Daily Archives: September 6, 2018

သတင်း

အိုးဘိုပြန်ညီနောင်များ စုပေါင်းကံထပ်ပွဲ

3.9.2018 ရက်နေ့က အိုးဘိုထောင်မှ ပြန်လည်လွတ်မြောက်လာသော အမျိုးသားရေးယုံကြည်ချက်အကျဉ်းသားဟောင်း သံဃာတော် ၆ ပါးအား အမျိုးသားရေးအင်အားစုများက စုပေါင်းကံထပ်ပွဲ ကျင်းပမှာဖြစ်ပါတယ်။ အနယ်နယ်အရပ်ရပ်မှ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးကြကုန်သော မျိုးချစ်သံဃာတော်များ၊ မျိုးချစ်မောင်နှမများ ကြွရောက်ချီးမြှောက်နိုင်ပါတယ်။ နေ့ရက် – ဝါခေါင်လကွယ်နေ့ (9.9.2018)၊ တနင်္ဂနွေနေ့။ အချိန် – မနက် ၉း၀၀ နာရီ။ နေရာ – အမရပူရမြို့နယ်၊ စံရွေးရွာ၊ နန်းဦးကျောင်းတိုက်။ နယ်မှ လာရောက်သူများ သဟာယကျောင်းမှ မနက် ၉း၀၀ နာရီ နန်းဦးကျောင်းတိုက်သို့ လိုက်ပို့ပါမည်။ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မော်လမြိုင်မြို့ ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀၀(သုံးသိန်း)ကျပ်၊ မလုလုဆိုင်(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀(သုံးသောင်း)ကျပ်၊ မခင်သက်စံမှ၂၀၀၀၀(နှစ်သောင်း)ကျပ်၊ မဆုမွန်သက်မှ ၂၀၀၀၀(နှစ်သောင်း) ကျပ် စုစုပေါင်း ၃၇၀၀၀၀(သုံးသိန်းခုနစ်သောင်း)ကျပ် လှူဒါန်းပါသည်။ (4.9.2018) ယွန်းဝတီမိသားစု အမှူးပြုသော အလှူရှင်မိသားစုများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၅၁

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက်မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ အောင်ချမ်းသာပရိယတ္တိစာသင်တိုက်၊ သံဃာတော်(၅)ပါးမှ အလှူငွေ ၃၁၀၀၀၀ိ (သုံးသိန်း တစ်သောင်းကျပ်) လှူဒါန်းစဉ်။ (2.9.2018) မန်း မဟော်သဓာအတွက်ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀,၀၀၀(ဘတ်တစ်သိန်း)ထိုင်းနိုင်ငံ ...
သတင်း

ထိုင်းနိုင်ငံခရီးစဉ် (၇)

ဝါခေါင်လပြည့်ကျော် ၁ ရက် (27.8.2018) ရက်နေ့၊ နေ့ဆွမ်းစားပြီး ထိုင်းဆရာတော်ကြီးနှင့်အဖွဲ့အား နှုတ်ဆက်ထွက်ခွာလာခဲ့ပါတယ်။လေဆိပ်သွားဖို့ အချိန်လိုသေးတာကြောင့် မဟာချူလာလောင်ကွန်းတက္ကသိုလ်သို့ ဝင်နားပါတယ်။မဟာချိုင်ခရီးကို စီစဉ်ပေးသူ တပည့်အရှင်ဓမ္မာနန္ဒဇောတိ (ဓမ္မနွယ်)က မဟာချူလာကျောင်းသားဥက္ကဋ္ဌဆရာတော်လေးနှင့်ချိတ်ဆက်ပြီး စီစဉ်ပေးတာပါ။ စာသင်သားသံဃာငယ်များအား သြဝါဒပေးပါတယ်။၎င်းနောက် သူတို့လေးတွေ သိလိုရာများကို ဖြေကြားပေးပါတယ်။၎င်းနောက် စုပေါင်းဓာတ်ပုံရိုက်ပြီး တပည့်များကို နှုတ်ဆက်ကာ ဒွန်မောင်းလေဆိပ်သို့ ထွက်ခွာလာခဲ့ပါတယ်။လမ်းတစ်လျှောက် စကားပြန်အဖြစ် ဒကာမကြီး ဒေါ်မဂျစ်က လိုက်ပါလာပါတယ်။ကပ္ပိယအဖြစ် စေတနာပန်းခင်းအဖွဲ့မှ ကိုဖိုးအေးလည်း လိုက်ပါလာပါတယ်။ ထိုင်းလေဆိပ်သွားဖို့ ကားပေါ်ရောက်တာနဲ့ မဟာချူလာမှာ မိုးကြီးလေကြီးကျလာတာ တွေ့ရပါတယ်။မဟာချူလာကို ရောက်ဖူးတာ နှစ်ခါရှိပါပြီ။နှစ်ခါလုံး ...