ဒီမိုကရေစီလို့ပြောရင် ယုံမှာတောင်မဟုတ်ဘူး(၁၄)
(၁) ဒီမိုကရေစီဆိုင်းဘုတ်အောက်မှာ တရားဥပဒေစိုးမိုးရေးခေါင်းစဉ်ရှိမှ ဒီမိုကရေစီစစ်တာပါ။ ရွေးကောက်တင် မြှောက်ခံထားရတာတစ်ခုတည်းကို ဒီမိုကရေစီလို့ ဆိုလိုတာမဟုတ်ပါဘူး။ ရွေးကောက်တင်မြှောက်ခံထားရတဲ့ အစိုးရက တရားဥပဒေကို မလေးစားဘဲ လုပ်ပိုင်ခွင့်ကို အခွင့်ကောင်းယူပြီး တရားရုံးကို ချုပ်ကိုင်ထားရင် အာဏာရှင်စနစ်ကို ကျင့်သုံးရာရောက်ပါတယ်။ ဒီမိုကရေစီအစိုးရကြီး အာဏာရှင်မဆန်ရလေအောင် မဏ္ဍိုင်သုံးခုကို တစ်ကန့်စီခွဲထားရတာပါ။ သူ့ကဏ္ဍနှင့်သူ အုပ်ချုပ်ရပြီး မဏ္ဍိုင်တစ်ခုနှင့်တစ်ခုဟာ တစ်ခါတရံ သူစိမ်းပြင်ပြင် နေကြရသလို တစ်ခါတရံမှာ အတိုက်အခံသမားလို နေကြရတာပါ။ မဏ္ဍိုင်သုံးရပ်လုံးက ကျရာကဏ္ဍမှ ပြည်သူ့အကျိုးကို သယ်ပိုးနေကြသူ များဖြစ်လို့ မဏ္ဍိုင်တစ်ခုခုက ချွတ်ချော်လွဲမှားခဲ့ရင် ကျန်မဏ္ဍိုင်များက ထိန်းကျောင်းတည့်မတ်ပေးရတဲ့သဘော ...
မန်း မဟော်သဓာ ယဉ်ကျေးလိမ္မာကလေးငယ်များ စာမေးပွဲဖြေဆိုပွဲ
31.3.2018 မွန်းလွဲ ၁း၀၀ နာရီမှာ ကျင်းပပါတယ်။ မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာ မဟော်သဓာအမျိုးသားရေးကိုယ်ပိုင် အထက်တန်းကျောင်းတော်ကြီးဝန်းအတွင်းမှာ ကျင်းပတာပါ။ ပထမအကြိမ် သင်တန်းဖြစ်လို့ အခြေခံအဆင့်နှင့် ပထမအဆင့်ပဲ သင်ကြားနိုင်ပါသေးတယ်။ ပထမအဆင့် အောင်မြင်သူများကို မန်း မဘသ တိုင်းအဆင့် ယဉ်ကျေးလိမ္မာစာမေးပွဲ ဝင်ရောက်ဖြေဆိုနိုင်ရန် ဆက်လက်သင်ကြားပေးသွားမှာပါ။ ပုသိမ်ကြီးအထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးကြည်ကတော့ ဓမ္မစကူးလ်ဆရာမ ဒေါ်ကြည်ကြည်ဆွေကို စာနှင့်ဆင့်ခေါ်ပြီး ယဉ်ကျေးလိမ္မာသင်တန်း ကျောင်းဝန်းထဲမှာမဖွင့်ဖို့ ကျောင်းဝန်းထဲမှာ သင်ကြားမပေးဖို့ လက်မှတ်ထိုးခိုင်းပြီး တားမြစ်ထားပါတယ်။ ဆရာမဒေါ်ကြည်ကြည်ဆွေက ကလေးငယ်လေးတွေကို ယဉ်ကျေးလိမ္မာမသင်ပေးရ၊ မစောင့်ရှောက်ရ မပြုစုရတော့လို့ ဝမ်းနည်းပက်လက် မျက်ရည်စက်ဖြင့် ...
စာဖြေသံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ် (၁၂)
ဒီနေ့ နှောင်းတန်ခူးလပြည့်ကျော်(၃)ရက်၊ (3.4.2018)နေ့ မနက်မှာ မန္တလေး မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် စာဖြေသံဃာတော်များအား ဓမ္မသဟာယကျောင်းမှာ မုန့်တီသုပ် အရုဏ်ဆွမ်း ဆက်ကပ်ပါတယ်။ ဒီကနေ့ဖြေဆိုသည့် အကြီးတန်း သံဃာတော်များ ကြွရောက်ဘုဉ်းပေးကြပါသည်။ ဒီကနေ့ ဖြေဆိုသည့် ဘာသာရပ်ကတော့ ဇာတ် ဖြစ်ပါတယ်။ ဓမ္မာစရိယတန်း (၆)ရက်၊ ပထမပြန်တန်း(၇)ရက်၊ စုစုပေါင်း (၁၃)ရက် ဆက်ကပ်မှာပါ။ အရုဏ်ဆွမ်းကုသိုလ်ရှင်များ ၁။ ကိုတင်လင်းအောင် အမှတ်(၇)နယ်ထိန်း ၃၀၀၀၀၀ိ (သုံးသိန်းကျပ်) ၂။ ဒေါ်မာမာဆွေ (ရန်ကုန်) ၅၀၀၀၀ိ (ငါးသောင်းကျပ်) ၃။ ဦးသောင်းထွဋ်+ဒေါ်မြင့်မြင့်စိုး (ရန်ကုန်) ...
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၇၆
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ပူလောင်းရွာ သာသနာပြုဌာနမှ အလှူငွေ ၂၀၀၀၀(နှစ်သောင်း) ကျပ် လှူဒါန်းပါသည်။ (23.3.2018) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်း၊ မန်းမဟော်သဓာ ...