုပဲ ရှိတာပါ။ ဆရာတော်ကြီးနှင့်တွေ့ဆုံကာ ဆရာတော်ကြီးကျန်းမာရေးစောင့်ရှောက်ပုံတွေကို မေးမြန်းခဲ့ပါတယ်။ ဆရာတော်ကြီးက သားကြီးငါးကြီးမစားပါ။ ခေါင်းတစ်ရာသား ဖြစ်တဲ့ ငါးမွှားမွှားလေးတွေပဲ စားပါတယ်။ တစ်နေ့လျှင် စင်္ကြံသုံးကြိမ်လျှောက်ပါတယ်။ စင်္ကြံလျှောက်ရင်း ကမ္မဋ္ဌာန်းစီးဖြန်းတာကြောင့် စင်္ကြံကမ္မဋ္ဌာန်းလို့ ဆိုရမှာပါ။ စင်္ကြံလျှောက်တဲ့ကျေးဇူးကြောင့် အသက်ရှည်ကြီး ကျန်းမာခြင်းလည်း ဖြစ်နိုင်ပါတယ်။ ဆရာတော်ကြီးက စာလည်းချပါတယ်။ တရားလည်းပြပါတယ်။ စာချစဉ်က စာချတန်းဆိုင်ရာ ကျမ်းဂန်များ ပို့ချတတ်ပြီး သင်္ကြန်လိုအခါကြီးရက်ကြီးမျိုးမှာ တရားစခန်း ဖွင့်ကာ တရားဟော တရားပြကြောင်းလည်း ...
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၆၀
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ထီလင်းမြို့၊ အထက်ကျော်ကျေးရွာ ဦးအဇ္ဇဝနှင့် တပည့်ဒါယကာများမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (8.3.2018) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်း၊ ...
လူမျိုးရေး တိုက်ပွဲကြားက အနှိမ်ခံ ရဟန်းတစ်ပါးကို ဘာသာပြန် ကြည့်ခြင်း (အပိုင်း-၂)
မေး။ ။ ပြည်တွင်းပြည်ပ မီဒီယာတွေကို ဆရာတော်က မယုံကြည်ဘူးလို့ ပြောပါတယ်။ ဘယ်အချက်ကို ကြည့်ပြီး ပြောတာလဲ အရှင်ဘုရား။ ဖြေ။ ။ ပြည်တွင်းကိုစပြီး ပြောရမယ်ဆိုရင် သူတို့တွေက သတင်းကို သတင်းလို မရေးဘဲနဲ့ သူတို့အမြင် ကပ်တိုင်း မဖမ်းဖမ်းအောင် ဖိအားပေး ရေးသားနေတာ တွေ့ရတယ်ပေါ့။ ဥပမာဆိုကြပါစို့ ရန်ဟီးလီကို ဦးဇင်း ပြောတယ်။ ပြောရင်ပြောတဲ့အတိုင်း ရေးပါ။ လက်ခံပါတယ်။ သာသနာတော်ကို ညှိုးနွမ်းစေတယ်တို့၊ ဗုဒ္ဓဘာ သာ သိက္ခာကျတယ်တို့၊ အစိုးရက မြှောက်ပေးနေတယ်တို့၊ အခုချိန်ထိ ...