ဂျော့ဆိုးရော့စ်ကို ဟန်ဂေရီကနှင်ထုတ်လိုက်ပြီ
ဂျော့ဆိုးရော့စ်ဟာ နိုင်ငံရေးပွဲစားကြီးတစ်ဦးပါ။ အခုတော့ လူကုန်ကူးမှုတွေတောင် လုပ်နေပါပြီ။ ဖောင်ဒေးရှင်းကိုအကြောင်းပြပြီး ရွှေ့ပြောင်းမူဆလင်တွေကို နိုင်ငံတကာကိုတင်သွင်းနေတဲ့ လူကုန်သည်အကြီးစားကြီးပါ။ ဟန်ဂေရီက သူမနေနိုင်အောင် ဥပဒေတွေထုတ်ပြန်ပြီးကန့်သတ်လိုက်လို့ အခုထွက်ပြေးရပါပြီ။ မြန်မာပြည်မှာတော့ သူဝယ်ထားတဲ့ မြန်မာ O.S.F ရှိပါတယ်။ အဲဒီအဖွဲ့ဟာ အရင်တုန်းက ပြည်သူ့အတွက်ဆိုပြီး မိုးလားကဲလား သဲပြခဲ့ကြတဲ့သူတွေပါ။ ဇိမ်ခံကားကြီးတွေနဲ့၊ ဇိမ်ခံပစ္စည်းတွေနဲ့ သာယာနေကြပြီဖြစ်လို့ ပြည်သူတွေအတွက် ဘာတစ်ခုမှ လုပ်မပေးကြတော့ဘဲ ပါတီထောင်မှာလိုလို၊ လွှတ်တော်ပြင်ပနိုင်ငံရေးအဖွဲ့လိုလို ယောင်ခြောက်ဆယ်ထိုင်စားနေကြတဲ့ အလုပ်လက်မဲ့အဖွဲ့အစည်းကြီးပါ။ အဲဒီလိုပဲ ဟိုဟာမကြီးနဲ့လည်း ဂျော့ဆိုးရော့စ်ကိုယ်တိုင် လာတွေ့ခဲ့ဖူးပါတယ်။ ရခိုင်အထိတောင် သွားခွင့်ရရှိခဲ့သူပါ။ အခုတော့ သူ့အစား သူ့သားလေးကို စေလွှတ်နေပါပြီ။ ...
ရှင်ပြုအလှူ အနုမောဒနာတရားတော်
ကဆုန်လပြည့်ကျော်(၁၄)ရက်၊ (13.5.2018)ရက်နေ့၊ မွန်းတည့်(၁၂း၀၀)နာရီ၊ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ သစ်ဆိမ့်တိုက်၊ ရတနာသိင်္ဃကျောင်းမှာ ကျင်းပပါတယ်။ အလှူဒါယကာ ဦးမြင့်အောင်+အလှူဒါယိကာမ ဒေါ်ညွန့်ညွန့်ခိုင် မိသားစုတို့ရဲ့ ရှင်ပြုအလှူလေးပါ။ နေ့ဆွမ်းဆက်ကပ်အပြီးမှာ ရေစက်ချတရား နာယူကြတာပါ။ ကျောင်းထိုင်ဆရာတော် အရှင်ဝါသဝ(မန်း မဘသ)နှင့် ပင့်သံဃာသုံးပါးတို့ ကြွရောက်ကြပါတယ်။ ပရိတ်တရားဟောကြားအပြီးမှာ စာရေးသူက အနုမောဒနာတရားဟောကြားပါတယ်။ ဒါနနှင့်ပတ်သက်တဲ့ တရားအတိုလေးပါ။ သုမနသုတ္တန် ဖြစ်ပါတယ်။ လူချင်းတူပေမဲ့ အသက်ရှူချင်း ကွဲပြားသလိုပါပဲ လူ့ဘဝရောက်တာချင်းအတူတူ လှူခဲ့သူက မလှူခဲ့သူအပေါ် လူ့စည်းစိမ်များဖြင့် လွှမ်းမိုးနိုင်ပုံ၊ နတ်ချင်းအတူတူ လှူခဲ့သူက မလှူခဲ့သူအပေါ် နတ်စည်းစိမ်များဖြင့် လွှမ်းမိုးနိုင်ပုံ၊ ရဟန်းချင်းအတူတူ လှူတဲ့သူက မလှူတဲ့သူအပေါ် ...