Daily Archives: June 5, 2018
ပါရမီပျိုးခင်းသွေးလှူအသင်းသတင်း
မွေးနေ့ သွေးလှူဒါန်းပွဲကျင်းပမည်
26.6.2018 ရက်နေ့တွင် ကျရောက်မည့် ရွှေရတု မွေးနေ့အထိမ်းအမှတ်အဖြစ် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပသွားပါမယ်။ နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်တဲ့ စာရေးသူရဲ့ဇာတိ ကျောက်ဆည်မြို မိခင်စာသင်တိုက် မင်းကုန်းကျောင်းမှာ ကျင်းပမှာပါ။ အနယ်အရပ်ရပ်ရှိ မျိုးချစ်သံဃာတော်များ၊ မျိုးချစ်ပြည်သူများ ကြွရောက်သွေးလှူဒါန်းနိုင်ပါတယ်။ အမျိုးသားရေးအဖွဲ့အားလုံးကိုလည်း ဖိတ်စာဖြင့် သီးခြားဖိတ်ကြားပါမယ်။ အထူးထုတ်မဂ္ဂဇင်းထုတ်ဝေခြင်း၊ မွေးနေ့ကိတ် လှီးခြင်း စသည်တို့ မပါဝင်ပါ။ အစီအစဉ်တစ်ခုတော့ အမှတ်တရ ထည့်သွင်းထားပါတယ်။ ကဗျာပြိုင်ပွဲနှင့် ကဗျာရွတ်ပွဲဖြစ်ပါတယ်။ အမျိုးသားရေးအကြောင်း၊ နိုင်ငံရေးအကြောင်း၊ စီးပွားရေးအကြောင်း၊ ဘာသာ သာသနာရေးအကြောင်း၊ ယဉ်ကျေးမှုအကြောင်း၊ အမျိုးသားရေးခေါင်းဆောင် ဆရာတော်များအကြောင်း ရေးသားပေးပို့နိုင်ပါတယ်။ ဆုအားလုံးအတွက် ဆုငွေနှင့် အမှတ်တရဆုတံဆိပ်များ ...
မန်းမဟော်သဓာသတင်း
ကျောက်ချောရွာကျူရှင်ကျောင်းအတွက် ကြိုတင်ပြင်ဆင်နေပုံ
နယုန်လပြည့်ကျော် (၆)ရက်၊ 4.6.2018 ညနေ ၄း၃၀ နာရီ၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာသို့ ရောက်ရှိခဲ့ပါတယ်။ ကျူရှင်ကျောင်းအတွက် စာသင်ခုံများပြုလုပ်ပြီးပါပြီ။ ဆက်လက်ဆေးသုတ်နေကြပါတယ်။ မန်းမဟော်သဓာ အခမဲ့အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးဝင်းအတွင်းမှာ မြေညှိနေပါပြီ။ သရက်၊ ပိန်းန္နဲ၊ သံပုရာ၊ ငှက်ပျော စတဲ့သီပင်းစားပင်များလည်း စိုက်ပျိုးပြီးပါပြီ။ နယုန်လပြည့်နေ့တုန်းက မျိုးချစ်သမဂ္ဂ(မန္တလေး)နှင့် ကျောက်ဆည် မဘသ အဖွဲ့ သစ်ပင်စိုက်ပျိုးရေးအဖွဲ့တို့ ဦးစီးစိုက်ပျိုးကြတာပါ။ မကြာခင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ၉ တန်း ၁၀ တန်း ကျူရှင်ကျောင်းများ စတင်ဖွင့်လှစ်ပါတော့မယ်။ ၁၀ တန်း Repeaterတန်းများ ...
သတင်းလောကအလင်းပညာဒါနကျောင်း
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)
ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ ဦးလှဌေး(စင်္ကာပူ)မှ နဝကမ္မအလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းစဉ်။ (30.5.2018) အလှူရှင် ဦးလှဌေးနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊ မဟာအောင်မြေမြို့နယ် မာလကာခြံရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်နှင့် အောင်သာယာရပ်ကွက်၊ ဇဇ (၃၄) ရပ်ကွက်၊ ...
သတင်း
မန်း မဘသ ယဉ်ကျေးလိမ္မာဆုနှင်းသဘင်
နယုန်လပြည့်ကျော် (၄)ရက်၊ 2.6.2018 စနေနေ့၊ မွန်းတည့် ၁၂း၀၀ နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ပြည်ကြီးမျက်ရှင်ကားကွင်းအနီး လမ်း(၆၀)၊ (၄၁×၄၂)လမ်းကြား၊ မဟာဝိဇယကျောင်းတိုက်မှာကျင်းပပါတယ်။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်)မန္တလေးမြို့ (မန်း မဘသ)အဖွဲ့က ဦးစီးကျင်းပတဲ့ တိုင်းအဆင့် စာမေးပွဲကြီးပါ။ တတိယအကြိမ် ဆုနှင်းသဘင်ဖြစ်ပါတယ်။ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့မှ ကျောင်းသူကျောင်းသားလေးများ လာရောက်ဖြေဆိုကြပါတယ်။ ဖြေဆိုသူ (၉၀၀)ကျော်မှ အထူးအောင်များနှင့် နှစ်သိမ့်ဆုများကိုသာ ဆုပေးပါတယ်။ ရိုးရိုးအောင်သူများကို အောင်လက်မှတ်ပဲ ပေးပါတယ်။ အခမ်းအနားမှာ ရမည်းသင်း၊ ပျော်ဘွယ် စသည့် နယ်မြို့များနှင့် ...