“အသုဘဘာဝနာ သံဝေဂတရားတော်”
ကဆုန်လဆန်း ၅ ရက် (8.5.2019)ရက်နေ့၊ မနက် ၉း၀၀ နာရီ၊ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၅ လမ်း၊ ရန်ကြီးအောင်ဂုံးကျော်ဘေး၊ မီးရထားတိုက်တန်း၊ အခန်းအမှတ်(T-5)၊ ဦးကိုကိုနိုင်(မီးရထားစက်ခေါင်းမောင်း)နေအိမ်မှာ ဟောကြားပါတယ်။ ဒေါ်ကြင်ကြင်မြိုင်နှင့် ဦးကိုကိုနိုင်တို့၏ ဖခင် ဦးမြသောင်း(၇၈)နှစ်၏ အသုဘအခမ်းအနားဖြစ်ပါတယ်။ ဖခင်ကြီး ဦးမြသောင်းက 7.5.2019 မနက် ၁၀း၂၅ နာရီမှာ ကွယ်လွန်ခဲ့တာပါ။ ဒေါ်ကြင်ကြင်မြိုင်ဆိုတာ စာရေးသူတည်ထောင်တဲ့ နဂါးနီစုဘူးအသင်းကြီးရဲ့ ဗဟိုအီးစီအဖွဲ့ဝင် ဖြစ်ပါတယ်။ သရဏဂုံနှင့် ငါးပါးသီလဆောက်တည်အပြီးမှာ သံဃာတော်များက အနိစ္စာဝတသင်္ခါရာ သံဝေဂဂါထားသုံးပုဒ် ရွတ်ပွားကြပါတယ်။ စာရေးသူက ...
7.5.2019 ရက်နေ့၊ မနက် ၁၀း၀၀ နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ သီရိဓဇကျောင်းတိုက်မှာ သွားရောက်ဖူးမြော်ပူဇော်တာပါ။ သက်တော်ရှည် သီရိဓဇဆရာတော်ကြီးက နိုင်ငံတော်သံဃမဟာနာယက (၄၇)ပါးအဖွဲ့ဝင် ဖြစ်ပါတယ်။ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီ စာသင်ကျောင်းဆောင် ဆောက်လုပ်နေမှုနဲ့ပတ်သက်ပြီး လျှောက်ထားကာ ထေရ်ကြီးဝါကြီးများထံ စုပေါင်းသြဝါဒခံယူပွဲ ကျင်းပသည့်အခါ ကြွရောက်ချီးမြှောက်ဖို့ တပါတည်းပင့်ဖိတ်ခဲ့ခြင်းဖြစ်ပါတယ်။ ဆက်လက်ပြီး အရိယမဂ္ဂင်ဆရာတော်ကြီးထံ သွားရောက်ဖူးမြော်ပါတယ်။ ဆရာတော်ကြီးက အိုမင်းရှာပြီဖြစ်လို့ သင်္ကန်းတောင် မကပ်နိုင်တော့ပါဘူး။ အားရဝမ်းသာနဲ့ ကမ္ဘာကျော်ဆရာတော်က သတင်းမွှေးပါတယ်ကွာဟုမိန့်ကြားရင်း ငါးမန်းစာမမိရလေအောင် ပုံတိုပတ်စများဖြင့် သတိပေးဆုံးမတော်မူပါတယ်။ “ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ဖူးမြော်ပူဇော်” ...