ရေဘေးကူညီရေး အလှူတော် (၇)
မုဉ္စလိန္ဒာ သိမ်ကုန်းရွာ ရေဘေးကူညီရေး အလှူတော် (၇) မုဉ္စလိန္ဒာ သိမ်ကုန်းရွာ ———————————————— စက်တင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းဝါးပင်တပ်ရွာမှ အပြန် ကားဆရာဦးဆယ်အိမ်မှာ နေ့ဆွမ်းစားကြပါတယ်။ သံဃာ ရှစ်ပါးစာ အရေးပေါ် ချက်ပြုတ်ထားကြတာပါ။ တောထမင်း တောဟင်းများဖြစ်၍ စားရတာ မြိန်ပါတယ်။ ရေနွေးပွဲမှာ နွားနို့စစ်စစ် တစ်ခွက်စီ သောက်ရပါတယ်။ နေ့ဆွမ်းစားပြီး လက်ဆေးပါးစပ်ဆေးလုပ်ကာ အပေါ့အပါးသွားပြီး ခြံဝင်းထဲ လှည့်ပတ်ကြည့်ပါတယ်။ ကားဆရာတွေ ထမင်းစားနေချိန်လေး တောရှုခင်းအလှ သဘာဝတရားလေးတွေ ...