Daily Archives: March 24, 2019

သတင်း

၂၀၁၉ သောဠသမဓမ္မသဘင် (တိုက်ကြီး-မေတ္တာအေး)

တပေါင်းလပြည့်ကျော် ၁ ရက် (21.3.2019)ရက်နေ့၊ ည ၈း၀၀ နာရီ၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ မလေးရှားဝိုင်အုပ်စု၊ မေတ္တာအေးကျေးရွာ၊ ကံသာယာတောရကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်အပ်သော ငြိမ်းချမ်းကမ္ဘာပြည်သာယာ အဓိဋ္ဌာန်အောင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ထီးတော်တင်လှူဗုဒ္ဓပူဇနိယပွဲတော်နှင့် အကျွတ်အလွတ်သာဓုခေါ်ပွဲအထိမ်းအမှတ် ပထမအကြိမ် ထေရဝါဒ အထူးဓမ္မသဘင်။ ကျောင်းထိုင်ဆရာတော်လေး အရှင်ဉာဏိဿရပင့်တဲ့ပွဲပါ။ ထိုင်းနိုင်ငံရောက် ပန်းပျိုးလက်နှင့် ပရဟိတအဖွဲ့များရဲ့ ဓမ္မပူဇာအလှူငွေများနှင့် ကျင်းပပါတယ်။ ကျောင်းထိုင်သက်တမ်းကလည်း တစ်နှစ်တောင် မပြည့်သေးပါဘူး။ ကျောင်းလေးကတော့ သာသာယာယာပါပဲ။ ကံသာယာဆိုတဲ့အတိုင်း တောင်ကြားမှ ဖူးကြီးဆည်ရေကန်ကြီးက အင်မတန်မှ သာယာလှပပါတယ်။ ရန်ကုန်ပရိသတ်အကြိုက်ပါပဲ။ ဓာတ်ပုံတွေရိုက်ကြ ရေကူးကြနဲ့ ...
သတင်း

၂၀၁၉ စာဖြေသံဃာတော်များ အရုဏ်ဆွမ်းအလှူတော် (၆)

ကြို့ပင်ကောက်မြို့၊ ကဝိမင်္ဂလာလမ်း၊ ဦးလှိုင်+ဒေါ်ငွေရင် မိသားစုမှ အလှူငွေ ၃၀၀၀၀၀ိ (သုံးသိန်းကျပ်) လှူဒါန်းပါသည်။ (21.3.2019) မစိုးရိမ်တိုက်သစ် စာသင်သားသံဃာတော်များ အစိုးရစာမေးပွဲကြီး ဖြေဆိုရက်တွေမှာ ကျောင်းတိုက်ရံပုံငွေဖြင့် နေ့ဆွမ်းဆက်ကပ်လေ့ရှိပါတယ်။ အရုဏ်ဆွမ်းအလှူရှင်သီးသန့်မရှိပါ။ နေ့ဆွမ်းရော အရုဏ်ဆွမ်းပါ ပြင်ဆင်ရမည်ဆိုလျှင်လည်း ဝေယျာဝစ္စမနိုင်နင်းပါ။ ထို့ကြောင့် စာဖြေသံဃာတော်များအတွက် အရုဏ်ဆွမ်းလိုအပ်လျက် ရှိပါတယ်။ စာရေးသူ လူ့ပြည်ပြန်ရောက်ကတည်းက စာဖြေသံဃာတော်များအတွက် မနက်အစောစာ အရုဏ်ဆွမ်းကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆက်ကပ်လာခဲ့ပါတယ်။ တစ်မနက်စာအလှူရှင်များ တနိုင်တပိုင်အလှူရှင်များ ပေါ်ပေါက်လာခဲ့ပါတယ်။ ကျန်တာကို စာရေးသူရဲ့ ဓမ္မပူဇာအလှူငွေများဖြင့် ဖြည့်စွက်လှူဒါန်းပါတယ်။ စာဖြေသံဃာအားလုံးကိုတော့ နေ့စဉ်မလှူနိုင်ပါ။ ...
သတင်း

၂၀၁၉ စာဖြေသံဃာတော်များ အရုဏ်ဆွမ်းအလှူတော် (၅)

မစိုးရိမ်ကျောင်းသားဟောင်း၊ အရှင်နရိန္ဒမှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။ မစိုးရိမ်တိုက်သစ် စာသင်သားသံဃာတော်များ အစိုးရစာမေးပွဲကြီး ဖြေဆိုရက်တွေမှာ ကျောင်းတိုက်ရံပုံငွေဖြင့် နေ့ဆွမ်းဆက်ကပ်လေ့ရှိပါတယ်။ အရုဏ်ဆွမ်းအလှူရှင်သီးသန့်မရှိပါ။ နေ့ဆွမ်းရော အရုဏ်ဆွမ်းပါ ပြင်ဆင်ရမည်ဆိုလျှင်လည်း ဝေယျာဝစ္စမနိုင်နင်းပါ။ ထို့ကြောင့် စာဖြေသံဃာတော်များအတွက် အရုဏ်ဆွမ်းလိုအပ်လျက် ရှိပါတယ်။ စာရေးသူ လူ့ပြည်ပြန်ရောက်ကတည်းက စာဖြေသံဃာတော်များအတွက် မနက်အစောစာ အရုဏ်ဆွမ်းကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆက်ကပ်လာခဲ့ပါတယ်။ တစ်မနက်စာအလှူရှင်များ တနိုင်တပိုင်အလှူရှင်များ ပေါ်ပေါက်လာခဲ့ပါတယ်။ ကျန်တာကို စာရေးသူရဲ့ ဓမ္မပူဇာအလှူငွေများဖြင့် ဖြည့်စွက်လှူဒါန်းပါတယ်။ စာဖြေသံဃာအားလုံးကိုတော့ နေ့စဉ်မလှူနိုင်ပါ။ စာဖြေရက်မှာ စာဖြေမည့် စာသင်သားသံဃာများကိုသာ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်) အမှတ်စဉ်-၄၀၃

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခါးဂရာဆောရီ၊ ဇနဗလဝိဟာရ၊ မဟာဇနပါရာ ပဓာနနာယကဆရာတော် ဦးဇနိတမှ အလှူငွေ ၅၀၀၀၀ိ (ငါးသောင်းကျပ်) လှူဒါန်းပါသည်။ (22.3.2019) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ ...