ဘက်မလိုက်နဲ့
ရဟန်းသံဃာဆိုတာ နှစ်ပက္ခကွဲလျှင် ဘယ်ဘက်မှ မပါရဘူး။ ကိုယ့်အမေနှင့် တခြားတစ်ယောက် ရန်ဖြစ်လျှင် ကိုယ့်အမေဘက်ကတောင် မပါရဘူး။ ပါချင်ရင် ဖြန်ဖြေတဲ့သူအဖြစ်နဲ့ ပါရတယ်။ သာသနာ ကိုးကွယ်ရင် သူပုန်လည်း ကိုယ့်ဒကာပဲ၊ အစိုးရလည်း ကိုယ့်ဒကာပဲ။ ဘဒ္ဒန္တသိရိန္ဒာဘိဝံသ အဘိဓဇ မဟာရဋ္ဌဂုရု၊ နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ၊ မစိုးရိမ်တိုက်သစ် အဓိပတိမဟာနာယက။
မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)
ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မြစ်ကြီးနားမြို့နေ ဦးကျော်သူ+ဒေါ်ဆိုင်းခေါန် မိသားစုက နဝကမ္မအလှူငွေ ၁၀၀၀၀၀၀ိ (တစ်ဆယ်သိန်း)ကျပ် လှူဒါန်းစဉ်။ (8.4.2018) ဦးကျော်သူမိသားစုသည် 2016 သြဂုတ်လတွင် ဦးဝီရသူအား နဝကမ္မအလှူငွေ (၁၀)သိန်းကျပ်နှင့် မန်း မဘသ အဖွဲ့ သဘာဝဘေးသင့်ပြည်သူများကယ်ဆယ်ရေးကော်မတီအား အလှူငွေ (၁၀)သိန်းကျပ်၊ 2016 အောက်တိုဘာလတွင် ဦးဝီရသူအား န၀ကမ္မအလှူတော်ငွေ (၅) သိန်းကျပ်၊ 6.12.2016 နေ့တွင် ဦးဝီရသူအား အလှူငွေ(၅)သိန်းကျပ်၊ 27.1.2017 နေ့တွင် ဦးဝီရသူအား အလှူငွေ(၅)သိန်းကျပ်၊ 7.6.2017 ...