Daily Archives: April 5, 2018

သတင်း

ဒီမိုကရေစီကို အသရေမဖျက်မိအောင် စောင့်ထိန်းပါ (အပိုင်း-၁)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ၊ ဖြေသမျှ) ဒီတစ်ပတ်မှာတော့ ဆရာတော်ဦးဝီရသူနဲ့ နိုင်ငံတော်ရဲ့ ဆယ်ရောက်မြောက် သမ္မတသစ်အပေါ် အမြင်နဲ့ သုံးသပ်ချက်တွေ၊ ဘင်္ဂါလီအရေးနဲ့ လူမှုကွန်ရက်အသုံးအပြုနည်းတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။ ဆရာတော်ဦးဝီရသူဟာ တရားပြန်ဟောခွင့်ရပြီဖြစ်ပေမယ့် ဆရာတော်ရဲ့ တရားပွဲတွေမှာ ကန့်သတ်ဟန့်တားချက်တွေ ရှိနေသေးတာတွေနဲ့ပတ်သက်ပြီးလည်း မေးမြန်းဖြစ်ခဲ့ပါတယ်။ ဆရာတော်ရဲ့ နိုင်ငံရေးအယူအဆနဲ့ ဖိနှိပ်ခံဘ၀တွေကို ထင်ဟပ်မြင်သာအောင် ဆရာတော်နဲ့ အပတ်စဉ် အင်တာဗျူးများကို မေးမြန်းတင်ဆက်နေခြင်းဖြစ်ပါကြောင်း …။ မေး – ပထမဆုံးအနေနဲ့ သမ္မတအသစ်ရဲ့ မိန့်ခွန်းစကားနဲ့ပဲ စချင်ပါတယ်ဘုရား။ အားလုံးထင်ကြေးပေးထားတဲ့အတိုင်းပဲ ဦးဝင်းမြင့်က မြန်မာနိုင်ငံရဲ့ ဆယ်ဦးမြောက် သမ္မတဖြစ်ခဲ့ပြီပေါ့ဘုရား။ ...
သတင်း

ရုပ်ပွားတော်လို

ရုပ်ပွားတော်လို ပင့်ရာကြွ၊ ထားရာနေ၊ ကပ်တာစား လှူတာယူ၊ အပူဇော်ခံဘဝ၊ အကြည်ညိုခံဘဝဖြင့် သာသနာပြုနေကြပါလျှင် တစ်နေ့သောအခါ ရုပ်ပွားတော်များလိုပင် ပြတိုက်ထဲရောက်သွားပေလိမ့်မည်။ ဝီရသူ(မစိုးရိမ်)
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၇၈

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မင်းကင်းမြို့နယ်၊ တရာရွာ ဦးကေသဝမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (26.3.2018) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်း၊ မန်းမဟော်သဓာ ...