ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁)
“နံနက်ခင်းကျင့်စဉ် အာရက္ခတရားလေးပါး” (ဆရာတော်ဦးဝီရသူ၏ နှစ်သစ်ကူး အထူးလက်ဆောင်) စာရေးသူ မနက်အိပ်ရာနိုးသည့်အခါ ချက်ချင်းအိပ်ရာမထပါ။ နာရီကြည့်ပြီး ခဏပြန်မှိန်းနေတတ်ပါသည်။ ထိုသို့ပြန်မှိန်းနေခိုက်မှာ ဂုဏ်တော်ပွားများနေတတ်ပါသည်။ ဂုဏ်တော်ပွားများနေတတ်သည်မှာ နေ့စဉ်နီးပါးဖြစ်ပြီး တစ်ခါတရံတွင်မူ နှလုံးခုန်သံကို တရားရှုမှတ်နေတတ်ပါသည်။ အိပ်ရာနိုးလျှင်နိုးချင်း နှလုံးခုန်သံကို နားစွင့်တတ်ပါသည်။ နှလုံးခုန်သံ လုံးဝ မကြားရသည့်နေ့များက ပိုများသည်။ နှလုံးခုန်သံကြားရသည့်နေ့က လွန်စွာနည်းပါးလှပါသည်။ နှလုံးခုန်သံမကြားရလျှင် ဂုဏ်တော်ပွားများနေတတ်ပြီး နှလုံးခုန်သံကြားရသည့်နေ့တွင် နှလုံးခုန်သံကို တရားမှတ်နေတတ်ပါသည်။ ငါးမိနစ် ဆယ်မိနစ်ကြာသည့်အခါ (ရံဖန်ရံခါ နာရီဝက်ကြာသည့်အခါ)မှ အိပ်ရာထပါသည်။ အိပ်ရာထလျှင်ထချင်း နနွင်းနှင့်ပျားရည် တေထားသည့်ဆေးလုံးငါးလုံး သောက်သုံးကာ ...
“တရားရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနေတာလား ကိုဆွေဝင်း”(တ)
“ဒေတာချင်းပြိုင်မှာလား ဝေဒနာချင်းပြိုင်မှာလား”အဲဒီအထဲ စတုတ္ထမဏ္ဍိုင်ဆုရှင် ကိုဆွေဝင်းကြီး ပါမပါတော့ မသိဘူးပေါ့။ ဦးပဉ္စင်း ထောင်ထဲမှာ ဝိနည်းနဲ့အညီ ဘယ်လိုနေခဲ့တယ်၊ အကျဉ်းသားတွေကို ဘယ်လိုအကျိုးပြုခဲ့တယ်၊ သူ့အပေါ် ဘယ်လိုကူညီခဲ့တယ်၊ ဘုရားတရား ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ ကိုအောင်စိုးအသိဆုံးပါ။ အဲဒီအကြောင်းတွေ တစ်လုံးမှမပါအောင် ပြောသွားတာဆန်းတယ်နော်။ ဦးဇင်းပေါက်နဲ့ အင်တာဗျူးယူထားပြီးမှ ဘာလို့မထည့်တော့တာလဲ။ ကြည်ညိုစရာတွေပါနေတာက မြန်မာနောင်း မူဝါဒနဲ့ မညီလို့ပဲလား၊ ကိုဆွေဝင်းအပါအဝင် မီဒီယာလောကသားတွေက ဝီရသူကျဆုံးအောင် အမြဲတန်း ထိုးနှက်တိုက်ခိုက်နေကြတာ တွေ့ရတယ်။ ဓမ္မေ ဌိတံ န ဝိဇဟတိ ကိတ္တိ (အမှန်တရားဘက်ရပ်တည်နေသူ-အမှန်တရားဘက်တော်သားကို ကျော်ကြားမှုက ...