မာလကာခြံ နဂါးနီစုဘူးအသင်း ငွေပေးပွဲ
အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မာလကာခြံရပ်ကွက်မှာရှိတဲ့ နဂါးနီစုဘူး အမှတ်(၂) စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။ ဒီကနေ့ (21.5.2018) မွန်းလွဲ(၂း၀၀)နာရီ မာလကာခြံရပ်ကွက် ပြည်လုံးအံ့ဓမ္မာရုံမှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယက တက်ရောက်ကြပြီး သြဝါဒချီးမြှင့်ပါတယ်။ နှစ်သိန်းတန်း အသင်းဝင် (၅၉)ဦး တစ်ဦးလျှင် နှစ်သိန်းကျပ်စီနှင့် တစ်သိန်းတန်း(၁၈)ဦး တစ်ဦးလျှင် တစ်သိန်းကျပ်စီ ထုတ်ပေးခဲ့ပါတယ်။ ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် မာလကာခြံရပ်ကွက်နဂါးနီစုဘူးအသင်းဟာ ဒုတိယမြောက် အမှတ်(၂)စုဘူးဖြစ်ပြီး (17.10.2013)ရက်နေ့မှာ တည်ထောင်ပေးခဲ့ပါတယ်။ ယခုအခါ အသင်းဝင်(၇၇)ဦးရှိပြီး နှစ်သိန်းတန်း(၅၉)ဦး၊ တစ်သိန်းတန်း(၁၈)ဦး ဖြစ်ပါတယ်။ ရည်ရွယ်ချက် နဂါးနီစုဘူးအသင်းများကို ဆင်းရဲသားပြည်သူများသက်သာချောင်ချိရေး၊ ကိုယ်ကျင့်တရားတိုးတက်မြင့်မားရေး၊ ...
ဂျပန်သတင်းသမားလေး ဇွဲကြီးသည်
17.5.2018 ရက်နေ့၊ မနက်ပိုင်းမှာ သဟာယကျောင်းသို့ရောက်ရှိလာပါတယ်။ ကြိုတင်ချိတ်ဆက်ထားသူမဟုတ်တော့ လက်မခံလိုက်ပါ။ ဗျူးဖို့ရည်ရွယ်ထားသူတွေထဲမှာ ရှင်မတောင်ဆရာတော်၊ နိရုတ္တိဆရာတော်အပါအဝင် မဘသဆရာတော်များစာရင်း တွေ့ရှိရပါတယ်။ မဟော်သဓာ၊ ဘက စတဲ့ ကျောင်းစာရင်းတွေလည်း တွေ့ရှိရပါတယ်။ ဒါကြောင့် အတွေ့မခံတော့ဘဲ နိရုတ္တိသို့ လွှတ်လိုက်ပါတယ်။ နိရုတ္တိသွားပြီးတဲ့အခါ စာရေးသူထံပြန်လာပါတယ်။ တပည့်လေးတွေက အထောက်အထားတောင်းတဲ့အခါ ဘာမှမပြနိုင်လို့ ပြန်လွှတ်လိုက်ပါတယ်။ နေ့လည်ပိုင်းရောက်တော့ မင်းကွန်းပုထိုးတော်ကြီး ဘကကျောင်းကို သွားကြောင်း သိရပါတယ်။ အဲဒီကနေတစ်ဆင့် မန်း မဟော်သဓာသို့ ဆက်သွားမယ်လို့ သိရပါတယ်။ အင်တာဗျူးတော့ ဖြေမပေးနိုင်ဘူး၊ ဝါစာချနေတာကို ရိုက်ကူးချင်ရင်တော့လာခဲ့လို့ ...