Daily Archives: March 7, 2020

မုဒိတာရပ်ဝန်းသတင်း

“2020 မစိုးရိမ်တိုက်သစ် စာဖြေသံဃာ အရုဏ်ဆွမ်းအလှူတော် (၁၂)”

2020ခုနှစ် အစိုးရစာမေးပွဲများ ဖြေဆိုတော်မူကြမည့် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ မူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းနှင့် ဓမ္မာစရိယတန်း စာဖြေသံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်နိုင်ရန်ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဦးရန်ကြီးအောင်+ဒေါ်တင်တင်မော် (မော်မော်ရတနာရွှေဆိုင်)မိသားစုမှ အလှူငွေ ၃၀၀၀၀၀ိ(သုံးသိန်းကျပ်) လှူဒါန်းပါသည်။ (7.3.2020) အလှူရှင် မော်မော်ရွှေဆိုင်မိသားစုနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေသော်…ဝ်။ စာဖြေသံဃာ အရုဏ်ဆွမ်းအလှူတော်ကို ဆရာတော်ဦးဝီရသူ ဦးဆောင်၍ နှစ်စဉ်နှစ်တိုင်း ဆက်ကပ်လှူဒါန်းခဲ့တဲ့ အလှူတော်ဖြစ်ပါတယ်။ “၂၀၂၀ ခုနှစ် စာဖြေသံဃာအရုဏ်ဆွမ်း အလှူရှင်များ”၁။ မော်လမြိုင်မြို့၊ ဒေါ်အေးအေးသိန်း (ယွန်းဝတီရွှေဆိုင်) ...
မုဒိတာရပ်ဝန်းသတင်း

“မုဒိတာရပ်ဝန်း” (နဝကမ္မ အလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာမော်လမြိုင်မြို့ ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်)မှ ၃၃၀၀၀၀(သုံးသိန်း သုံးသောင်း)ကျပ်၊ မလုလုဆိုင်(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀(သုံးသောင်း)ကျပ်၊ မခင်သက်စံမှ၂၀၀၀၀(နှစ်သောင်း)ကျပ်၊ မဆုမွန်သက်မှ ၂၀၀၀၀(နှစ်သောင်း) ကျပ် စုစုပေါင်း ၄၀၀၀၀၀(လေးသိန်း)ကျပ် လှူဒါန်းပါသည်။ (1.3.2020) ယွန်းဝတီမိသားစု အမှူးပြုသော အလှူရှင်မိသားစုများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ...
နဂါးနီစုဘူးသတင်း

“အောင်သာယာ နဂါးနီစုဘူးအသင်း ငွေပေးပွဲ”

“အောင်သာယာ နဂါးနီစုဘူးအသင်း ငွေပေးပွဲ” အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊၊ အောင်သာယာရပ်ကွက်ရှိ အမှတ်(၆)နဂါးနီစုဘူးအသင်း စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။ (20.2.2020)ရက်နေ့၊ ညနေ(၃း၀၀)နာရီ၊ အောင်သာယာ မဘသရုံးစိုက်ရာ ၄၅×၄၇ လမ်း၊ မြတ်လေးလမ်းနှင့် ဂန္ဓမာလမ်းကြား ရတနာသိဒ္ဓိကျောင်းတိုက်မှာ ကျင်းပတာပါ။နဂါးနီစုဘူးအသင်း နာယကဆရာတော် အရှင်ဇဝန၊ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မာ၊ စာရင်းစစ် ဒေါ်တင်စန်းတို့ တက်ရောက်ကြပြီး နာယကဆရာတော် အရှင်ဇဝန က သြဝါဒချီးမြှင့်ပါတယ်။ တစ်သိန်းခွဲတန်းအသင်းဝင် (၃၀)ဦးအတွက် တစ်ဦးလျှင် တစ်သိန်းခွဲကျပ်စီ၊ တစ်သိန်းတန်းအသင်းဝင်(၁၂၀)ဦးအတွက် တစ်ဦးလျှင် တစ်သိန်းကျပ်စီ ထုတ်ပေးခဲ့ပါတယ်။ ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ ...
သတင်းအင်တာဗျူး

“အပြောင်းအလဲထက် ဗလောင်းဗလဲက များပါတယ်”

(ဆရာတော်ဦးဝီရသူနှင့် အင်တာဗျူး၊ ပြည်ချစ်သားဂျာနယ် အတွဲ(၃)အမှတ်(၂၃) 26.7.2019) ဆရာတော်ဦးဝီရသူထံတော်က အသံတွေကြားရဖို့အတွက် ပြည်ချစ်သားဝိုင်းတော်သားတစ်ဦးဖြစ်တဲ့ ကိုငြိမ်းချမ်းသာက ကြိုးစားဆက်သွယ်ပြီး အင်တာဗျူးတွေလုပ်ပေးခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ကိုငြိမ်းချမ်းသာက ဆရာတော်နဲ့ အဆက်အသွယ်မရတော့တဲ့အတွက် အခြားသော သတင်းရင်းမြစ်တွေဆီကနေ တစ်ဆင့်ပြီးတစ်ဆင့် ချိတ်ဆက်စုံစမ်း စုဆောင်းကာ ဆရာတော့်သတင်းသိရဖို့ ကြိုးစားခဲ့ပါတယ်။ ဒီလိုကြိုးစားပြီး ရရှိလာတဲ့အချက်တွေကို အခြေခံကာ ပြည်ချစ်သားတို့အတွက် ပြည်ချစ်သားဆရာတော်ရဲ့ အမြင်တွေကို အင်တာဗျူးပုံစံ တင်ပြပေးတာဖြစ်ကြောင်း အသိပေးဝန်ခံလိုပါတယ်။ ဒီတစ်ပတ်မှာတော့ ဆရာတော်ဦးဝီရသူရဲ့ လက်ရှိဖြစ်နေတဲ့ မဘသနဲ့ မဟနကိစ္စ၊ သီတဂူဆရာတော်ကြီးကို ဝေဖန်နေတဲ့ကိစ္စတွေအပေါ် သဘောထားအမြင်များကို ...