Daily Archives: June 7, 2018

သတင်း

ပုဆိန်ရွာ ပုဆိန်ဆရာတော် ပုဆိန်တရားပွဲ

နယုန်လဆုတ် (၅)ရက်၊ 3.6.2018 ရက်နေ့၊ ကရင်ပြည်နယ်၊ ဘားအံမြို့၊ မဲဘောင်ကျောင်းတိုက်၊ ကရင် မဘသ အခမ်းအနားမှအပြန် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မော်ဘီကျေးရွာသို့ ရောက်ရှိခဲ့ပါတယ်။ ဘုန်းကြီးကျောင်းအပေါ်ထပ်မှာ လူအုပ်စုနှစ်ခု ရန်ဖြစ်နေကြလို့ လူစုကွဲအောင် ခြောက်လန့်တဲ့အနေနဲ့ ပုဆိန်ပြေးယူပြီး ပုဆိန်နဲ့ရွယ်ဖို့ ပြန်ထွက်အလာ ကျောင်းဒကာတွေက အခန်းဝမှ ပုဆိန်ကိုဝိုင်းလုပြီး ကျောင်းအောက်ထပ်သို့ ပစ်ချလိုက်တာကို ရွာမျက်နှာဖုံးဆိုသူ အမျိုးသမီးတစ်ဦးက သံဃနာယကကိုတိုင်လို့ သံဃနာယက က ဝိနည်းဓိုရ်ဖွဲ့ကာ နှင်ထုတ်လိုက်တဲ့အမှု၊ နှင်ထုတ်လို့မထွက်တဲ့အတွက်ကြောင့် အာဏာစက်ကိုလွဲကာ အာခံမှုနဲ့ ထောက်ချဖို့ကြံစည်ကြတဲ့အမှု ဒီရွာလေးမှာ ဖြစ်ခဲ့ပါတယ်။ ...
သတင်း

သန်းခြောက်ထောင်ကျော်တန် ကလောင်ရှင်များ

မြန်မာနိုင်ငံက အမျိုးသားရေးလှုပ်ရှားနေတဲ့ အဖွဲ့ကြီးဖြစ်တဲ့ အမျိုးဘာသာ၊ သာသနာစောင့် ရှောက်ကြီးရေးအဖွဲ့ကြီး (မဘသ) နဲ့ မြန်မာသံဃာတော် ၂ ပါးကို ရိုဟင်ဂျာမွတ်စလင်တွေအပေါ် အမုန်းတရားဖြန့်ဝေ ရေးသားမှုနဲ့ နာမည်ပျက်စာရင်းသွင်း ပိတ်ပင်လိုက်တယ်လို့ လူမှုရေးမီဒီယာ ကွန်ယက်ဖြစ်တဲ့ Facebook ကုမ္ပဏီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။ Facebook စာမျက်နှာမှာ ရေးသားပြောဆိုတာတွေကို စိစစ်ပြီး မဘသအဖွဲ့နဲ့ ဆရာတော် ဦးပါမောက္ခ၊ ဦးသုစိတ္တ တို့ကို Facebook က နာမည်ပျက်စာရင်းသွင်း ဖယ်ရှားလိုက်တာဖြစ်ပါတယ်။ သူတို့ကို Facebook စာမျက်နှာမှာ ရပ်တည်ခွင့် မပြုနိုင်ပါဘူး၊ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၁၁

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ရေစကြိုမြို့ ဦးဇောတိကနှင့် ဦးကောသလ္လ တို့မှ အလှူငွေ ၂၀၀၀၀၀ိ (နှစ်သိန်းကျပ်) လှူဒါန်းစဉ်။ (6.6.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀,၀၀၀(ဘတ်တစ်သိန်း) ထိုင်းနိုင်ငံ ပန်းပျိုးလက် ...