Daily Archives: April 17, 2018

မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၈၉

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ ဦးလေးမောင်+ဒေါ်သောင်းရင်၊ သမီး- မနန်းထွေးဝင်း မိသားစုမှ အလှူငွေ ၂၀၀၀၀၀ိ (နှစ်သိန်းကျပ်) လှူဒါန်းပါသည်။ (8.4.2018) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀ိ(တစ်သိန်း)ကျပ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ...
သတင်း

၂၀၁၈ ဒွါဒသမဓမ္မသဘင်/ ကျောက်ပန်းတောင်း၊ ကျောက်ပုံရွာတရားပွဲ

11.4.2018 ရက်နေ့၊ ညနေပိုင်းမှာ ညောင်ဦးလေဆိပ်မှ ကျောက်ပန်းတောင်မြို့၊ ရာဇမုနိကျောင်းတိုက်သို့ ရောက်ရှိပါတယ်။ ရာဇမုနိကျောင်းမှ ဦးသုစိတ္တ လာရောက်ကြိုဆိုတာပါ။ ရာဇမုနိဆရာတော်ကြီးကို ဖူးမြော်ပူဇော်ပြီး ခဏနားကာ ကျောက်ပုံရွာသို့ ထွက်ခွာခဲ့ပါတယ်။ ကျောက်ပုံရွာဆိုတာ မိတ္ထီလာနှင့် နီးတဲ့ကျောက်ပုံ(မြောက်)ရွာကို ဆိုလိုတာပါ။ ရွာမရောက်ခင် ကြိုဆိုနေကြသော အရင်ရောက်နှင့်နေသည့် တပည့်လေးများက ရွာရဲ့အခြေအနေကို ပြောပြပါတယ်။ ရွာမှာ ဘုန်းကြီးကျောင်းသုံးကျောင်းလုံး မညီညွတ်ကြပါ။ NLD ပါတီအတွင်းလည်း သဘောထားကွဲလွဲနေကြပါတယ်။ ရွာသူရွာသားတွေလည်း သုံးစုကွဲနေပါတယ်။ ဒီရွာလောက်ကွဲပြားတာမျိုး ဘယ်မှာမှ မရှိနိုင်ဘူးလို့ ရွာခံတစ်ဦးက လျှောက်ပါတယ်။ ကျောက်ပန်းတောင်းသားတွေကတော့ ထုံးစံအတိုင်း လိုင်းပေါ်မှာ အော်ကြဟစ်ကြ ဆူညံကြနဲ့ ဝိုင်းကန့်ကွက်နေကြတာပါ။ ခွင့်ပြုချက်ကျပြီးသားကိုလည်း ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့၊ ကိုသက်+မခိုင် မိသားစုမှ နဝကမ္မအလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းစဉ်။ (16.4.2018) အလှူရှင် ကိုသက်+မခိုင် မိသားစုနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊ မဟာအောင်မြေမြို့နယ် မာလကာခြံရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်နှင့် ...
သတင်း

တောင်ကြီးခရီးစဉ်(၈)”

22.3.2018 ရက်နေ့၊ ည(၇း၀၀)နာရီ၊ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရီနွဲ့ကျေးရွာအုပ်စု ကုန်းငူးရွာငယ်လေးသို့ ရောက်ရှိပါတယ်။ ကယန်းတိုင်းရင်းသားများ နေထိုင်ရာ ရှမ်းပြည်နယ်တောင်ပိုင်းအစွန်ဆုံးရွာလေးပါ။ ဗမာစကား နည်းနည်းပါးပါးပဲပြောတတ်သော်လည်း ဗမာစကားတော့ အပြည့်အဝ နားလည်ကြပါတယ်။ အနောက်ကယန်းဒေသ ထေရဝါဒ ဗုဒ္ဓသာသနာနုဂ္ဂဟ အသင်းကြီး ပထမအကြိမ် ညအထူးတရားပွဲမတိုင်မီ ပရဟိတအဖွဲ့များနှင့် ကြိုဆိုရေးအဖွဲ့များအား သြဝါဒပေးပါတယ်။ မီးမရှိ ရေရှားရာဖြစ်လို့ မိုးရေကိုပဲ အမှီပြုနေကြရသူတွေပါ။ ကလေးငယ်တွေလည်း ပေါများပါတယ်။ ကလေးငယ်တွေကို မုန့်ဖိုးပေးဖို့စီစဉ်ပေမယ့် ကလေးအင်အားက များတာကြောင့် ဓမ္မစကူးလ်သင်တန်းဆင်းပွဲ စာအောင်ဆုအတွက်ပဲ သုံးသိန်းကျပ် လှူဒါန်းနိုင်ခဲ့ပါတယ်။ တကယ်တော့ သာသနာထွန်းကားတယ်ဆိုတာ မြို့ကြီးပြကြီးတွေမှာပဲ ဖြစ်ပါတယ်။ ဒီလိုနေရာလေးတွေ ...
သတင်း

မစိုးရိမ်တိုက်သစ် အဂ္ဂါဘိဓဇဆရာတော်ဘုရားကြီး စာအုပ် ထွက်ရှိပါပြီ (၅)”

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ကျေးဇူးရှင်ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ (အဂ္ဂါဘိဓဇ)အားရည်စူး၍ တပည့် ဒကာ ဒကာမများက (၁၅)နှစ်ပြည့်အထိမ်းအမှတ် ပူဇော်ပွဲအခမ်းအနားကို ၁၃၈၀ ပြည့်၊ ကဆုန်ဆန်း(၁၂)ရက်နေ့၊ 26.4.2018 ရက်နေ့မှာ ကျင်းပသွားမှာပါ။ ရပ်ဝေးမှသံဃာတော်များ ၁၁ ရက်နေ့ည အချိန်မီရောက်ရှိဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။ (၁၅)နှစ်ပြည့် ပူဇော်ပွဲအခမ်းအနားမှာ လှူဒါန်းမှုအတွက် အထူးထုတ်စာစောင်ကြီးလည်း ပုံနှိပ်ထားပြီးပါပြီ။ အထူးထုတ်စာစောင်ကြီးမှာ ရေးသားကြသော ကဗျာရှင်၊ ဆောင်းပါးရှင်၊ စာမူရှင်အားလုံးကို နေ့စဉ်ကြေညာပေးသွားပါမည်။ ဒီကနေ့ ကြေညာမှာကတော့ သြဝါဒများနှင့် ဆောင်းပါးများပဲ ဖြစ်ပါတယ်။ (၂၁) အားလုံးဟာ ...
သတင်း


ကဆုန်လဆန်း(၃)ရက်၊ မြန်မာနှစ်ဆန်း တစ်ရက်နေ့၊ (17.4.2018) ရက်နေ့၊ မနက်(၈း၀၀)နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ကုက္ကိုစုရပ်ကွက်၊ မဟာတေဇဓမ္မာရုံ သီလပွဲတရားလေးပါ။ သီလပွဲကုသိုလ်ရှင်က ဦးမောင်မှိအားရည်စူး၍ ဒေါ်မြင့်မြင့်သိန်း မိသားစု ဖြစ်ပါတယ်။ မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်လို့ မြန်မာနှစ်သစ်ကူးမှာ ဥပုသ်သီလမြဲကြဖို့နှင့် နိဗ္ဗာန်ရည်မှန်းပြီး ဥပုသ်စောင့်ခြင်းသည်သာ ဘုရားအလိုတော်ကျ ဥပုသ်စောင့်ခြင်းဖြစ်ကြောင်း၊ ဥပေါသထိကဣတ္ထိဝတ္ထုလာ ဥပုသ်စောင့်ခြင်း ရည်ရွယ်ချက်အမျိုးမျိုးကို ဟောကြားခဲ့ပါတယ်။   “နှစ်ဆန်းတစ်ရက်နေ့ သီလပွဲ” ကဆုန်လဆန်း(၃)ရက်၊ မြန်မာနှစ်ဆန်း တစ်ရက်နေ့၊ (17.4.2018) ရက်နေ့၊ မနက်(၈း၀၀)နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ကုက္ကိုစုရပ်ကွက်၊ မဟာတေဇဓမ္မာရုံ ...