Daily Archives: September 11, 2018

သတင်း

ထိုင်းနိုင်ငံခရီးစဉ် (၈)

ဝါခေါင်လပြည့်ကျော် ၁ ရက် (27.8.2018)ရက်နေ့၊ ညနေပိုင်းမှာ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်ကို ရောက်ရှိပါတယ်။စေတနာပန်းခင်း ပရဟိတအဖွဲ့မှ ကိုဖိုးအေးနှင့် ဘာသာပြန်ပေးသူ ဆရာမကြီး ဒေါ်မဂျစ်တို့ လိုက်ပါကူညီပေးကြပါတယ်။ နားနေဆောင်ရောက်တော့ ထိုင်စရာနေရာမရှိတော့ပါ။တော်တော်များများ ခရီးသည်များကြမ်းပြင်ပေါ်တွင် ဝိုင်းဖွဲ့ထိုင်နေတာ စားသောက်နေတာ တွေ့ရပါတယ်။အိမ်သာကိုလှမ်းကြည့်တော့ အိမ်သာတက်ဖို့ တန်းစီနေသူများ ရုပ်ရှင်ရုံလက်မှတ်တိုးနေသလိုပါပဲ။နိုင်ငံတကာလေဆိပ်ကြီးတစ်ခုဖြစ်ပြီး ထိုင်စရာမရှိ တက်စရာမရှိ ဖြစ်နေတာကို ဘယ်မီဒီယာက ဖွင့်ချကြပါသလဲ။နိုင်ငံခြားမှာ အဆင့်မြင့်တာတွေတွေ့ရတဲ့အခါ ကိုယ့်နိုင်ငံကို အထင်သေးကြတာ တွေ့ရပါတယ်။မြန်မာပြည်နှင့် ကွာပါ့ကွာ ဆိုတာမျိုးတွေ၊ မြန်မာပြည်ကျတော့ ဘယ်လိုမျိုးကြီး ဆိုတာမျိုးတွေ၊ သူများနိုင်ငံမှာ ဘယ်လိုဆိုတာမျိုးတွေ ပြောတတ်ကြပါတယ်။အခုလိုပုံစံမျိုး ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၅၄

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက်နေပြည်တော် ပျဉ်းမနားမြို့၊ ကန်လယ်ကျောင်းတိုက်၊ ဦးပညာဝုဓမှ အလှူငွေ ၅၀၀၀၀ိ (ငါးသောင်းကျပ်)လှူဒါန်းစဉ်။ (5.9.2018) မန်း မဟော်သဓာအတွက်ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀,၀၀၀(ဘတ်တစ်သိန်း)ထိုင်းနိုင်ငံ ပန်းပျိုးလက် ပရဟိတအဖွဲ့က ...