အောင်သာယာ နဂါးနီစုဘူးအသင်း ငွေပေးပွဲ
အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊၊ အောင်သာယာရပ်ကွက်ရှိ အမှတ်(၆)နဂါးနီစုဘူးအသင်း စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။ (29.10.2019)ရက်နေ့၊ မနက်(၁၀း၀၀)နာရီ၊ အောင်သာယာ မဘသရုံးစိုက်ရာ ၄၅×၄၇ လမ်း၊ မြတ်လေးလမ်းနှင့် ဂန္ဓမာလမ်းကြား ရတနာသိဒ္ဓိကျောင်းတိုက်မှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယကဆရာတော် အရှင်ဇဝန၊ စာရင်းစစ် ဒေါ်တင်စန်းတို့ တက်ရောက်ကြပြီး နာယကဆရာတော် အရှင်ဇဝန က သြဝါဒချီးမြှင့်ပါတယ်။ တစ်သိန်းခွဲတန်းအသင်းဝင် (၃၀)ဦးအတွက် တစ်ဦးလျှင် တစ်သိန်းခွဲကျပ်စီ၊ တစ်သိန်းတန်းအသင်းဝင်(၁၂၀)ဦးအတွက် တစ်ဦးလျှင် တစ်သိန်းကျပ်စီ ထုတ်ပေးခဲ့ပါတယ်။ ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် အောင်သာယာ နဂါးနီစုဘူးအသင်းဟာ ဆဋ္ဌမမြောက် ...
ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နှင့် မန္တလေးတိုင်းဒေသကြီး NLD အစိုးရအဖွဲ့ထံသို့ အရှင်ဝီရသူ (မစိုးရိမ်)၏ အိတ်ဖွင့်ပေးစာ ...
ရက်စွဲ – ၁၃၈၀ ခုနှစ်၊ ပထမဝါဆိုလဆုတ် ၁၅ ရက်၊ (12.7.2018) ဒကာတော်ဝန်ကြီးချုပ်နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ဦးပဉ္စင်း ဦးဝီရသူ အိတ်ဖွင့်ပေးစာ ရေးသားလိုက်ပါတယ်။ အကြောင်းအရာက ဒကာတော်တို့သိထားပြီးသားဖြစ်တဲ့ မဟော်သဓာအမျိုးသားရေး အခမဲ့ကိုယ်ပိုင် အထက်တန်းကျောင်းတော်ကြီး အချိန်မီဆောက်လုပ်နိုင်ရေးဖြစ်သော်လည်း ရည်ရွယ်ချက်ကတော့ ဒကာတော်တို့အစိုးရဟာ ပြည်သူလူထုရွေးကောက်တင်မြှောက်ခံထားရတဲ့ အရပ်သားဒီမိုကရေစီအစိုးရပီပီ ပြည်သူလူထုအကျိုးကို ရှေးရှုစေလိုတဲ့ စေတနာကောင်းနဲ့ ရေးသားလိုက်ခြင်းပါ။ မန္တလေးမြို့တွင်တည်ဆောက်မည့် မဟော်သဓာအမျိုးသားရေး အခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်း တော်ကြီး မြေကွက်နှင့်ပတ်သက်ပြီး 8.6.2017 ရက်နေ့မှာ ဝန်ကြီးချုပ်ထံ ပထမဦးဆုံး စာတင်ခဲ့ပါတယ်။ 3.8.2017 ရက်နေ့မှာ ...
ဒကာတော်ဇော်မြင့်မောင် ရောဂါဝေဒနာများ အမြန်ဆုံးပျောက်ကင်းပါစေ ကျန်းမာစွာ ပြန်လည်တာဝန်ထမ်းဆောင်နိုင်ပါစေ
ဒကာတော်ဇော်မြင့်မောင် ရောဂါဝေဒနာများ အမြန်ဆုံးပျောက်ကင်းပါစေ ကျန်းမာစွာ ပြန်လည်တာဝန်ထမ်းဆောင်နိုင်ပါစေ……… ဦးပဉ္စင်း ၀ီရသူ(မစိုးရိမ်) 1.11.2019 Pm 10:27 ——————————-— အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးလည်းဖြစ်ကာ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်ဖြစ်သူ ဒေါက်တာဇော်မြင့်မောင်သည် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၌ ဆေးကုသစစ်ဆေးမှုများ ခံယူနေသည့်အတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ဝန်ကြီးချုပ်တာဝန်ကို ခေတ္တထမ်းဆောင်နေကြောင်း သိရသည်။ The Myanmar Times https://myanmar.mmtimes.com/news/130332.html?fbclid=I.. —————————–— နိုဝင်ဘာလ ၁ရက်၊ နံနက် ၁၀နာရီ၊ ၃၀မိနစ်တွင် မဇ္ဈိမကို ...
ငါမသေဘူး ရေကူးတတ်တယ်
ရဲဘော်ကြီး ကျန်းမာရေး အထူးကောင်းမွန်ပါသည်။ နေ့စဉ် ကိုယ်အလေးချိန် တိုင်းပါသည်။ ၁၂၆-၁၂၈ ပေါင် ပုံမှန်ရှိပါသည်။ မနက်တစ်ကြိမ် ညတစ်ကြိမ် ပုံမှန်သွေးချိန်ပါသည်။ ၁၂၀/၈၀ ဝန်းကျင် ပုံမှန်ရှိပါသည်။ မျက်ခွံပေါ် ကွမ်းရွက်ကပ်အိပ်တာလည်း ထူးခြားပါသည်။ ပထမသုံးလမှာ ဒီဂရီ ၅၀ လျော့ကျသွားပါသည်။ ထို့ကြောင့် ၂၅၀ ရှိရာမှ ၂၀၀ သာ ကျန်ပါတော့သည်။ အခုနောက်ဆုံး ဒီဂရီ ၁၅၀ သာ ကျန်ပါတော့သည်။ နိုဝင်ဘာလကုန်ဆိုလျှင် ဒီဂရီ ၁၀၀ သာ ကျန်ပါတော့မည်။ အမြဲစားနေကျ အားဆေးများ ...
မြန်မာ့နိုင်ငံရေး (၂)
လူတွေနဲ့ရောနှောနေထိုင်မှ အကြည်ညိုခံရမှာလို့ ယုံကြည်နေုကြတဲ့ လစ်ဘရယ်ဝါဒီ ဘုန်းကြီးတွေမှာ ကိုယ်ပိုင်အတွေးအခေါ်မရှိကြဘူး။ အပူးခိုင်းတိုင်း လုပ်ကြတာ အပိန်းခိုင်းတိုင်း လုပ်ကြတာများတယ်။ သူတို့ဟာ လူတွေခိုင်းတိုင်း လိုက်လုပ်နေရတာကိုပဲ ပျော်ရွှင်ကျေနပ်နေတတ်ကြတယ်။ အကြောင်းကတော့ သူကောင်းပြုခံနေရလို့ပါပဲ။ တကယ်တော့ သူတို့ဟာ ဗုဒ္ဓကိုပစ်ပယ်ပြီးမိန်းမကို ကိုးကွယ်နေကြတဲ့ ရဟန်းယုတ်တွေဆိုတာ ဗုဒ္ဓသာသနာတော်ကို ချစ်မြတ်နိုးကြသူတိုင်းက သိနေကြပါတယ်။ ဝီရသူ (မစိုးရိမ်) 28.10.2019 PM 10:11