ဝီရသူဖောင်ဒေးရှင်း ရေဘေးအလှူတော်
တော်သလင်းလဆန်း ၁ ရက် (10.9.2018)ရက်နေ့၊ မနက်အစောစာကို မြို့လှမြို့ နတ်တောင်ကျောင်းတိုက်မှာ ဘုဉ်းပေးပါတယ်။တောင်ငူမြို့သို့ ဆက်လက်ထွက်ခွာပါတယ်။တောင်ငူမြို့၊ အောင်ဇမ္ဗူကျောင်းတိုက်မှာ နေ့ဆွမ်းဘုဉ်းပေးပါတယ်။မြို့လှ မဘသ နောင်တော်ညီတော်များ တောင်ငူ မဘသ ညီတော်များနှင့်အတူ ဝီရသူဖောင်ဒေးရှင်းဝိုင်းတော်သားများ ရွာတန်းရှည်ရွာသို့ ထွက်ခွာခဲ့ကြပါတယ်။ရွာတန်းရှည်ရွာမှာ ခဏနားပြီး ကယ်ဆယ်ရေးရိက္ခာများ ခွဲတမ်းချကြပါတယ်။ နောင်ဘိုရွာ အိမ်ခြေ ၁၃၅မြောက်ဆင်ရွာလေး အိမ်ခြေ ၇၃ကျွန်းတောကုန်းရွာ အိမ်ခြေ ၅၅စုစုပေါင်း ၂၆၃ အိမ်အတွက် တစ်အိမ်ထောင်လျှင် ဆန်လေးပြည်စီ၊ ငွေ ၈၅၀၀ ကျပ်စီ လှူဒါန်းပါတယ်။ရွာတန်းရှည်မှ စက်လှေဖြင့် နောင်ဘိုရွာသို့ရောက်ရှိပြီး ရွာဘုန်းကြီးကျောင်းမှာ ...
အိုးဘိုပြန်သံဃာတော်များ စုပေါင်းကံထပ်ပွဲ
ဝါခေါင်လကွယ်နေ့ (9.9.2018)ရက်နေ့၊ မနက် ၁၀း၃၀ နာရီ၊ အမရပူရမြို့နယ်၊ စံရွေးရွာ၊ နန်းဦးကျောင်းတိုက်မှာ ကျင်းပပါတယ်။ရန်ကုန်၊ မန္တလေး မြို့ကြီးများနှင့်အတူ မိတ္ထီလာ ပျော်ဘွယ် ညောင်ဦး ကျောက်ဆည် မြို့လေးများမှ သံဃာတော်များ၊ မျိုးချစ်ပြည်သူများ တက်ရောက်ကြပါတယ်။ သံဃာ ၆ ပါးကို ၃ ပါးတစ်တွဲစီ ကမ္မဝါစာရွတ်ဖတ်ကာ ကံထပ်ပေးကြပါတယ်။သိမ်ဆင်းလောင်းအပြီးမှာ နေ့ဆွမ်းဆက်ကပ်ပါတယ်။နေ့လယ်ပိုင်းမှာ သြဝါဒခံယူပွဲကျင်းပပါတယ်။ပျော်ဘွယ် မဘသဆရာတော်ကြီး ဘဒ္ဒန္တဝိလာသအမှူးရှိသော ဆရာတော်သံဃာတော်များက သြဝါဒပေးပါတယ်။တပည့်လေးတွေ တရားဝင်သင်္ကန်းဆင်မြန်းပွဲဖြစ်ပါတယ်။ သင်္ကန်းပြန်လည်ဆင်မြန်းဖို့အတွက် မြို့နယ်သံဃနာယကအဖွဲ့မှ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အထိ စာအဆင့်ဆင့်တင်ရပါတယ်။စာတင် ခွင့်တောင်း မဝတ်ဘဲ ကိုယ်ဘာသာ ...