“ပထမဆုရ ရိုးရာ(ဂန္ထဝင်)ကဗျာ”
“ပထမဆုရ ရိုးရာ(ဂန္ထဝင်)ကဗျာ” ကဗျာအမည် – သူ့ Dictionary ကဗျာဆရာ – သာကီနွယ်(နတ်မောက်) ရမှတ် – (၃၇)မှတ် “သူ့ DICTIONARY” =DICTIONARYသူသည် တိုင်းပြည်ဆွဲလိပ် ၊ ကျွန်တံဆိပ်ဖြင့် ခပ်နှိပ်လေရာ ၊ ထိုအခါ၌ ဘာသာလူမျိုး ၊ တိုင်းပြည်ကျိုးကို မြတ်နိုးနှစ်သက် ၊ ရင်ဖြင့်ဆက်၍ အသက်ကိုချွတ် ၊ သတ္တိဆွတ်လျှက် တိုက်ပွတ်ဆေးသုတ် ၊ ကျွန်နံ့ရုတ်သည့် ဦးဥတ္တမ ၊ နှလုံးလှကို လုံးဝမိတ္တူ ဆွဲခဲ့သူ။ သူသည် ဗုဒ္ဓမြတ်စွာ ...
ရွှေရတုမွေးနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ (ရန်ကုန်)
26.6.2018 ရက်နေ့၊ မနက် ၇း၀၀ နာရီ၊ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ခုတင်(၁၀၀၀) တပ်မတော်ဆေးရုံမှာ ကျင်းပပါတယ်။ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)နှင့် အမျိုးသားရေးညီအစ်ကိုမောင်နှမများ(ရန်ကုန်) ဦးဆောင်ကျင်းပတာပါ။ ပဉ္စမအကြိမ်မြောက် ကျင်းပခြင်း ဖြစ်ပါတယ်။ မျိုးချစ်သံဃာတော်များနှင့် မျိုးချစ်ပြည်သူများ ကြွရောက်လှူဒါန်းကြပါတယ်။ သွေးအိတ်ပေါင်း (၁၄၁)အိတ် ရရှိခဲ့ပါတယ်။ ဆက်လက်လှူဒါန်းလိုသူများ များစွာရှိသော်လည်း သွေးအိတ်လက်ခံနိုင်မှုပမာဏ ပြည့်သွားသောကြောင့် မလှူလိုက်ရဘဲ ပြန်သွားကြရတာပါ။ ခန္ဓာကိုယ်လှူဒါန်းသူပေါင်း (၁၄)ဦးရှိပါတယ်။ သွေးလှူရှင်များအား ဆရာငြိမ်းချမ်းသာ၏ ‘ရွာပြင်ထုတ်ခံရသူကြီး’စာအုပ် မေတ္တာလက်ဆောင်ပေးပါတယ်။ ထို့အပြင် ရွှေရတုမွေးနေ့အထိမ်းအမှတ်အဖြစ် နဝကမ္မဝတ္ထုငွေ (၁၅)သိန်းကျပ် လှူဒါန်းကြပါတယ်။ စာရေးသူအား လှူဒါန်းကြခြင်း ဖြစ်ကာ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)နှင့် အမျိုးသားရေးညီအစ်ကိုမောင်နှမများ(ရန်ကုန်)တို့ စုပေါင်းလှူဒါန်းကြတာပါ။ ဒီကနေ့ ...
မုဒိတာရပ်ဝန်း” (နဝကမ္မ အလှူတော်)
ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မော်လမြိုင်မြို့ ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀၀(သုံးသိန်း)ကျပ်၊ မလုလုဆိုင်(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀(သုံးသောင်း)ကျပ်၊ မခင်သက်စံမှ၂၀၀၀၀(နှစ်သောင်း)ကျပ်၊ မဆုမွန်သက်မှ ၂၀၀၀၀(နှစ်သောင်း) ကျပ် စုစုပေါင်း ၃၇၀၀၀၀(သုံးသိန်းခုနစ်သောင်း)ကျပ် လှူဒါန်းပါသည်။ (2.7.2018) ယွန်းဝတီမိသားစု အမှူးပြုသော အလှူရှင်မိသားစုများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ...
ဒုတိယဆုရ မော်ဒန်ကဗျာ
“ဒုတိယဆုရ မော်ဒန်ကဗျာ” =============== ကဗျာအမည် – ဆောင်းအိပ်မက်နှင့် ရွှေပြည်တော် ကဗျာဆရာ – နေမင်းနွယ် (မကွေး) ရမှတ် – (၄၅)မှတ် ———————————— “ဆောင်းအိပ်မက်နှင့် ရွှေပြည်တော်” ==================== “ချစ်ပါတယ်”စကားလုံးကို သုံးလိုက်ရင် ရင်စို့အတည့် ပစ်ပစ်ထိုးနေတဲ့ ဓားချက်တွေတောင် ကျီစယ်သယောင်ထင်တဲ့ တိုင်းပြည်မှာ “ရိုးအ”ခြင်းတွေ ချနင်းခံတာ သိပ်တော့ မဆန်းပါဘူး။ ရိုးသားမှုမှာ ရဲရင့်ခြင်းအတောင်အတက်တွေ မထွက်သေးသ၍ အနှစ်တစ်ထောင်ကျော်က ပုဂံပြည်လို ကျုပ်တို့နှလုံးသားတွေ “အ-ခြင်း” နာတာရှည်တွေ ဖြစ်နေဦးမှာပဲ ရိုးလိုက်ကြစမ်းပါ ပိုးစိုးပက်စက် ...
ဒုတိယဆုရ ရိုးရာ(ဂန္ထဝင်)ကဗျာ
“ဒုတိယဆုရ ရိုးရာ(ဂန္ထဝင်)ကဗျာ” ================== ကဗျာအမည် – ရွာပြင်ထုတ်လည်း လှုပ်နှိုးမည် ကဗျာဆရာ – ဒီဒီ (ရွှေခြံသား) ရမှတ် – (၃၃)မှတ် —————————————– “ရွာပြင်ထုတ်လည်း လှုပ်နှိုးမည်” တို့ပြည်တို့တိုင်း တို့သမိုင်း မှိုင်းမှိုင်းမှုန်ရီ ညှိုခြေပြီ။ တို့ပြည်တို့နယ် တို့ကာကွယ် မကယ် “မ”တည် တိုးနေပြီ။ တို့ပြည်တို့မျိုး တို့စည်းရိုး ရိုက်ချိုးတပ်ချီ ကျိုးကျေပြီ။ တို့ပြည်တို့ရွာ တို့မြန်မာ ဝိုင်းညာပလီ ခိုးနေပြီ။ တို့ပြည်တို့သွေး တို့ကလေး ယဉ်ကျေးသွေဖီ ဆိုးပေပြီ။ တို့ပြည်တို့ချင်း တို့သွေးရင်း ...