Monthly Archives: July 2018
သတင်း
မန်းမဟော်သဓာသတင်း
ကျောက်ချောရွာကျူရှင်ကျောင်းအစည်းအဝေး
7.7.2018 ရက်နေ့၊ မနက် ၈း၃၀ နာရီ၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာ၊ ပညာဒါနကျူရှင်ကျောင်းမှာ ကျင်းပပါတယ်။ ဘာသာရပ်ဆိုင်ရာ သင်ကြားရေးဆရာ ဆရာမများ ဂိုက်ဆရာ ဆရာမများ အချိန်ဇယား အတည်ပြုနိုင်ရေးနှင့် ပညာရေးဆိုင်ရာလိုအပ်ချက်များအားလုံး ဝိုင်းဝန်းဆွေးနွေးကြပါတယ်။ မနက် ၁၁း၀၀ နာရီထိုးမှ ပြီးဆုံးပါတယ်။ အစည်းအဝေးပြီးပြီးချင်း ဆရာ ဆရာမများက အတန်းပြန်ဝင်ကြပါတယ်။ ကျောက်ချောရွာပညာဒါနကျူရှင်ကျောင်းမှာ ကိုးတန်း ဆယ်တန်း ကျောင်းသူကျောင်းသားပေါင်း (၂၀၀)နီးပါး ရှိပါတယ်။ ဘာသာတွဲအလိုက် ပြသပေးနေပါတယ်။ ကျောင်းအုပ်ဆရာတော်လေး ဦးဣန္ဒက၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးမြင့်၊ ပညာရေးကော်မတီဥက္ကဋ္ဌ ...
သတင်း
7.7.2018 ရက်နေ့၊ မနက် ၆း၀၀ နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ ဆက်ကပ်ပါတယ်။ ဆွမ်းအလှူရှင်များကတော့ ဦးဌေးမင်းနှင့် ဦးအောင်ချမ်းမင်း ညီအစ်ကိုနှစ်ဦး မိသားစုတို့ ဖြစ်ပါတယ်။   ဖခင်ကြီး ဦးချစ်မောင် ကွယ်လွန်ခြင်း (၁၅)နှစ်ပြည့် ရည်မှန်းကုသိုလ်ပွဲလေးပါ။ ညီတော်မောင် နာယကဆရာတော်လေးများ ကြွရောက်ချီးမြှောက်ပါတယ်။ သဟာယသံဃာတော်များအား တစ်ပါးလျှင် ၅၀၀၀ ကျပ်စီ လှူဒါန်းပါတယ်။ အရုဏ်ဆွမ်းကတော့ နို့စိမ်းခေါက်ဆွဲ ဖြစ်ပါတယ်။ အရုဏ်ဆွမ်းကပ်အပြီးမှာ ပရိတ်တရားနာယူကြပြီး ဖခင်ကြီးဦးချစ်မောင်အား ရည်စူး၍ အမျှပေးဝေပါတယ်။ “သဟာယကျောင်း ဆွမ်းကပ်အလှူ”   7.7.2018 ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၂၄
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေးမြို့၊ ဗိုလ်မှူးမြတ်မင်း မိသားစုမှ အလှူငွေ ၃၀၀၀၀ိ (သုံးသောင်းကျပ်) လှူဒါန်းပါသည်။ မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀,၀၀၀(ဘတ်တစ်သိန်း) ထိုင်းနိုင်ငံ ပန်းပျိုးလက် ပရဟိတအဖွဲ့က အလှူငွေ ...
သတင်း
ဂျပန်သတင်းဌာနနှင့် အင်တာဗျူး
ပထမဝါဆိုလဆုတ် (၈)ရက်၊ 5.7.2018 ရက်နေ့၊ မနက် ၉း၀၀ နာရီ၊ ဓမ္မသဟာယကျောင်းမှာ လက်ခံဖြေကြားပေးပါတယ်။ Vice Japan သတင်းဌာန Documentary အစီအစဉ်အတွက် သတင်းထောက်မ Hirokazu Kishida နှင့်အဖွဲ့က လာရောက်လျှောက်ထားကြတာပါ။ ဂျပန်ဘာသာပြန် ဂိုက်ဆရာတစ်ဦး ဘာသာပြန်ပေးပါတယ်။   မေးခွန်းအများစုက အပြုသဘောဆောင်ပါတယ်။ လောကအလင်း၊ ကျောက်ချောရွာကျူရှင်ကျောင်း၊ မင်းကွန်းပုထိုးတော်ကြီး ဘကကျောင်းအပါအဝင် ပရဟိတလုပ်ငန်းတွေနှင့်ပတ်သက်ပြီး ပြည်တွင်းပြည်ပမီဒီယာတွေက ဘာကြောင့် မရေးသားကြ၊ မထုတ်လွှင့်ကြတာလို့ ထင်ပါသလဲ၊ ဗုဒ္ဓဘာသာဝင်ထဲမှာပဲ စာရေးသူကို မကြည်ညိုတဲ့သူ၊ မထောက်ခံတဲ့သူတွေရှိနေတာတွေ့ရတယ်။ ဘာကြောင့်လို့ထင်ပါသလဲ ...
သတင်း
ဂျပန်သတင်းဌာန အင်တာဗျူးမိတ်ဆက်
4.7.2018 ရက်နေ့၊ မွန်းလွဲ ၁း၀၀ နာရီ၊ ဓမ္မသဟာယကျောင်းသို့ ရောက်ရှိလာပါတယ်။ ကြိုတင်ပြီး လျှောက်လွှာတင်ထားကြတာပါ။ Vice Japan သတင်းဌာနကပါ။ ကတိကဝတ်တွေ ကြိုတင်ပြုထားတဲ့အတိုင်း စည်းမျဉ်းစည်းကမ်းတွေ ရေးဆွဲပါတယ်။ သဘောတူညီကြောင်း လက်မှတ်ရေးထိုးကြပါတယ်။ 5.7.2018 ရက်နေ့မှ စတင်ပြီး ရုပ်သံမှတ်တမ်းတင်ကြမှာပါ။ လောလောဆယ် ကျောင်းတိုက်အတွင်း ရှုခင်းများရိုက်ယူခြင်း၊ စာဖတ်ဝိုင်းမှ ကိုရင်ဦးဇင်းများကို အင်တာဗျူးခြင်းများ ပြုလုပ်သွားပါတယ်။ အစီအစဉ်ကတော့ Documentary မှတ်တမ်းတင်ရုပ်သံသတင်းပါ။ မန်း မဘသ အဖွဲ့၊ မဘသ(ဗဟို)တို့မှာလည်း ခွင့်တောင်းပြီးသားပါ။ ရွာမဆရာတော်ကြီးနှင့် စာရေးသူတို့နှစ်ပါးကိုတော့ သီးခြားအမေးအဖြေလုပ်မှာလို့ ဆိုပါတယ်။ ...
သတင်း
တပည့် အရှင်ခေမိန္ဒ မွေးနေ့အလှူ
3.7.2018 ရက်နေ့ မနက် ၁၁း၀၀ နာရီ၊ ချမ်းမြသာစည်မြို့နယ်၊ ခိုင်ရွှေဝါလမ်း၊ ၆၆×၆၇ လမ်းကြား၊ Family Hopot ဆိုင်မှာ နေ့ဆွမ်းကပ်တာပါ။ တပည့်အရှင်ခေမိန္ဒ (ဝီရခေမိန်)ရဲ့ ၄၀ ပြည့်နှစ် မွေးနေ့အလှူပွဲလေးပါ။ တပည့် အရှင်စေတိယာလင်္ကာရာဘိဝံသနှင့် တပည့်များ ကြွရောက်ကြပါတယ်။ သံဃာတော်များအား နဝကမ္မနှင့် အမှတ်တရ လက်ဆောင်များ လှူဒါန်းပါတယ်။ Family Hopot မိသားစုကလည်း စာရေးသူအား သုံးသောင်းကျပ်နှင့် အခြားသံဃာတော်များကို တစ်သောင်းကျပ်စီ ကပ်လှူပါတယ်။ တစ်ခါမျှ ဟော့ပေါ့ဆိုင်မှာ မစားဖူးခဲ့ပါ။ ဟော့ပေါ့ဆိုင်က စာရေးသူမှန်းသိလို့ အထူးဂရုစိုက်ပါတယ်။ စားလို့လည်းကောင်းပါတယ်။ မွေးနေ့ရှင် ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၂၃
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မြဝတီမြို့နေ ဦးအောင်ချင်း (ဦးချင်း ကုန်မာဆိုင်)မိသားစုမှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းစဉ်။ (30.6.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀,၀၀၀(ဘတ်တစ်သိန်း) ထိုင်းနိုင်ငံ ပန်းပျိုးလက် ...
နဂါးနီစုဘူးသတင်း
ဆရပ်ကွက် နဂါးနီစုဘူးအသင်း ငွေပေးပွဲ
အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဆ ရပ်ကွက်မှာရှိတဲ့ နဂါးနီစုဘူးအမှတ်(၁) စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။ (5.7.2018) မနက်(၁၀း၀၀)နာရီ ဆရပ်ကွက် ဂျပန်ကျောင်းတိုက်မှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယကဆရာတော် အရှင်ဇဝန၊ ဂျပန်ကျောင်းဆရာတော်ဦးသုဇာတနှင့် ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မာတို့ တက်ရောက်ကြပြီး ဂျပန်ကျောင်းဆရာတော် ဦးသုဇာတ က သြဝါဒချီးမြှင့်ပါတယ်။ တစ်သိန်းခွဲတန်း(၁၆၀)ဦးအတွက် တစ်ဦးလျှင် တစ်သိန်းခွဲကျပ်စီ ထုတ်ပေးခြင်းဖြစ်ပါတယ်။ ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် ဆ ရပ်ကွက်နဂါးနီစုဘူးအသင်းဟာ ပထမဦးဆုံး အမှတ်(၁)စုဘူးဖြစ်ပြီး (၁.၉.၂၀၁၃)ရက်နေ့မှာ တည်ထောင်ပေးခဲ့ပါတယ်။ ဆ ရပ်ကွက် အသင်းဝင်များထဲမှာ ဗုဒ္ဓဘာသာအပြင် တခြားဘာသာဝင်တွေလည်း ပါဝင်တာတွေရပါတယ်။ ယခုအခါ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၂၂
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် စစ်ကိုင်းတောင်ရိုး၊ သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမ မှ အလှူငွေ ၅၀၀၀၀၀၀ိ (ငါးဆယ်သိန်းကျပ်) လှူဒါန်းပါသည်။ (5.7.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀,၀၀၀(ဘတ်တစ်သိန်း) ထိုင်းနိုင်ငံ ပန်းပျိုးလက် ...
သတင်း
“ပထမဆုရ ရိုးရာ(ဂန္ထဝင်)ကဗျာ”
“ပထမဆုရ ရိုးရာ(ဂန္ထဝင်)ကဗျာ” ကဗျာအမည် – သူ့ Dictionary ကဗျာဆရာ – သာကီနွယ်(နတ်မောက်) ရမှတ် – (၃၇)မှတ် “သူ့ DICTIONARY” =DICTIONARYသူသည် တိုင်းပြည်ဆွဲလိပ် ၊ ကျွန်တံဆိပ်ဖြင့် ခပ်နှိပ်လေရာ ၊ ထိုအခါ၌ ဘာသာလူမျိုး ၊ တိုင်းပြည်ကျိုးကို မြတ်နိုးနှစ်သက် ၊ ရင်ဖြင့်ဆက်၍ အသက်ကိုချွတ် ၊ သတ္တိဆွတ်လျှက် တိုက်ပွတ်ဆေးသုတ် ၊ ကျွန်နံ့ရုတ်သည့် ဦးဥတ္တမ ၊ နှလုံးလှကို လုံးဝမိတ္တူ ဆွဲခဲ့သူ။ သူသည် ဗုဒ္ဓမြတ်စွာ ...
သတင်း
ရွှေရတုမွေးနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ (ရန်ကုန်)
26.6.2018 ရက်နေ့၊ မနက် ၇း၀၀ နာရီ၊ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ခုတင်(၁၀၀၀) တပ်မတော်ဆေးရုံမှာ ကျင်းပပါတယ်။ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)နှင့် အမျိုးသားရေးညီအစ်ကိုမောင်နှမများ(ရန်ကုန်) ဦးဆောင်ကျင်းပတာပါ။ ပဉ္စမအကြိမ်မြောက် ကျင်းပခြင်း ဖြစ်ပါတယ်။ မျိုးချစ်သံဃာတော်များနှင့် မျိုးချစ်ပြည်သူများ ကြွရောက်လှူဒါန်းကြပါတယ်။ သွေးအိတ်ပေါင်း (၁၄၁)အိတ် ရရှိခဲ့ပါတယ်။ ဆက်လက်လှူဒါန်းလိုသူများ များစွာရှိသော်လည်း သွေးအိတ်လက်ခံနိုင်မှုပမာဏ ပြည့်သွားသောကြောင့် မလှူလိုက်ရဘဲ ပြန်သွားကြရတာပါ။ ခန္ဓာကိုယ်လှူဒါန်းသူပေါင်း (၁၄)ဦးရှိပါတယ်။ သွေးလှူရှင်များအား ဆရာငြိမ်းချမ်းသာ၏ ‘ရွာပြင်ထုတ်ခံရသူကြီး’စာအုပ် မေတ္တာလက်ဆောင်ပေးပါတယ်။ ထို့အပြင် ရွှေရတုမွေးနေ့အထိမ်းအမှတ်အဖြစ် နဝကမ္မဝတ္ထုငွေ (၁၅)သိန်းကျပ် လှူဒါန်းကြပါတယ်။ စာရေးသူအား လှူဒါန်းကြခြင်း ဖြစ်ကာ  မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)နှင့် အမျိုးသားရေးညီအစ်ကိုမောင်နှမများ(ရန်ကုန်)တို့ စုပေါင်းလှူဒါန်းကြတာပါ။ ဒီကနေ့ ...
မုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း” (နဝကမ္မ အလှူတော်)
ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မော်လမြိုင်မြို့ ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀၀(သုံးသိန်း)ကျပ်၊ မလုလုဆိုင်(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀(သုံးသောင်း)ကျပ်၊ မခင်သက်စံမှ၂၀၀၀၀(နှစ်သောင်း)ကျပ်၊ မဆုမွန်သက်မှ ၂၀၀၀၀(နှစ်သောင်း) ကျပ် စုစုပေါင်း ၃၇၀၀၀၀(သုံးသိန်းခုနစ်သောင်း)ကျပ် လှူဒါန်းပါသည်။ (2.7.2018) ယွန်းဝတီမိသားစု အမှူးပြုသော အလှူရှင်မိသားစုများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ...
သတင်း
ဒုတိယဆုရ မော်ဒန်ကဗျာ
“ဒုတိယဆုရ မော်ဒန်ကဗျာ” =============== ကဗျာအမည် – ဆောင်းအိပ်မက်နှင့် ရွှေပြည်တော် ကဗျာဆရာ – နေမင်းနွယ် (မကွေး) ရမှတ် – (၄၅)မှတ် ———————————— “ဆောင်းအိပ်မက်နှင့် ရွှေပြည်တော်” ==================== “ချစ်ပါတယ်”စကားလုံးကို သုံးလိုက်ရင် ရင်စို့အတည့် ပစ်ပစ်ထိုးနေတဲ့ ဓားချက်တွေတောင် ကျီစယ်သယောင်ထင်တဲ့ တိုင်းပြည်မှာ “ရိုးအ”ခြင်းတွေ ချနင်းခံတာ သိပ်တော့ မဆန်းပါဘူး။ ရိုးသားမှုမှာ ရဲရင့်ခြင်းအတောင်အတက်တွေ မထွက်သေးသ၍ အနှစ်တစ်ထောင်ကျော်က ပုဂံပြည်လို ကျုပ်တို့နှလုံးသားတွေ “အ-ခြင်း” နာတာရှည်တွေ ဖြစ်နေဦးမှာပဲ ရိုးလိုက်ကြစမ်းပါ ပိုးစိုးပက်စက် ...
သတင်း
ဒုတိယဆုရ ရိုးရာ(ဂန္ထဝင်)ကဗျာ
“ဒုတိယဆုရ ရိုးရာ(ဂန္ထဝင်)ကဗျာ” ================== ကဗျာအမည် – ရွာပြင်ထုတ်လည်း လှုပ်နှိုးမည် ကဗျာဆရာ – ဒီဒီ (ရွှေခြံသား) ရမှတ် – (၃၃)မှတ် —————————————– “ရွာပြင်ထုတ်လည်း လှုပ်နှိုးမည်” တို့ပြည်တို့တိုင်း တို့သမိုင်း မှိုင်းမှိုင်းမှုန်ရီ ညှိုခြေပြီ။ တို့ပြည်တို့နယ် တို့ကာကွယ် မကယ် “မ”တည် တိုးနေပြီ။ တို့ပြည်တို့မျိုး တို့စည်းရိုး ရိုက်ချိုးတပ်ချီ ကျိုးကျေပြီ။ တို့ပြည်တို့ရွာ တို့မြန်မာ ဝိုင်းညာပလီ ခိုးနေပြီ။ တို့ပြည်တို့သွေး တို့ကလေး ယဉ်ကျေးသွေဖီ ဆိုးပေပြီ။ တို့ပြည်တို့ချင်း တို့သွေးရင်း ...
သတင်း
15.6.2018 ရက်နေ့၊ ည ၆း၀၀ နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ဓမ္မစေတီကျောင်းတိုက်မှာ ကျင်းပပါတယ်။ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း ဆရာ ဆရာမများနှင့် ကျောင်းသူကျောင်းသားများ နာယူကြပါတယ်။ နတ်ဒေဝါများအားဖိတ်ခေါ်၍ ပရိတ် ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်မှုကို နာယူစေကာ မေတ္တာပို့သ အမျှပေးဝေခဲ့ပါတယ်။ ကျောင်းသူကျောင်းသားများနှင့် ဆရာ ဆရာမများ အန္တရာယ်ကင်းရေး မကျွတ်မလွတ်သေးသောသူများ သာဓုခေါ်နိုင်ရေးအတွက် ဖြစ်ပါတယ်။ ဆရာ ဆရာမများက ပဋ္ဌာန်းပစ္စယနိဒ္ဒေသကို သံဃာတော်များနှင့်အတူ အလွတ်ရွတ်ဆိုနိုင်သလို ကျောင်းသားကျောင်းသူအချို့ကလည်း အလွတ်ရွတ်ဆိုနိုင်ပါတယ်။ ခေသူမဟုတ်သူတွေပေါ့ဗျာ။   “ကတော့ပွဲမပါတဲ့ ပဋ္ဌာန်းပွဲလေးပါ” 15.6.2018 ရက်နေ့၊ ...
သတင်း
အိုဘယ့် နိုင်ငံရေး
“အိုဘယ့် နိုင်ငံရေး” =========== သူများ ဒို့အရေးတိုင်း၊ လိုက်အရေးခဲ့ပါသည်၊ ဒို့အရေးနောင်တ ခုမှရ၏။ သူများ အရေးတော်ပုံတိုင်း၊ လိုက်အရေးပုံခဲ့ပါသည်၊ အရေးပုံနောင်တ ခုမှရ၏။ သူများ ဒီမိုကရေစီတိုင်း၊ လိုက်စီခဲ့ပါသည်၊ ဒီမိုကရေစီနောင်တ ခုမှရ၏။ သူများ ဥပဒေစိုးမိုးတိုင်း၊ လိုက်စိုးမိုးခဲ့ပါသည်၊ စိုးမိုးမှုနောင်တ ခုမှရ၏။ သူများလူ့အခွင့်အရေးတိုင်း၊ လိုက်ရေးခဲ့ပါသည်၊ လူ့အခွင့်အရေးနောင်တ ခုမှရ၏။ သူများ အမေစုတိုင်း၊ လိုက်စုခဲ့ပါသည်၊ အမေစုနောင်တ ခုမှရ၏။ သူများပင်နီတိုင်း၊ လိုက်နီခဲ့ပါသည်၊ ပင်နီနောင်တ ခုမှရ၏။ သူများအရပ်သားတိုင်း၊ လိုက်အရပ်သားခဲ့ပါသည်၊ အရပ်သားနောင်တ ခုမှရ၏။ ...
သတင်း
IBEC သို့ အလည်တစ်ခေါက်
12.6.2018 ရက်နေ့၊ မနက်ပိုင်းမှာ MNA ဖြင့် မန္တလေးသို့ လိုက်ပါလာခဲ့ပါတယ်။ တိုက်ဆိုင်စွာပဲ IBEC ဆရာတော် ဦးသောဘိတနှင့် တွေ့ဆုံခဲ့ပါတယ်။ အရင်ခေါက်တွေက နှုတ်ဆက်ဖြစ်ရုံလောက်ပဲ အချိန်ရတာပါ။ အခုအခေါက်မှာတော့ တစ်လမ်းလုံး စကားလက်ဆုံကျလာခဲ့ပါတယ်။ ညနေပိုင်းမှာ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းသို့ သွားရင်း IBEC သို့ ရောက်ခဲ့ပါတယ်။ ဓမ္မစေတီဆရာတော်လေး ဦးနာဂိန္ဒာလင်္ကာရကို လိုက်ပို့ရင်း ဘကပညာရေးအကြောင်း ဆွေးနွေးကြဖို့ပါ။ ညအချိန်မတော်ကြီးဖြစ်နေလို့ လှည့်လည်ကြည့်ရှုချိန် မရခဲ့ပါဘူး။ စာချဆရာတော်လေးတွေနှင့်ပဲ စကားပြောဖြစ်ခဲ့ပါတယ်။ IBEC ဆရာတော်က စာရေးသူထက် ဝါကြီးတယ်ထင်ပြီး နောင်တော်ကြီးလို့ မကြာခဏ ခေါ်မိပါတယ်။ စာရေးသူအောက် နှစ်ဝါငယ်သူ ဖြစ်နေပါတယ်။ အခုတော့ နိုင်ငံတကာဆုတွေဘာတွေတောင် ရရှိလို့နေပါပြီ။ ...
သတင်း
ကျောင်းအလှူ ဆွမ်းကပ်ပွဲ
27.8.2018 ရက်နေ့၊ မနက် ၁၀း၃၀ နာရီ၊ မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ဘုရားကြီးတိုက်၊ ဦးဉာဏောဘာသကျောင်းမှာ ကျင်းပပါတယ်။ ဦးဉာဏောဘာသကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကုသလမထေရ်က သာသနဓဇဓမ္မာစရိယ ပါဠိပါရဂူဆရာတော်ကြီး ဖြစ်ပါတယ်။ မန်း မဘသ အဖွဲ့ အတွင်းရေးမှူးချုပ်ဆရာတော်လည်း ဖြစ်ပါတယ်။ ဆရာတော်ကြီး ဦးကုသလသီတင်းသုံးရာ ကျောင်းတော်ကြီး ဆောက်လုပ်လှူဒါန်းကြတာပါ။ ကျောင်းဒကာ ဒကာမများက လူငယ်အမျိုးသားရေးသမားတွေပါပဲ။ ဆရာတော်သံဃာတော်များနှင့်အတူ ဆွမ်းစားရင်း အမျိုးဘာသာ သာသနာအရေး ပြောဖြစ်ကြပါတယ်။ မေတ္တာသုတ်ရွတ်ဖတ်ပြီး နှုတ်ဆက်ပြန်လာခဲ့ပါတယ်။ အတွင်းရေးမှူးချုပ်ဆရာတော်ကြီး ဘဒ္ဒန္တကုသလနှင့်တကွ ကျောင်းဒကာ ဒကာမ အလှူဒကာ ဒကာမများ ပရိသတ်အပေါင်း သူတော်ကောင်းတို့ ကျန်းမာချမ်းသာ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၂၁
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ နန်းဦးကျောင်းဆရာတော် ဦးဝဏ္ဏိတမှ အလှူငွေ ၁၀၀၀၀၀ိ )တစ်သိန်းကျပ် လှူဒါန်းပါသည်။ (30.6.2018)   မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ ...