ဇဇ(၃/၄) ကံသာယာရပ်ကွက် နဂါးနီစုဘူးအသင်း ငွေပေးပွဲ
အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကံသာယာ ဇဇ(၃-၄)ရပ်ကွက်ရှိ နဂါးနီစုဘူး အမှတ်(၄) စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။ (28.6.2018) မွန်းလွဲ(၄း၀၀)နာရီ ကံသာယာရပ်ကွက် နဂါးနီစုဘူးအသင်းဝင် ဦးအေးမောင်ရဲ့အိမ်မှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယက အရှင်ဇဝန၊ နဂါးနီစုဘူးသတင်းထောက် အရှင်ခေမိန္ဒ (ဝီရခေမိန်)တို့ တက်ရောက်ကြပြီး အသင်းနာယက အရှင်ဇဝနမှ သြဝါဒမိန့်ကြားပါတယ်။ တစ်သိန်းခွဲတန်း အသင်းဝင်(၃၀)ဦးတို့အား တစ်ဦးလျှင် တစ်သိန်းခွဲကျပ်စီ ထုတ်ပေးခဲ့ပါတယ်။ ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် ကံသာယာ ဇဇ(၃-၄) နဂါးနီစုဘူးအသင်းဟာ စတုတ္ထမြောက် အမှတ်(၄)စုဘူးဖြစ်ပြီး (၂၆.၇.၂၀၁၄)ရက်နေ့မှာ စတင်တည်ထောင်ပေးခဲ့ပါတယ်။ ရည်ရွယ်ချက် နဂါးနီစုဘူးအသင်းများကို ဆင်းရဲသားပြည်သူများသက်သာချောင်ချိရေး၊ ...
အမျိုးသားရေးကဗျာပြိုင်ပွဲကြီး
စာရေးသူရဲ့ ရွှေရတုမွေးနေ့အထိမ်းအမှတ် အမျိုးသားရေးကဗျာပြိုင်ပွဲကြီးကို 26.6.2018 ရက်နေ့၊ ည ၇း၀၀ နာရီမှာ ကျင်းပပါတယ်။ စာရေးသူရဲ့ဇာတိ ကျောက်ဆည်မြို့၊ မိခင်စာသင်တိုက်ဖြစ်တဲ့ မင်းကုန်းကျောင်းတိုက်မှာ ကျင်းပတာပါ။ ကဗျာပြိုင်ပွဲဝင် သံဃာတော်များ၊ သီလရှင်များ၊ ကဗျာဆရာ ကဗျာဆရာမများ ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ ကဗျာပေးပို့သူ (၆၈)ဦးမှ ကိုယ်တိုင်ရွတ်ဖတ်သူ ကိုယ်စားရွတ်ဖတ်သူ စုစုပေါင်း (၃၃)ဦးကို ပဏာမအဆင့် ရွေးချယ်ကြပါတယ်။ ၎င်း (၃၃)ဦးထဲမှ အမှတ်အများဆုံး (၁၁)ဦးကို ပြန်လည်ရွေးချယ်ပါတယ်။ ဆုပေးမှာက (၁၀)ဦးတည်းပါ။ ဒါကြောင့် အမှတ်တူနေတဲ့ နှစ်ယောက်ကို ပြန်လည်စိစစ်ပါတယ်။ ဒိုင် (၅)ဦးလုံး ပြန်လည်စိစစ်ပြီး ဆုရသူ ...
ဆရပ်ကွက် နဂါးနီစုဘူးအသင်း ငွေပေးပွဲ
အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဆ ရပ်ကွက်မှာရှိတဲ့ နဂါးနီစုဘူးအမှတ်(၁) စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။ (27.6.2018) မွန်းလွဲ(၃း၀၀)နာရီ ဆရပ်ကွက် ဂျပန်ကျောင်းတိုက်မှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယကဆရာတော် အရှင်ဇဝန၊ ဂျပန်ကျောင်းဆရာတော်ဦးသုဇာတနှင့် ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မာ၊ အတွင်းရေးမှူး ဒေါ်ကြင်ကြင်မြိုင်တို့ တက်ရောက်ကြပြီး ဂျပန်ကျောင်းဆရာတော် ဦးသုဇာတ က သြဝါဒချီးမြှင့်ပါတယ်။ တစ်သိန်းတန်း(၁၁၃)ဦးအတွက် တစ်ဦးလျှင် တစ်သိန်းကျပ်စီ ထုတ်ပေးခြင်းဖြစ်ပါတယ်။ ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် ဆ ရပ်ကွက်နဂါးနီစုဘူးအသင်းဟာ ပထမဦးဆုံး အမှတ်(၁)စုဘူးဖြစ်ပြီး (၁.၉.၂၀၁၃)ရက်နေ့မှာ တည်ထောင်ပေးခဲ့ပါတယ်။ ဆ ရပ်ကွက် အသင်းဝင်များထဲမှာ ဗုဒ္ဓဘာသာအပြင် ...