Daily Archives: May 16, 2018

သတင်း

ငပလီမြို့ ကျောင်းရေစက်ချပွဲ(၄)

5.5.2018 ရက်နေ့၊ မနက်ပိုင်းမှာ မြပြင်ရွာ မဟာဗောဓိရုက္ခပေါ်တော်မူဘုရားမှ ဂျိတ်တောရပ်ကွက် ပုလဲရတနာစာသင်တိုက်သို့ ရောက်ရှိပါတယ်။ ပင်မသာသနာ့ဗျူဟာကျောင်းဆောင် အပေါ်ထပ်မှာ အခမ်းအနားကျင်းပပါတယ်။ စစ်တွေမြို့ ပုသိမ်ကျောင်းဆရာတော်ကြီးအား ပူဇော်ပွဲအခမ်းအနားပါ။ ပုသိမ်ဆရာတော်ကြီးက ဒီနှစ်မှာ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ရရှိတာပါ။ ရခိုင်ပြည်မှာ ပထမဦးဆုံး အဘိဓဇမဟာရဋ္ဌဂုရ ရရှိတဲ့ဆရတော်ကြီးဖြစ်လို့ အာဒိကမ္မိက အဘိဓဇမဟာရဋ္ဌဂုရု ပူဇော်ပွဲကျင်းပတာဖြစ်ပါတယ်။ ဦးဆောင်ကျင်းပသူကတော့ ပုလဲရတနာဆရာတော် ဘဒ္ဒန္တဣန္ဒာစာရပဲ ဖြစ်ပါတယ်။ ပုသိမ်ဆရာတော်ကြီးက သြဝါဒမိန့်ကြားသလို ပုလဲဆရာတော်ကလည်း ပူဇော်ပွဲကျင်းပရခြင်းအကြောင်းကို လျှောက်ထားပါတယ်။ အဲဒီနောက်တော့ စာရေးသူလည်း ညီတော်မောင်များနှင့်အတူ နေ့ဆွမ်းစားပြီး တည်းခိုဆောင်သို့ ထွက်လာခဲ့ပါတယ်။   “ငပလီမြို့ ...
သတင်း

ဥပုသ်နေ့တစ်နေ့တာ (၃)

ကဆုန်လဆုတ်(၁၅)ရက်၊ (14.5.2018)ရက်နေ့၊ ည (၆း၀၀)နာရီကျော်မှာ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ပုထိုးတော်ကြီးအနီးရှိ ဓမ္မစေတီကျောင်းတိုက်သို့ ရောက်ရှိခဲ့ပါတယ်။ ဓမ္မစေတီကျောင်းတိုက်မှာ ပုထိုးတော်ကြီးပညာဒါနစာသင်ကျောင်း ဖွင့်လှစ်ထားလို့ပါ။ စစ်ကိုင်းမြို့ သဒ္ဓမ္မပါလဆရာတော်လေး အရှင်ကောဝိဒ၊ မန္တလေးမြို့ ဓမ္မိကာရာမတိုက် စေတနာပန်းခင်းဆရာတော်လေး အရှင်ကုမုဒတို့ လိုက်ပါကြပါတယ်။ စေတနာပန်းခင်းဆရာတော်လေး အရှင်ကုမုဒက စစ်ကိုင်းတိုင်း၊ လဟယ်မြို့နယ်မှ နာဂသမီးငယ်လေးတွေကို ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသို့ လိုက်ပို့တာပါ။ နာဂသမီးငယ်လေးတွေက ချစ်စရာလေးတွေပါ။ ပုထိုးတော်ကြီးစာသင်ကျောင်းမှာ အလယ်တန်း၊ အထက်တန်း ကျောင်းသားကျောင်းသူ (၆၀)မှ (၈၀)အထိ ရှိပါတယ်။ ဆရာ ဆရာမ (၃၀)နီးပါးရှိပြီး နေ့ရောညပါ ...
သတင်း

ဥပုသ်နေ့တစ်နေ့တာ (၂)

ကဆုန်လဆုတ်(၁၅)ရက်၊ (14.5.2018)ရက်နေ့၊ ညနေပိုင်းမှာ စစ်ကိုင်းမြို့၊ အောင်မြေဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ရောက်ရှိခဲ့ပါတယ်။ ကျောင်းအုပ်ဆရာတော်လေး ဦးဝိလာသက (၂၈)ဝါ ရှိပါပြီ။ ဘကပညာရေးတည်ထောင်တာ (၁၅)နှစ်တောင် ရှိပါပြီ။ လက်ရှိမှာ ကျောင်းသားကျောင်းသူ (၂၂၈၀)ရှိပါတယ်။ အမြဲနေကျောင်းအိပ်ကျောင်းစား ကိုရင် သီလရှင် ကျောင်းသား ကျောင်းသူ (၃၀၀)ကျော်ရှိပါတယ်။ ဗမာစကားမတတ်သေးတဲ့ ကလေးငယ်တွေ၊ မူလတန်း အလယ်တန်းအောင်ပြီး ရွာမှာ တက်စရာကျောင်းမရှိတော့တဲ့ကငယ်တွေနှင့် စစ်ကိုင်းမြို့ဝန်းကျင်မှ ကျောင်းသူကျောင်းသားလေးများ တက်ရောက်သင်ယူကြတယ်လို့ ဆိုပါတယ်။ အဆောက်အဦးကလည်း များပြား၊ ကစားစရာတွေလည်းလုပ်ထား၊ စာကြည့်တိုက်ကလည်း သီးသန့် စုံနေလို့ပါပဲ။ ဗမာစကားမတတ်တဲ့ကိုရင်လေးတွေကို ဗမာဇာတ်ကားပြထားတာ ...
မန်းမဟော်သဓာသတင်း

ဥပုသ်နေ့တစ်နေ့တာ (၁)

ကဆုန်လဆုတ်(၁၅)ရက်၊ (14.5.2018)ရက်နေ့၊ မွန်းလွဲ (၃း၀၀)နာရီလောက်မှာ မန်း မဟော်သဓာတည်ရှိရာ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာသို့ ရောက်ရှိပါတယ်။ ရန်ကုန်မှ ဝင်းကိုကိုလတ်တို့ဇနီးမောင်နှံနှင့် အမျိုးသားရေးညီငယ် ညီမငယ်လေးများလည်း လိုက်ပါလာကြပါတယ်။ မဟော်သဓာမြေကွက်ထဲမှာ သစ်ပင်ပန်းပင်တွေ စိုက်ပျိုးဖို့အတွက် နေရာသတ်မှတ်ခြင်း၊ ကျင်းတူးခြင်း စသည်ဖြင့် လုပ်အားပေးနေကြတာကိုလည်း တွေ့ရပါတယ်။ လုပ်အားပေးသူများကတော့ မျိုးချစ်သမဂ္ဂဥက္ကဋ္ဌ အရှင်ဣန္ဒကနှင့် ရန်အောင်မြင်ရွာ ကျောင်းသူကျောင်းသားလေးများ၊ မျိုးချစ်များပဲ ဖြစ်ပါတယ်။ ကျင်းတူးရေး သစ်ပင်စိုက်ပျိုးရေးအတွက် ဆက်လက်လုပ်ဆောင်သွားကြမယ်လို့ ဆိုပါတယ်။   “ဥပုသ်နေ့တစ်နေ့တာ (၁)” ကဆုန်လဆုတ်(၁၅)ရက်၊ (14.5.2018)ရက်နေ့၊ မွန်းလွဲ (၃း၀၀)နာရီလောက်မှာ မန်း ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၀၂

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ညောင်ပင်သာရွာ၊ ချမ်းသာရကျောင်းတိုက် အရှင်တေဇိန္ဒ က အလှူငွေ ၅၀၀၀၀၀ိ (ငါးသိန်းကျပ်) လှူဒါန်းစဉ်။ (16.5.2018) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀,၀၀၀(ဘတ်တစ်သိန်း) ထိုင်းနိုင်ငံ ...