Daily Archives: February 21, 2019

သတင်း

ဧည့်သည်တော်အဖြစ် တက်ရောက်သည့်ပွဲ

16.2.2019 ရက်နေ့၊ ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာကျင်းပတဲ့ လုပ်ထုံးလုပ်နည်းနှင့်အညီ ခြေ/ဥပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲ တက်ရောက်ခဲ့ပါတယ်။ အမျိုးသားရေးသမား တစ်ယောက်စ နှစ်ယောက်ကလွဲလို့ ကျန်တာလူစိမ်းတွေချည်းပါပဲ။ သူတို့ကတော့ ဝမ်းသာအားရနှင့် ကျေးဇူးတင်ကြောင်း လာရောက်လျှောက်ထားကြပါတယ်။ ဟောပြောသူသုံးယောက်ထဲမှာ မိုက်ကယ်သန်းဆိုသူနှင့် နောက်ဆုံးဟောပြောသူတို့ကို လုံးဝ မကြားဖူး မတွေ့ဖူးပါ။ ဒုတိယဟောပြောသူ ဒေါ်အေးအေးနုကိုတော့ အမျိုးသားရေးပွဲတွေမှာ မကြာခဏ မြင်ဖူးပါတယ်။ လုပ်ထုံးလုပ်နည်းနှင့်အညီ ခြေ/ဥကိုပြင်ဆင်ဖို့ ဟောပြောသွားကြတာ သုံးယောက်စလုံး ပညာရှင်တွေမှန်း သိသာပါတယ်။ ၁၆ ရက်နေ့ လှည်းကူးတရားပွဲကို ဦးဆောင်စီစဉ်ကြတဲ့ လှည်းကူးမှ ဒေါ်ရွှေမမအပါအဝင် အမျိုးသားရေးသမားများ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၈၇

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်နေ အလှူရှင်တစ်ဦးမှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။ (3.2.2019) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ ဆရာတော်၏တပည့် ကိုကျော်မောင်တင်(ရွှေလီ) ၅၀၀၀၀ိ မနန်းရွှေအိမ်(ရွှေလီ) ၅၀၀၀၀ိ စုစုပေါင်း ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။ (21.2.2019) အလှူရှင် ကိုကျော်မောင်တင်၊ မနန်းရွှေအိမ်တို့နှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊ မဟာအောင်မြေမြို့နယ် ...
သတင်း

၂၀၁၉ သတ္တမဓမ္မသဘင် (ရန်ကုန်-လှည်းကူး)

တပို့တွဲလဆန်း ၁၁ (15.2.2019)ရက်နေ့၊ ည ၈း၀၀ နာရီ၊ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ အမျိုးဘာသာ သာသနာချစ်မြတ်နိုးသူများ၏ ပထမအကြိမ် အထူးဓမ္မသဘင်။ ရန်ကုန်လေဆိပ်မှ တရားပွဲသို့ လာရာလမ်းတစ်လျှောက် ကားကြပ်နေလို့ တရားပွဲနောက်ကျပါတယ်။ လေယာဉ်ကလည်းနောက်ကျ၊ ကားလမ်းကလည်းပိတ်ဆိုတော့ လှည်းကူးသူတွေ တော်တော်မျှော်ရတဲ့သဘောပါပဲ။ တရားပွဲကလည်း အတိုက်အခံတွေ အတိုင်အတောတွေ အနှောင်အယှက်တွေ အကန့်အကွက်တွေကြားမှာ နေရာလည်းရွှေ့ပြောင်းရ၊ ပွဲမိန့်ကိုလည်းနီးကပ်မှချလို့ ပွဲစီးစဉ်သူတွေ အတော်အခက်အခဲတွေ့ကြရပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ အောင်မြင်သွားခဲ့ပါတယ်။ အရှင်ဣန္ဒက(ဣန္ဒဝီရ-လှည်းကူး)၊ ငွေလမင်းဆရာတော်နှင့် ဦးခင်မောင်ဆန်း၊ ဒေါ်ရွှေမမ၊ အမျိုးသားရေး ညီအစ်ကိုမောင်နှမများအားလုံး အတော်လေးကြိုးစားလိုက်ရပါတယ်။ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်) အမှတ်စဉ်-၃၈၆

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မြသီတာကမ္မဋ္ဌာန်းကျောင်း၊ ဦးကုသလ၊ ဦးပညာဇောတ၊ ဦးဇနက၊ ဦးဝိသုဒ္ဓတို့မှ အလှူငွေ ၅၀၀၀၀ိ (ငါးသောင်းကျပ်) လှူဒါန်းပါသည်။ (30.1.2019) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ...