Daily Archives: March 20, 2018

သတင်း

ထူးခြားတဲ့ ထိုင်းဧည့်သည်

6.3.2018 မနက်အစော ထိုင်းဧည့်သည်ရောက်နေတယ်ဆိုလို့ ထွက်တွေ့လိုက်ပါတယ်။ ဖူးရုံသက်သက်ပါတဲ့။ စာရေးသိုကို ဖူးမြင်လိုက်ရတာနဲ့တင် သူကြားထားတာတွေ မဟုတ်မှန်း တန်းသိလိုက်ပါတယ်တဲ့။ စာရေးသူ တရားပွဲအပိတ်ခံရတာလည်း သူသိတယ်။ ဖေ့စ်ဘုတ်အပိတ်ခံရတာလည်း သူသိတယ်။ ပြည်တွင်းပြည်ပ မီဒီယာတွေလွှင့်တာလည်း သူသိတယ်။ ပြည်တွင်းမြန်မာဗုဒ္ဓဘာသာဝင်တွေကတောင် အကောင်းမမြင်မှန်း သူသိတယ်။ ဒါပေမဲ့ သူကိုယ်တိုင်လေ့လာချင်လို့ လာဖူးတာပါတဲ့။ ကျောင်းဆောင်ကလည်း ခမ်းနားမှုမရှိ နေထိုင်ပုံကလည်း ထည်ဝါမှုမရှိတာတွေ့ရလို့ ကမ္ဘာကြီးတစ်ခုခု လွဲနေပြီလို့ သူယူဆပါတယ်တဲ့။ US ဒေါ်လာ နှစ်ရာလှူသွားပါတယ်။ မန်း မဟော်သဓာ မြေကွက်ကိုလည်း ဝင်ကြည့်သွားတယ်။ မိသားစုလိုက် လာလှူပါဦးမယ်လို့ လျှောက်ထားသွားပါတယ်။ စာရေးသူကို အမြင်မကြည်တဲ့ အနီအကြောင်တွေနဲ့ပတ်သက်ပြီး ဥပမာလေးပေးပြီး ရှင်းပြလိုက်ပါတယ်။ စာရေးကိုရင်ဘဝက ရေအင်တုံထဲကျနေတဲ့ ပျားကောင်တွေကို ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၆၂

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မိတ္ထီလာမြို့၊ ညောင်လွန်ဓမ္မရိပ်သာ၊ ဦးအုန်ရွှေ+ဒေါ်ခင်သန်း မိသားစုမှ အလှူငွေ ၂၀၀၀၀၀(နှစ်သိန်း) ကျပ် လှူဒါန်းစဉ်။ (9.3.2018) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ...
သတင်း

တရားဦးဓမ္မသဘင်

တန်ခူးလ္ဆန်း ၂ရက်(18.3.2018) ရက်နေ့ ည ၈း၀၀ နာရီ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ စုန်းကျင်းအုပ်စု၊ မြရွှေစည်ကျေးရွာ၊ ခေမဝတီကျောင်းနယ်၊ စုန်းကျင်းအုပ်စု၊ မြရွှေစည်ကျေးရွာ၊ ခေမာဝတီကျောင်းတိုက်၊ အလှူဒါယကာ ဦးကြည်စိုး၊ အလှူဒါယိကာမဒေါ်သန်းဝင်း မိသားစုတို့ရဲ့ ရှင်ပြုအလှူတရားပွဲပါ။ မစိုးရိမ်တိုက်သစ်၊ ဓမ္မဂါရဝကျောင်းသားဟောင်း၊ အရှင်ဉာဏိဿရ ကျောင်းထိုင်တဲ့ရွာပါ။ အနီးအနားရှိ တပည့်သူငယ်ချင်းများလည်း လာရောက်အားပေးကြပါတယ်။ မုံရွာမြို့၊ အာစိဏ္စာရာမကျောင်းတိုက် IBEC ဆရာတော် ဦးအာစိဏ္ဏလည်း လာရောက်အားပေးပါတယ်။ သူငယ်ချင်းတွေ၊ တပည့်တွေနဲ့ ရှေးဟောင်းနှောင်းဖြစ်လေးတွေလည်း ပြောဖြစ်ပါတယ်။ ဝိမာနဝတ္ထုပါဠိတော်လာ ရေဝတီဝတ္ထုကို မသေမီငရဲလားသည့် ရေဝတီသူဌေးမယားအမည်တပ်ပြီး ...