Daily Archives: March 27, 2018

သတင်း

၂၀၁၈ ခုနှစ် ဆဋ္ဌမဓမ္မသဘင်

တန်ခူးလဆန်း(၇)ရက် 23.3.2018 ရက်နေ့ ည ၈း၀၀ နာရီ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် လှကဇိုင်းကျေးရွာ ရွှေနိဗ္ဗာန်ကျောင်းတိုက်ဆရာတော် အရှင်စန္ဒိမာ တည်ထားကိုးကွယ်တော်မူသော ဝိဇ္ဇာရှင်ငြိမ်းချမ်းအောင်စေတီတော်မြတ်ကြီး တို့၏ ဗုဒ္ဓပူဇနိယပွဲတော်အကြို ဓမ္မသဘင်။ မော်လမြိုင်မြို့ ဟိတဓရဆရာတော်လေး၏ မဟာမြိုင်ကျောင်းတိုက်မှာ ခဏနားပြီး လှကဇိုင်းသို့ ထွက်ခွါလာခဲ့ပါတယ်။ လှကဇိုင်းရောက်မှပဲ စာချဆရာတော် အရှင်စန္ဒိမာနှင့် ရွာသူရွာသားများ စိတ်အေးသွားပါတော့တယ်။ စာရေးသူကိုယ်တိုင်ကြွမလာဘဲ ကိုယ်စားလွှတ်မှာစိုးလို့ပါ။ ဒီလိုနေရာမျိုးထိ စာရေးသူ လာမယ်မထင်လို့ပါ။ စာချဆရာတော်အရှင်စန္ဒိမာ ကိုယ်တိုင် အားရဝမ်းသာ ကြိုဆိုပါတယ်။ ကျိုက်ခမီ မြစိမ်းရောင်ဘုရားကို ကာကွယ်နေကြတဲ့ မျိုးချစ်အဖွဲ့များလည်း လာရောက်တွေ့ဆုံကြပါတယ်။ မြစိမ်းရောင်ဘုရားနဲ့ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးကြပါတယ်။ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၆၉

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေးမြို့ ဦးအောင်စိုးနိုင်+ဒေါ်နှင်းနှင်းအေး မိသားစုမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းပါသည်။ (15.3.2018) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်း၊ မန်းမဟော်သဓာ ကျောင်းတော်ကြီးဖြစ်မြောက်ရေး ...
သတင်းလောကအလင်းပညာဒါနကျောင်း

လောကအလင်း ဒုတိယအကြိမ် ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ

တန်ခူးလဆန်း (၁၁)ရက် 27.3.2018ရက်နေ့ မနက် ၉း၀၀ နာရီ လောကအလင်း ပညာဒါနစာသင်ကျောင်းမှာ ကျင်းပပါတယ်။ နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲပါ။ ကျောင်းအုပ်ဆရာကြီးဦးမြင့်နှင့်အတူ ဆရာဆရာမများ မိဘပြည်သူများ တက်ရောက်ကြပါတယ်။ သင်တန်းသူ သင်တန်းများ ကျောင်းသူ ကျောင်းသားလေးများ ပျော်ပျော်ပါးပါး စိတ်ဝင်စားကြပါတယ်။ အတန်းအလိုက် ထူးချွန်ဆု သုံးဆုစီ ချီးမြှင့်ပါတယ်။ ထူးချွန်ဆုပေါင်း ၉ ဆုပါ။ စာမေးပွဲဖြေခိုင်းပြီးမှ ထူးချွန်ဆုပေးတာပါ။ ကလေးငယ်တွေကိုတော့ နှုတ်တိုက် ချပေးတာတွေကို အလွတ်ပြန်ဆိုဖြေခိုင်းပါတယ်။ ကလေးသေးသေးလေးတစ်ယောက်ကတော့ အလိမ္မာဆုံး အယဉ်ကျေးဆုံးဆုရရှိသွားပါတယ်။ ဒီသင်တန်းကို လောကအလင်းပညာဒါန အင်္ဂလိပ်စာ၊ မြန်မာစာ သင်ပေးကြသော ဦးပဉ္စင်းဦးသုမနနှင့် ဦးဝေပုလ္လတို့က ဦးဆောင် သင်ကြားပေးတာပါ။ လောကအလင်းမှ ...
သတင်း

မီးမရှိ ရေရှား တရားပွဲ (သို့) ၂၀၁၈ ပဉ္စမဓမ္မသဘင် (ရှမ်း/တောင် ဖယ်ခုံ)

တန်ခူးလဆန်း(၅)ရက် 22.3.2018 ည ၇း၀၀ နာရီ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရီနွဲ့ကျေးရွာအုပ်စု အနောက်ကယန်းဒေသ ထေရဝါဒ ဗုဒ္ဓသာသနာနုဂ္ဂဟ အသင်းကြီး ပထမအကြိမ် ညအထူးတရားပွဲ။ ရှမ်းပြည်နယ်တောင်ပိုင်းအစွန်ဆုံးရွာလေးပါ။ ကယန်းတိုင်းရင်းသားများ နေထိုင်ရာ ကုန်းငူးရွာငယ်လေးပါ။ ဗမာစကား နည်းနည်းပါးပါးပဲပြောတတ်သော်လည်း ဗမာစကားတော့ အပြည့်အဝ နားလည်ကြပါတယ်။ ရှားရှားပါးပါး တရားပွဲဆိုလို့ သုံးကြိမ်ပဲ ကျင်းပဖူးသေးတဲ့ ရွာလေးပါ။ ဟိတဓရဆရာတော် မျိုးချစ်ကြယ်တစ်ပွင့်ဆရာတော် စာရေးသူရယ် ဒီလောက်ပါပဲ။ ဒါပေမဲ့ တိုင်းရင်းသားများပီပီ ဘာသာတရားကိုတော့ အလေးအနက်ထားကြပါတယ်။ အနီးအနားရှိ ကျေးရွာများမှ လာရောက်နာယူကြတာတွေလည်း ရှိပါတယ်။ ရယ်စရာတွေပါရင် အားရပါးရ ရယ်တတ်ကြပါတယ်။ လာပင့်တဲ့ဦးဇင်းလေးကတော့ မီးလည်းမရှိ ရေလည်းရှားတဲ့ရွာမှာဟောရမှာလို့ ...