နှစ်ဦးအထူးတရားပွဲ
နှစ်ဦးအထူးတရားပွဲ ၁၃၈၅ ခုနှစ်ရဲ့ အရင်ဦးဆုံး ရက်စွဲလေးပါ။ နှစ်ဆန်းတစ်ရက်နေ့လို့ခေါ်ပါတယ်။ ဦးတန်ခူးလပြည့်ကျော် ၁၃ရက်၊ (၁၇-၄-၂၀၂၃) တနင်္လာနေ့ဖြစ်ပါတယ်။ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာ၊ နှစ်ဦးအထူးဓမ္မမှာ ဟောကြားခဲ့ပါတယ်။ သံဃာတော်များ၊ သီလရှင်များ၊ ရွာသူ/ရွာသားများ ဧည့်ပရိသတ်များ တက်ရောက်နာယူကြပါတယ်။ တရားအမည်ကတော့ မေတ္တာရေနဲ့ဆေးကြောစေ ဖြစ်ပါတယ်။ စိတ်မှာစွဲကပ်နေတဲ့ ရမ္မက်နဲ့ အမျတ် အညစ်အကြေးတွေကို မေတ္တာရေနဲ့ ဆေးကြောကြစေဖို့ပါ။ အားလုံး ဖြစ်မျိုးမှဲ့မထင်၊ နာကျင်မှုများ ကင်းရှင်းကြပါစေ။ ...