“အကန်းယုံ အကုန်ရမ်း” (၁၁)
အရိဋ္ဌရဟန်းရဲ့ အယူဝါဒက ဘုရားဟောနဲ့ ပြောင်းပြန်ကြီးပါ။ဘုရားက အန္တရာယ်ငါးပါးကို မှီဝဲရင် အန္တရာယ်ရှိတယ်လို့ ဟောထားပေမယ့် အရိဋ္ဌက အန္တရာယ်ငါးပါးကိုမှီဝဲရင်လည်း အန္တရာယ်မရှိဘူးလို့ ယူဆနေတာပါ။ပိုပြီးဆိုးတာက သူ့အမှားထဲ ဘုရားကိုပါဆွဲထည့်ပစ်ခြင်းပါပဲ။အန္တရာယ်ငါးပါးကို မှီဝဲရင်လည်း အန္တရာယ်မဖြစ်ဘူးလို့ ဘုရားဟောကြားတော်မူတယ်လို့ ဘုရားကိုပါ တရားခံအဖြစ် အမှုတွဲနေတာကြောင့် ရဟန်းကောင်းများက မခံမရပ်နိုင်ဖြစ်ပြီး “ဘုရားကို အဲလိုမစွပ်စွဲပါနဲ့၊ ဘုရားက အဲလိုမဟောကြားဘူး၊ ဘုရားကိုစွပ်စွဲတာ မကောင်းပါဘူး” စသည်ဖြင့် တရားပြ နားချကြပေမယ့် လုံးဝမရပါဘူး။နောက်ဆုံးမှာတော့ ဘုရားကိုယ်တိုင် စစ်ဆေးမေးမြန်းပြီး အရိဋ္ဌကို လူပုံအလယ်မှာ ကဲ့ရဲ့ရှုတ်ချတော်မူတာပါ။“အပ္ပသာဒါ ကာမာ ဝုတ္တာ မယာ ...
“ အောင်သာယာရပ်ကွက် နဂါးနီစုဘူးအသင်း ဆန်း/ဆီ အလှူတော်”
1.6.2020 ရက်နေ့၊ မနက် ၁၀း၀၀နာရီ၊ အောင်သာယာ မဘသရုံးစိုက်ရာ ၄၅×၄၇ လမ်း၊ မြတ်လေးလမ်းနှင့် ဂန္ဓမာလမ်းကြား ရတနာသိဒ္ဓိကျောင်းတိုက်မှာ လှူဒါန်းပါတယ်။ အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်တဲ့ အောင်သာယာရပ်ကွက်ရှိ နဂါးနီစုဘူး(အမှတ်-၆) အသင်းဝင် (၁၅၁)ဦးတို့အား အသင်းမှ ဆန်(၄)ပြည်နှင့် ဆီ(၁)ပိဿာစီ လှူဒါန်းထောက်ပံ့တာ ဖြစ်ပါတယ်။ အသင်းတာဝန်ရှိသူများဖြစ်ကြတဲ့ နာယကဆရာတော် အရှင်ဇဝန၊ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မာ၊ စာရင်းစစ် ဒေါ်တင်တင်စန်းနှင့် အောင်သာယာရပ်ကွက် စုဘူးတာဝန်ခံ အီးစီများက ကြီးကြပ်စီမံ လှူဒါန်းကြတာဖြစ်ပါတယ်။ ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် အောင်သာယာ နဂါးနီစုဘူးအသင်းဟာ အမှတ်(၆)စုဘူးဖြစ်ပြီး ...