Daily Archives: November 27, 2018

မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၆၀

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် စဥ့်ကိုင်မြို့နယ်၊ ညောင်ပင်ဝန်းရွာ၊ ဦးမောင်မောင်သန်း+ဒေါ်ညိုပို၊ သမီး မသွယ်သွယ်စန်း၊ မကြွယ်ကြွယ်စန်း မိသားစုမှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။ (25.11.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ...
သတင်း


တန်ဆောင်မုန်းလပြည်ကျော် ၃ ရက် (25.11.2018)ရက်နေ့၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မရက္ခိတကျောင်းနှင့် ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီးတို့မှာ ကျင်းပပါတယ်။ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ ငါးရက်တိုင်တိုင် ကျင်းပမှာပါ။ စာရေးသူက ဓမ္မမဟိဒ္ဓိကျောင်း မြေညီထပ်မှာ အစောင့်ကျပါတယ်။ စာချတန်း(သီလက္ခန်)နှင့် မူလတန်းတို့ ဖြေဆိုကြပါတယ်။ဒီစာမေးပွဲက ဒီနှစ်အတွက် ဒုတိယအကြိမ်ကျင်းပတဲ့ပွဲပါ။ တပေါင်းလမှာ တတိယအကြိမ် ကျင်းပဦးမှာပါ။ မစိုးရိမ်တိုက်သစ်မှာ နှစ်စဉ် လေးလတစ်ကြိမ် စာမေးပွဲများ ကျင်းပလေ့ရှိပါတယ်။ “မစိုးရိမ်တိုက်သစ် ဓမ္မာနုဂ္ဂဟစာမေးပွဲ” တန်ဆောင်မုန်းလပြည်ကျော် ၃ ရက် (25.11.2018)ရက်နေ့၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မရက္ခိတကျောင်းနှင့် ...
သတင်း

အသုဘတောင်မရှောင် အနီတွေအားပေးကြမ်းပုံများ

ရက်လည်ဆွမ်းလေးပါ။ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက် (24.11.2018)ရက်နေ့၊ မနက် ၇း၀၀ နာရီ၊ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၆ ဘီလမ်း၊ ပွဲကုန်းလမ်းမတန်း၊ ရန်ကြီးအောင် မြပွဲရုံမှ ဦးမိုးအောင်+ဒေါ်စုစုဇော် မိသားစု နေအိမ်မှာ ဆက်ကပ်ပါတယ်။ စာရေးသူရဲ့ ငယ်ဆရာ ကျောက်ဆည်မြို့၊ မင်းကုန်းမဟာစာသင်တိုက် ပဓာနနာယကဆရာတော်ကြီး ဘဒ္ဒန္တဇနိတာဘိဝံသ၊ မိုးကောင်းကျောင်တိုက်၊ ဇေယျသိန်ကျောင်းဆရာတော် ဘဒ္ဒန္တရာဇိန္ဒ၊ တိုက်တော်ဆရာတော်ကြီး အမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှောက်ကြပါတယ်။ လေးနှစ်သားအရွယ် သားကလေး မိုးဟိန်းထွန်းနှင့် ဆယ်လသမီးအရွယ် သမီးလေး ခြူးခြူးမိုးတို့ 18.11.2018 ရက်နေ့မှာ နာရီပဲခြားပြီး ...
သတင်း

၂၀၁၈ သတ္တဝီသတိမ ဓမ္မသဘင် (ပြည်ကြီးတံခွန်း-ဆရပ်ကွက်)

တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက် (26.11.2018)ရက်နေ့၊ ည ၈း၀၀ နာရီ၊ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဆ ရပ်ကွက်၊ ကန်ဝန်မင်းကြီးကျောင်းတိုက်၊ ရန်အောင်မြင်စေတီ(ဂျပန်)ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အကြို ဓမ္မသဘင်။ ၂၇ ခုမြောက် တရားပွဲပါ။ နဂါးနီစုဘူး စတင်တည်ထောင်ရာရပ်ကွက်ဖြစ်လို့ နဂါးနီရပ်ကွက်လို့ သတ်မှတ်ထားပေမယ့် နဂါးနီစုဘူးအသင်းသူ/သားတွေက ငွေကြေးတင် မွဲကြတာမဟုတ်ဘဲ စေတနာသဒ္ဓါတရားပါ မွဲကြတာဖြစ်လို့ တရားပွဲလေးတောင် အားခဲမနာနိုင်ကြပါဘူးဗျာ။ ဒီကတော့ ဆင်းရဲသူဆင်းရဲသားတွေ အကျိုးရှိရာရှိကြောင်း နမောတဿတရားလေး ဟောကြားမယ်ဆိုပြီး ပြင်ဆင်သွားလိုက်တာ ဟိုကျတော့ ကိုယ့်အမျိုးတွေက လေးငါးဆယ်ယောက်ပဲရှိတယ်ဗျ။ကလေးသေးသေးလေးတွေနဲ့ တရားနာပရိသတ်တွေကိုပဲ အထူးတလည်ဟောကြားခဲ့ရပါတယ်ဗျာ။ ဒီရပ်ကွက်မှာ ၂၀၁၃ ...