Monthly Archives: October 2024

သတင်း

ရေဘေးကူညီရေး အလှူတော် (၁၀)

တပ်ကုန်းမြို့၊ဘုန်းတော်ကြီးကျောင်းများ ရေဘေးကူညီရေး အလှူတော် (၁၀) တပ်ကုန်းမြို့၊ဘုန်းတော်ကြီးကျောင်းများ ———————————————–       ရမည်းသင်းမြို့ ၊ ညောင်လေးပင်ရွာမှ ၊ ထွက်ခွါလာခဲ့ပါတယ်။       တပ်ကုန်းမြို့သို့ ညနေစောင်းလေးမှာ ရောက်ပါတယ်။       ပထမဦးဆုံး(          )ဘုန်းကြီးကျောင်းသို့ ရောက်ပါတယ်။ ရေကျသွားပေမဲ့ ကျောင်းဝင်းတစ်ခုလုံး အမှိုက်သရိက် ဒိုက်တွေနဲ့ နွံတွေ ပြည့်နှက်နေပါတယ်။       ကျောင်းထိုင်ဆရာတော်လေးက ကိုယ်ရေးဘေးသင့်တာကို မမှုအားဘဲ ရေဘေးသင့်ပြည်သူတွေအတွက် ကိုယ်တိုင်လဲလှူ အလှူခံလဲပေးနဲ့ ပြန်ကူနေပါတယ်။       ကျောင်းတိုက် ပြုပြင်ဖို့အတွက်ဖြစ်စေ၊ ဆုံးရှုံးသွားတာတွေ ပြန်ဝယ်ဖို့ အတွက်ဖြစ်စေ ...
သတင်း

ရေဘေးကူညီရေးအလှူတော် (၉)

ရမည်းသင်းမြို့နယ်၊ ညောင်လေးပင်ရွာ ရေဘေးကူညီရေးအလှူတော် (၉) ရမည်းသင်းမြို့နယ်၊ ညောင်လေးပင်ရွာ ——————————————- စက်တင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်း ရန်အောင်မင်းကျောင်းမှ ထွက်ခွါလာခဲ့ပါတယ်။ ညောင်လေးပင်ရွာကို ရောက်ပါတယ်။ နောင်တော်ကြီး ဦးတိက္ခနဲ့ ညီတောင်မောင် ဦးစန္ဒောတို့ လိုက်ပို့တာပါ။ ရေဘေးသင့်ပြည်သူတွေ အသင့်စောင့်နေကြပါတယ်။ ညီတော်မောင် အရှင်ကောလိနိယ ကျောင်းထိုင်ရာ ရွာပါ။ ညီတော်မမောင့် ကျောင်းမှာပဲ တွေ့ဆုံကြတာပါ။ အိမ်ပါသွားလို့ ခိုကိုးရာမဲ့ခဲ့တဲ့ မိသားစု ၉ စုကို ငါးသိန်းကျပ်စီ လှူဒါန်းခဲ့ပါတယ်။ စုစုပေါင်း ၄၅သိန်းပေါ့။ သြဝါဒလဲ မပေးနိုင်တော့ပါဘူး။ ...
သတင်း

ရေဘေးကူညီရေး အလှူတော်(၈)

ရမည်းသင်းမြို့ ကျောင်းဖြူကုန်းရွာ ————————————- ရေဘေးကူညီရေး အလှူတော်(၈) ရမည်းသင်းမြို့ ကျောင်းဖြူကုန်းရွာ ————————————-       စက်တင်ဘာလ ၂၆ရက် ညနေ သိမ်ကုန်းရွာ မုဉ္စလိန္ဒာကျောင်းမှ အပြန် ကျောင်းဖြူကုန်းရွာသို့ ရောက်ရှိခဲ့ပါတယ်။       ကိုယ်ပိုင် အထက်တန်းကျောင်းမှာ ကျောင်းသူကျောင်းသားများ စာကျက်နေတာ တွေ့ရပါတယ်။       မိုးဖွဲဖွဲလေးကလဲ ကျနေ။ တစ်နေကုန်လဲ ပင်ပန်းနေ ခရီးဆက်ရန်ကလဲ ရှိနေလို့ အခမ်းအနားရယ်လို့ မလုပ်တော့ပါဘူး။ ကျောင်းသား ကျောင်းသူ ငါးဦးနဲ့ စုပေါင်း ဓါတ်ပုံရိုက်ပြီး ပြန်လာခဲ့ပါတယ်။       သူတို့လေးတွေက ...
သတင်း

ရေဘေးကူညီရေး အလှူတော် (၇)

မုဉ္စလိန္ဒာ သိမ်ကုန်းရွာ ရေဘေးကူညီရေး အလှူတော် (၇) မုဉ္စလိန္ဒာ သိမ်ကုန်းရွာ ————————————————        စက်တင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းဝါးပင်တပ်ရွာမှ အပြန် ကားဆရာဦးဆယ်အိမ်မှာ နေ့ဆွမ်းစားကြပါတယ်။        သံဃာ ရှစ်ပါးစာ အရေးပေါ် ချက်ပြုတ်ထားကြတာပါ။ တောထမင်း တောဟင်းများဖြစ်၍ စားရတာ မြိန်ပါတယ်။ ရေနွေးပွဲမှာ နွားနို့စစ်စစ် တစ်ခွက်စီ သောက်ရပါတယ်။        နေ့ဆွမ်းစားပြီး လက်ဆေးပါးစပ်ဆေးလုပ်ကာ အပေါ့အပါးသွားပြီး ခြံဝင်းထဲ လှည့်ပတ်ကြည့်ပါတယ်။        ကားဆရာတွေ ထမင်းစားနေချိန်လေး တောရှုခင်းအလှ သဘာဝတရားလေးတွေ ...
သတင်း

ရေဘေးကူညီရေးအလှူတော် (၆)

ရမည်းသင်းမြို့ ၊ ဝါးပင်တပ်ရွာ ရေဘေးကူညီရေးအလှူတော် (၆) ရမည်းသင်းမြို့ ၊ ဝါးပင်တပ်ရွာ ————————————-        သပြေပင်ရွာကအပြန် ဝါးပင်တပ်ရွာကို ရောက်ပါတယ်။ ဝါးပင်တပ်ရွာကို တကူးတက အရောက်သွားလို့ ရောက်တာမျိုးမဟုတ်ဘဲ အလိုလို ရောက်သွားတာပါ။        သပြေပင်ရွာကနေ ဆင်းလိုက်ရင် ဝါးပင်တပ်ရွာကို တန်းရောက်လို့ပါပဲ။ သပြေပင်နဲ့ ဝါးပင်တပ်က တောင်ပေါ်နဲ့ တောင်အောက်လေးတင် ဝေးတာပါ။        ဝါးပင်တပ်ကနေ တက်လိုက်ရင် သပြေပင်ရွာသို့ ရောက်ပြီး ၊ သပြေပင်ကနေဆင်းလိုက်ရင် ဝါးပင်တပ်သို့ ရောက်တာပါပဲ။ ဖြတ်သွားလို့သာ ရပေမဲ့ ...
သတင်း

ရေဘေးကူညီရေး အလှူတော်(၅)

ရမည်းသင်းမြို့နယ် သပြေပင်ရွာ ရေဘေးကူညီရေး အလှူတော်(၅) ရမည်းသင်းမြို့နယ် သပြေပင်ရွာ ———————————————        စက်တင်ဘာလ ၂၅ရက်နေ့ မနက်အာရုဏ်ဆွမ်းအဖြစ် ရန်အောင်မင်းကျောင်း မှာ ယာဂု(ဆန်ပြုတ်) ဘုန်းပေးပါတယ်။ တောမြို့ဆိုတော့ ကျေးလက်အဟာရလေး တွေက မရိုးနိုင်အောင် စားကောင်းပါတယ်။        တောင်ပေါ်တက်ကြတော့မှာဆိုတော့ ပါလာတဲ့ကားတွေနဲ့အဆင်မပြေပါဘူး။ ဒါကြောင့် ဦးစန္ဒောနဲ့ ဦးတိက္ခ – ညီနောင်နှစ်ပါးက တွဲလက်ညီ ရွှေသမားတွေကို ချောခေါ်ပါတယ်။ ဦးစိုးထွန်းရှိန်ရဲ့ မန်နေဂျာ ကိုဉာဏ်ဝင်းလဲ ပါလာပါတယ်။        ကားတွေက အမြင့်ကြီးတွေပါ။ ရွှေတောသို့ တက်နေကျကားတွေဖြစ်ပါတယ်။ ...
သတင်း

ရေဘေးကူညီရေး အလှူတော်(၄)

ရမည်းသင်းမြို့နယ် ဇီးဖြူကုန်းရွာ ရေဘေးကူညီရေး အလှူတော်(၄) ရမည်းသင်းမြို့နယ် ဇီးဖြူကုန်းရွာ —————————————        ထီးလှိုင်ရွာမှ ထွက်ခဲ့ပြီး ဇီးဖြူကုန်းရွာသို့ ရောက်ပါတယ်။ ဘုန်းကြီးကျောင်းမရောက်ခင် ရွာထဲမှာပဲ မျက်စိလည်နေကြပါတယ်။ နေ့ဘက်တောင် မျက်စိလည်တဲ့ ရွာလို့ ဆိုပါတယ်။ မြို့ခံက လိုက်ပို့တာဆိုတော့ ရွာခံလောက် လမ်းမကျွမ်းဘူးလေ။        ပိုဆိုးတာက မန္တလေးကကားပါ။ ဗွက်ထဲနစ်နေတာ အကြာကြီး၊ ဝိုင်းပြီးတွန်းကြ၊ ဆင်းပြီးတွန်းကြ ၊ ကျောက်ခဲတွေခုကြနဲ့ အတော်ကြီး ရုန်းကန်လိုက်ရပါတယ်။        ပရဟိတဆိုတာ လွယ်တယ်မထင်နဲ့နော်        လက်သုံး ချောင်းနိုင်ငံရေးကသာ ...