Weekly Eleven သတင္းစာဆရာ သံုးဦး အဖမ္းခရတာနဲ႔ပတ္သက္ၿပီး ျပည္ေထာင္စုအစုိးရ ဘယ္လိုေျဖရွင္းမလဲ သိခ်င္ပါတယ္။ အမႈိက္ကစ ျပႆာဒ္မီးေလာင္ဆုိသလို ရန္ကုန္တုိင္းဝန္ႀကီးခ်ဳပ္ကိုမေက်နပ္ရာမွ ျပႆနာႀကီးထြားသြားႏိုင္ပါတယ္။ လုပ္ငန္းခ်င္းတူေပမယ့္ ေစတနာခ်င္းမတူၾကပါဘူး။ ၿပီးခဲ့တဲ့ ရိုက္တာသတင္းသမားေတြကိစၥမွာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ၊ ပါတီလူႀကီးေတြထံမွ ဘာသံမွ် မၾကားရေပမယ့္ ဒီတစ္ခါေတာ့ ပြက္ေလာညံပါၿပီ။
ေဒၚစႏၵာမင္းက သတင္းသမားမ်ားေရးသားမႈ အမွားမပါရွိေျပာသလို ဦးေက်ာ္ေဇယ်ကလည္း အမွားမေတြ႔ရဘူးလို႔ေျပာပါတယ္။ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ႏွစ္ဦးရဲ႕ သေဘာထားက ျပတ္သားေၾကာင္း ျပသေနပါတယ္။
ဗဟိုျပန္ၾကားေရး မုံရြာဦးေအာင္ရွင္ကလည္း သတင္းသမားမ်ားကို ဖမ္းဆီးမႈအေပၚကန္႔ကြက္ေၾကာင္းႏွင့္ ဝမ္းနည္းစရာေကာင္းေၾကာင္း တရားဝင္ေျပာၾကားလာသလို ဒီခ်ဳပ္ပါတီေျပာေရးဆုိခြင့္ရွိသူ ေဒါက္တာမ်ဳိးညြန္႔ကလည္း သတင္းမီဒီယာေကာင္စီကေနတုန္႔ျပန္တာပဲျဖစ္ျဖစ္ ေခၚယူေဆြးေႏြးတာပဲျဖစ္ျဖစ္ ျပဳလုပ္တာက ပုိသင့္ေတာ္ေၾကာင္း လူသိရွင္ၾကား ေျပာၾကားလာပါတယ္။
ဒါေၾကာင့္ ဒီခ်ဳပ္ပါတီအတြင္းမွာ အေရးေပၚအစည္းအေဝးေခၚယူၿပီး ကိုင္တြယ္ေျဖရွင္းဖုိ႔ လုိလာသလုိ ျခင္းခတ္ကၽြမ္းက်င္တဲ့ သမၼတႀကီးဦးဝင္းျမင့္ႏွင့္ အၿမဲတမ္းလန္းဆန္းေနတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢဳိလ္ႀကီး ေဒၚေအာင္ဆန္းစုၾကည္တုိ႔က ကက္ဘိနက္ထုိင္ကာ ဆံုးျဖတ္ရပါေတာ့မယ္။
မီဒီယာသမားေတြအေနနဲ႔ အခ်ဳပ္အျခာအာဏာကို ထိပါးဖုိ႔ႀကံစည္လာတဲ့ ရိုက္တာသတင္းသမားႏွစ္ေယာက္ကိုေတာ့ဝန္းရံၿပီး တကယ့္သတင္းသမားေတြကိုေတာ့ ဘာသံမွမေပးတာ ဘာလႈပ္ရွားမႈမွမရွိတာ သဘာဝမက်ပါဘူး။ ရိုက္တာရဲ႕ေနာက္မွာဘယ္သူူရွိတယ္၊ သတင္းသမားေတြရဲ႕ေနာက္မွာဘယ္သူရွိတယ္ဆုိတာ တအားသိသာသြားပါၿပီ။ ျမန္မာ့စာနယ္ဇင္းေလာက က်ဆံုးသြားၿပီလုိ႔ေတာင္ သတ္မွတ္ရေတာ့မွာပါ။
ဒါေၾကာင့္ ေစတနာမွန္တဲ့ သတင္းသမားသံုးဦး၊ လုပ္ရပ္မွန္တဲ့သတင္းသမားသံုးဦး၊ ရပ္တည္ခ်က္မွန္တဲ့ သတင္းသမားသံုးဦး၊ မ႑ဳိင္ပီသတဲ့ သတင္းသမားသံုးဦးကို ရန္ကုန္တုိင္းအစုိးရက အခုလိုအႏုိင္က်င့္ေနတာကို သတင္းသမားေတြ လက္ပိုက္ၾကည့္ေနေတာ့မွာလား။
ျပည္ေထာင္စုအစုိးရ လစ္လ်ဴရႈထားေတာ့မွာလား။ ဒါဆုိရင္ေတာ့ ျပည္သူလူထုဒဏ္ခတ္တာခံရဖုိ႔ ေသခ်ာသြားၿပီ။ အဲဒီလိုေတာ့ မျဖစ္ေစလုိပါ။
ဝီရသူ(မစိုးရိမ္)
11.10.2018
တရားစြဲခံရေသာ Weekly Eleven ဂ်ာနယ္ေဆာင္းပါးတြင္ မွားယြင္းေသာအခ်က္မ်ားမပါဟု ဒီခ်ဳပ္အမတ္ႏွစ္ဦးေျပာၾကား
လုိအပ္ပါက အမွန္တရားအတြက္ သက္ေသလိုက္ေပးမည္ဟု ဦးေက်ာ္ေဇယ်ဆုိ
သတင္းမီဒီယာေကာင္စီမွတစ္ဆင့္ တုံ႔ျပန္သင့္ဟု ေဒါက္တာမ်ိဳးၫြန္႔ အႀကံျပဳ
ႏုိင္ငံေတာ္အၾကည္ညိဳ ပ်က္ေစမႈ ပုဒ္မျဖင့္ တရားစြဲဆိုခံ ရသည့္ Weekly Eleven ဂ်ာနယ္ ပါ သတင္းေဆာင္းပါးတြင္ မွား ယြင္းသည့္အခ်က္မ်ား မပါရွိ ေၾကာင္း ရန္ကုန္တုိင္းေဒသႀကီး ဆိပ္ႀကီးခေနာင္တိုၿမိဳ႕နယ္ တုိင္း ေဒသႀကီး လႊတ္ေတာ္ကိုယ္စား လွယ္ ေဒၚစႏၵာမင္းက ေျပာသည္။
‘‘ဒီေဆာင္းပါးမွာပါတဲ့ဟာ ေတြက ဘာတစ္ခုမွ မလြဲဘူးလို႔ ထင္ပါတယ္။ ကြၽန္မတုိ႔ ကိုယ္စား လွယ္ေတြကလည္း စာရင္းစစ္ခ်ဳပ္႐ံုးရဲ႕ အစီရင္ခံစာေပးတဲ့အခ်က္ ေတြကိုပဲ မူတည္ၿပီးေတာ့ ေဆြး ေႏြးၾကတာျဖစ္တယ္။ အဲဒီအခ်က္ေတြအေပၚမွာ ေဆြးေႏြးထားတဲ့ ေဆြးေႏြးခ်က္ေတြကို မီဒီယာေတြ က ဖမ္းယူၿပီး ေရးသားတာလို႔ ထင္တယ္။ ဒါေၾကာင့္မို႔ မွားယြင္းမႈမရွိ ဘူးလို႔ ေျပာခ်င္တယ္’’ဟု ေဒၚစႏၵာမင္းက ေျပာသည္။
ေဆာင္းပါးတြင္ မွားယြင္းမႈ မရွိသလုိ အစိုးရကို အၾကည္ညိဳ ပ်က္ေစသည့္ အေရးအသားမ်ား မပါဝင္ေၾကာင္း ရန္ကုန္တုိင္း ေဒသႀကီး ဒဂံုၿမိဳ႕နယ္ လႊတ္ေတာ္ကိုုယ္စားလွယ္ ဦးေက်ာ္ေဇယ်ကလည္း ေျပာသည္။
‘‘ဖတ္ၾကည့္ရသေလာက္ ေတာ့ အမွားမေတြ႕ရပါဘူး။ မွား တာလည္း မရွိဘူး။ ကိုယ္စား လွယ္ေတြ ေျပာတာကို ျပန္ေရး ထားတဲ့ သေဘာပါပဲ။ သက္ေသ အျဖစ္ လိုက္ေပးမယ္ဆုိတာက အမွန္တရားအတြက္ ကြၽန္ေတာ့္ကို လိုအပ္လို႔ေခၚရင္ သက္ေသအ ျဖစ္ လိုက္ေပးမွာပါ။ အမွန္တရား အတြက္ ထြက္ဆိုေပးမွာပါ’’ဟု ဦးေက်ာ္ေဇယ်က ေျပာသည္။
‘‘ဒီပုဒ္မက ႏုိင္ငံေရးလုပ္တဲ့ သူေတြကို ဖမ္းတဲ့ ၅(ည)လိုပဲ အ ျမင္ကတ္ပုဒ္မတစ္ခုပါပဲ။ ဒီလိုမ်ိဳး ပုဒ္မနဲ႔ စြဲလိုက္တယ္လို႔ ကြၽန္မတို႔ က ျမင္တယ္။ ၅၀၅ (ခ)နဲ႔ စြဲလိုက္ တာဟာ ကိုယ့္ကို အုပ္ခ်ဳပ္တဲ့ အစိုးရသည္ ျပည္သူေတြအေပၚ ဘယ္လိုမ်ိဳး သေဘာထားတယ္ ဆုိတာ ျပလိုက္တာပဲ’’ဟု ေဒၚစႏၵာမင္းက ေျပာသည္။
ထုိ႔အျပင္ အုပ္ခ်ဳပ္သည့္ အစိုးရသည္ ျပည္သူမ်ားအေပၚ ေမတၱာထားပါက ေမတၱာျပန္ရ မည္ျဖစ္ၿပီး ေမတၱာမထားဘဲ အ ႏိုင္အထက္ျပဳက်င့္သည့္ ပံုစံမ်ိဳးျဖင့္ အႏုိင္ယူခ်င္ပါက တန္ျပန္ခံစားမႈကို ျပန္လည္ရရွိမည္ဟု ၎က ဆက္လက္ေျပာၾကားသည္။
ၿပီးခဲ့သည့္ သီတင္းပတ္က ျပဳလုပ္ေသာ ရန္ကုန္တိုင္းလႊတ္ ေတာ္အစည္းအေဝးတြင္ ရန္ကုန္ တုိင္းေဒသႀကီး စာရင္းစစ္ခ်ဳပ္၏ ၂၀၁၆-၁၇ ဘ႑ာႏွစ္ ေလ့လာ ေတြ႕ရွိခ်က္အစီရင္ခံစာကို ေဒၚစႏၵာမင္းႏွင့္ ဦးေက်ာ္ေဇယ်တုိ႔က ပါဝင္ေဆြးေႏြးခဲ့သည္။
Weekly Eleven ဂ်ာနယ္ မွ တာ၀န္ခံအယ္ဒီတာ ဦးေက်ာ္ေဇာလင္း၊ ဦးနရီမင္းႏွင့္ အႀကီးတန္း အယ္ဒီတာ ကိုၿဖိဳးေဝဝင္းတို႔ကို ႏုိင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅ (ခ) ျဖင့္ ရန္ကုန္တုိင္းေဒသႀကီးအစိုးရအဖြဲ႕ ၫႊန္ၾကားေရးမွဴး ဦးေအာင္ေက်ာ္ခိုင္က တရားလိုျပဳလုပ္၍ ယမန္ေန႔တြင္ ဖမ္းဆီးထားသည္။
ေဆာင္းပါး
ေအာက္တိုဘာ ၈ ရက္ထုတ္ Weekly Eleven ဂ်ာနယ္တြင္ ၿဖိဳးေဝဟူသည့္ ကေလာင္အမည္ ျဖင့္ ေရးသားသည့္ ‘အၿမဲ႐ႈံးေနတဲ့ စက္သံုးဆီဆုိင္ေတြ ပိတ္ေရး၊ ေငြေခ်းသူ ဘယ္သူမွန္းမသိတဲ့ ေက်ာင္းကားနဲ႔ လူအမည္ေပါက္ ျပည္သူ႔ရွယ္ယာ’ သတင္းေဆာင္း ပါး ေရးသားေဖာ္ျပမႈေၾကာင့္ တရားစြဲဆို ခံရျခင္းျဖစ္ေၾကာင္း တာေမြၿမိဳ႕နယ္ တရားသူႀကီးက ယမန္ေန႔ တရားခြင္တြင္ ေျပာ သည္။
အဆုိပါ သတင္းေဆာင္းပါး တြင္ ‘သက္တမ္းငါးႏွစ္ပဲရွိတဲ့ အစိုးရတစ္ရပ္က ရန္ကုန္တုိင္းေဒသ ႀကီး အစိုးရအဖြဲ႕ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဆိုတဲ့ ရာထူး ေအာက္မွာ ျပည္သူ႔ဘ႑ာ ရွယ္ယာေတြကိုမထားဘဲ ဦးျမင့္ ေသာင္းဆိုတဲ့ နာမည္ေအာက္မွာ ျပည္သူ႔ရွယ္ယာေတြ ထားေနတာ က လုပ္ထံုးလုပ္နည္းအရ လြဲမွား မႈေတြျဖစ္ေနတယ္’ဟုပါရွိသည္။
သတင္းသမားမ်ားကို တရားစြဲဆုိ ဖမ္းဆီးမႈအေပၚ ကန္႔ကြက္ ေၾကာင္းႏွင့္ ဝမ္းနည္းစရာေကာင္း သည့္ ကိစၥျဖစ္ေၾကာင္း ဒီခ်ဳပ္ဗဟို ျပန္ၾကားေရးေကာ္မတီ အတြင္း ေရးမွဴး မံုရြာ ဦးေအာင္ရွင္က ေျပာသည္။
‘‘ပါတီအေနနဲ႔ မဟုတ္ဘဲ ကြၽန္ေတာ့္တစ္ဦးတည္း အျမင္ အရဆိုရင္ မီဒီယာမ်ားေရာ၊ အစိုးရေရာ ႏွစ္ဖက္စလံုး ထိန္းထိန္း သိမ္းသိမ္းနဲ႔ ေလွ်ာက္ၾကပါလို႔ ေျပာခ်င္တယ္။ ျဖစ္သြားရင္ ျမင္ လို႔လည္း မေကာင္းဘူး၊ ၾကားလို႔ လည္း မေကာင္းဘူး။ ထိန္းထိန္း သိမ္းသိမ္းနဲ႔ လုပ္ၾကရလိမ့္မယ္ လို႔ ထင္တယ္’’ဟု မံုရြာ ဦးေအာင္ ရွင္က ေျပာသည္။
‘‘ကြၽန္ေတာ္တုိ႔ကေတာ့ ကိုယ့္ရဲ႕ မိတ္ဖက္မဟာမီဒီယာ ေတြကို အဆင္ေျပေအာင္ ဆက္ ဆံေစခ်င္ပါတယ္။ ဒီေနရာမွာ ကြၽန္ေတာ္က နယ္ကိုေရာက္ေန ေတာ့ သတင္းေတြကို အဆက္ ျပတ္ေနတယ္ဗ်။ ဒီကိစၥတစ္ခုကို မွတ္ခ်က္ေပးရင္ အေၾကာင္းအ ျခင္းရာကို ေသေသခ်ာခ်ာေလး ေလ့လာပါတယ္ဗ်။ ကြၽန္ေတာ္တုိ႔ ရဲ႕ မူကေတာ့ ထိန္းထိန္းသိမ္းသိမ္း နဲ႔ သတင္းမီဒီယာေကာင္စီကေန တုံံ႔ျပန္တာပဲျဖစ္ျဖစ္၊ ေခၚယူေဆြး ေႏြးတာပဲျဖစ္ျဖစ္လုပ္ရင္ ပိုၿပီး သင့္ေတာ္တယ္လို႔ ထင္ပါတယ္’’ဟု အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫြန္႔က ေျပာၾကားသည္။
11.10.2018 – 7daydaily
“ပြည်ထောင်စုအစိုးရ ဘယ်လိုဖြေရှင်းမလဲ”
Weekly Eleven သတင်းစာဆရာ သုံးဦး အဖမ်းခရတာနဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရ ဘယ်လိုဖြေရှင်းမလဲ သိချင်ပါတယ်။
အမှိုက်ကစ ပြဿာဒ်မီးလောင်ဆိုသလို ရန်ကုန်တိုင်းဝန်ကြီးချုပ်ကိုမကျေနပ်ရာမှ ပြဿနာကြီးထွားသွားနိုင်ပါတယ်။
လုပ်ငန်းချင်းတူပေမယ့် စေတနာချင်းမတူကြပါဘူး။
ပြီးခဲ့တဲ့ ရိုက်တာသတင်းသမားတွေကိစ္စမှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီလူကြီးတွေထံမှ ဘာသံမျှ မကြားရပေမယ့် ဒီတစ်ခါတော့ ပွက်လောညံပါပြီ။
ဒေါ်စန္ဒာမင်းက သတင်းသမားများရေးသားမှု အမှားမပါရှိပြောသလို ဦးကျော်ဇေယျကလည်း အမှားမတွေ့ရဘူးလို့ပြောပါတယ်။
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးရဲ့ သဘောထားက ပြတ်သားကြောင်း ပြသနေပါတယ်။
ဗဟိုပြန်ကြားရေး မုံရွာဦးအောင်ရှင်ကလည်း သတင်းသမားများကို ဖမ်းဆီးမှုအပေါ်ကန့်ကွက်ကြောင်းနှင့် ဝမ်းနည်းစရာကောင်းကြောင်း တရားဝင်ပြောကြားလာသလို ဒီချုပ်ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကလည်း သတင်းမီဒီယာကောင်စီကနေတုန့်ပြန်တာပဲဖြစ်ဖြစ် ခေါ်ယူဆွေးနွေးတာပဲဖြစ်ဖြစ် ပြုလုပ်တာက ပိုသင့်တော်ကြောင်း လူသိရှင်ကြား ပြောကြားလာပါတယ်။
ဒါကြောင့် ဒီချုပ်ပါတီအတွင်းမှာ အရေးပေါ်အစည်းအဝေးခေါ်ယူပြီး ကိုင်တွယ်ဖြေရှင်းဖို့ လိုလာသလို ခြင်းခတ်ကျွမ်းကျင်တဲ့ သမ္မတကြီးဦးဝင်းမြင့်နှင့် အမြဲတမ်းလန်းဆန်းနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့က ကက်ဘိနက်ထိုင်ကာ ဆုံးဖြတ်ရပါတော့မယ်။
မီဒီယာသမားတွေအနေနဲ့ အချုပ်အခြာအာဏာကို ထိပါးဖို့ကြံစည်လာတဲ့ ရိုက်တာသတင်းသမားနှစ်ယောက်ကိုတော့ဝန်းရံပြီး တကယ့်သတင်းသမားတွေကိုတော့ ဘာသံမှမပေးတာ ဘာလှုပ်ရှားမှုမှမရှိတာ သဘာဝမကျပါဘူး။
ရိုက်တာရဲ့နောက်မှာဘယ်သူူရှိတယ်၊ သတင်းသမားတွေရဲ့နောက်မှာဘယ်သူရှိတယ်ဆိုတာ တအားသိသာသွားပါပြီ။
မြန်မာ့စာနယ်ဇင်းလောက ကျဆုံးသွားပြီလို့တောင် သတ်မှတ်ရတော့မှာပါ။
ဒါကြောင့် စေတနာမှန်တဲ့ သတင်းသမားသုံးဦး၊ လုပ်ရပ်မှန်တဲ့သတင်းသမားသုံးဦး၊ ရပ်တည်ချက်မှန်တဲ့ သတင်းသမားသုံးဦး၊ မဏ္ဍိုင်ပီသတဲ့ သတင်းသမားသုံးဦးကို ရန်ကုန်တိုင်းအစိုးရက အခုလိုအနိုင်ကျင့်နေတာကို သတင်းသမားတွေ လက်ပိုက်ကြည့်နေတော့မှာလား။
ပြည်ထောင်စုအစိုးရ လစ်လျူရှုထားတော့မှာလား။
ဒါဆိုရင်တော့ ပြည်သူလူထုဒဏ်ခတ်တာခံရဖို့ သေချာသွားပြီ။
အဲဒီလိုတော့ မဖြစ်စေလိုပါ။
ဝီရသူ(မစိုးရိမ်)
11.10.2018
တရားစွဲခံရသော Weekly Eleven ဂျာနယ်ဆောင်းပါးတွင် မှားယွင်းသောအချက်များမပါဟု ဒီချုပ်အမတ်နှစ်ဦးပြောကြား
လိုအပ်ပါက အမှန်တရားအတွက် သက်သေလိုက်ပေးမည်ဟု ဦးကျော်ဇေယျဆို
သတင်းမီဒီယာကောင်စီမှတစ်ဆင့် တုံ့ပြန်သင့်ဟု ဒေါက်တာမျိုးညွန့် အကြံပြု
နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မဖြင့် တရားစွဲဆိုခံ ရသည့် Weekly Eleven ဂျာနယ် ပါ သတင်းဆောင်းပါးတွင် မှား ယွင်းသည့်အချက်များ မပါရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ် တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဒေါ်စန္ဒာမင်းက ပြောသည်။
‘‘ဒီဆောင်းပါးမှာပါတဲ့ဟာ တွေက ဘာတစ်ခုမှ မလွဲဘူးလို့ ထင်ပါတယ်။ ကျွန်မတို့ ကိုယ်စား လှယ်တွေကလည်း စာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာပေးတဲ့အချက် တွေကိုပဲ မူတည်ပြီးတော့ ဆွေး နွေးကြတာဖြစ်တယ်။ အဲဒီအချက်တွေအပေါ်မှာ ဆွေးနွေးထားတဲ့ ဆွေးနွေးချက်တွေကို မီဒီယာတွေ က ဖမ်းယူပြီး ရေးသားတာလို့ ထင်တယ်။ ဒါကြောင့်မို့ မှားယွင်းမှုမရှိ ဘူးလို့ ပြောချင်တယ်’’ဟု ဒေါ်စန္ဒာမင်းက ပြောသည်။
ဆောင်းပါးတွင် မှားယွင်းမှု မရှိသလို အစိုးရကို အကြည်ညို ပျက်စေသည့် အရေးအသားများ မပါဝင်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကလည်း ပြောသည်။
‘‘ဖတ်ကြည့်ရသလောက် တော့ အမှားမတွေ့ရပါဘူး။ မှား တာလည်း မရှိဘူး။ ကိုယ်စား လှယ်တွေ ပြောတာကို ပြန်ရေး ထားတဲ့ သဘောပါပဲ။ သက်သေ အဖြစ် လိုက်ပေးမယ်ဆိုတာက အမှန်တရားအတွက် ကျွန်တော့်ကို လိုအပ်လို့ခေါ်ရင် သက်သေအ ဖြစ် လိုက်ပေးမှာပါ။ အမှန်တရား အတွက် ထွက်ဆိုပေးမှာပါ’’ဟု ဦးကျော်ဇေယျက ပြောသည်။
‘‘ဒီပုဒ်မက နိုင်ငံရေးလုပ်တဲ့ သူတွေကို ဖမ်းတဲ့ ၅(ည)လိုပဲ အ မြင်ကတ်ပုဒ်မတစ်ခုပါပဲ။ ဒီလိုမျိုး ပုဒ်မနဲ့ စွဲလိုက်တယ်လို့ ကျွန်မတို့ က မြင်တယ်။ ၅၀၅ (ခ)နဲ့ စွဲလိုက် တာဟာ ကိုယ့်ကို အုပ်ချုပ်တဲ့ အစိုးရသည် ပြည်သူတွေအပေါ် ဘယ်လိုမျိုး သဘောထားတယ် ဆိုတာ ပြလိုက်တာပဲ’’ဟု ဒေါ်စန္ဒာမင်းက ပြောသည်။
ထို့အပြင် အုပ်ချုပ်သည့် အစိုးရသည် ပြည်သူများအပေါ် မေတ္တာထားပါက မေတ္တာပြန်ရ မည်ဖြစ်ပြီး မေတ္တာမထားဘဲ အ နိုင်အထက်ပြုကျင့်သည့် ပုံစံမျိုးဖြင့် အနိုင်ယူချင်ပါက တန်ပြန်ခံစားမှုကို ပြန်လည်ရရှိမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် သီတင်းပတ်က ပြုလုပ်သော ရန်ကုန်တိုင်းလွှတ် တော်အစည်းအဝေးတွင် ရန်ကုန် တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် လေ့လာ တွေ့ရှိချက်အစီရင်ခံစာကို ဒေါ်စန္ဒာမင်းနှင့် ဦးကျော်ဇေယျတို့က ပါဝင်ဆွေးနွေးခဲ့သည်။
Weekly Eleven ဂျာနယ် မှ တာဝန်ခံအယ်ဒီတာ ဦးကျော်ဇောလင်း၊ ဦးနရီမင်းနှင့် အကြီးတန်း အယ်ဒီတာ ကိုဖြိုးဝေဝင်းတို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က တရားလိုပြုလုပ်၍ ယမန်နေ့တွင် ဖမ်းဆီးထားသည်။
ဆောင်းပါး
အောက်တိုဘာ ၈ ရက်ထုတ် Weekly Eleven ဂျာနယ်တွင် ဖြိုးဝေဟူသည့် ကလောင်အမည် ဖြင့် ရေးသားသည့် ‘အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူအမည်ပေါက် ပြည်သူ့ရှယ်ယာ’ သတင်းဆောင်း ပါး ရေးသားဖော်ပြမှုကြောင့် တရားစွဲဆို ခံရခြင်းဖြစ်ကြောင်း တာမွေမြို့နယ် တရားသူကြီးက ယမန်နေ့ တရားခွင်တွင် ပြော သည်။
အဆိုပါ သတင်းဆောင်းပါး တွင် ‘သက်တမ်းငါးနှစ်ပဲရှိတဲ့ အစိုးရတစ်ရပ်က ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဆိုတဲ့ ရာထူး အောက်မှာ ပြည်သူ့ဘဏ္ဍာ ရှယ်ယာတွေကိုမထားဘဲ ဦးမြင့် သောင်းဆိုတဲ့ နာမည်အောက်မှာ ပြည်သူ့ရှယ်ယာတွေ ထားနေတာ က လုပ်ထုံးလုပ်နည်းအရ လွဲမှား မှုတွေဖြစ်နေတယ်’ဟုပါရှိသည်။
သတင်းသမားများကို တရားစွဲဆို ဖမ်းဆီးမှုအပေါ် ကန့်ကွက် ကြောင်းနှင့် ဝမ်းနည်းစရာကောင်း သည့် ကိစ္စဖြစ်ကြောင်း ဒီချုပ်ဗဟို ပြန်ကြားရေးကော်မတီ အတွင်း ရေးမှူး မုံရွာ ဦးအောင်ရှင်က ပြောသည်။
‘‘ပါတီအနေနဲ့ မဟုတ်ဘဲ ကျွန်တော့်တစ်ဦးတည်း အမြင် အရဆိုရင် မီဒီယာများရော၊ အစိုးရရော နှစ်ဖက်စလုံး ထိန်းထိန်း သိမ်းသိမ်းနဲ့ လျှောက်ကြပါလို့ ပြောချင်တယ်။ ဖြစ်သွားရင် မြင် လို့လည်း မကောင်းဘူး၊ ကြားလို့ လည်း မကောင်းဘူး။ ထိန်းထိန်း သိမ်းသိမ်းနဲ့ လုပ်ကြရလိမ့်မယ် လို့ ထင်တယ်’’ဟု မုံရွာ ဦးအောင် ရှင်က ပြောသည်။
‘‘ကျွန်တော်တို့ကတော့ ကိုယ့်ရဲ့ မိတ်ဖက်မဟာမီဒီယာ တွေကို အဆင်ပြေအောင် ဆက် ဆံစေချင်ပါတယ်။ ဒီနေရာမှာ ကျွန်တော်က နယ်ကိုရောက်နေ တော့ သတင်းတွေကို အဆက် ပြတ်နေတယ်ဗျ။ ဒီကိစ္စတစ်ခုကို မှတ်ချက်ပေးရင် အကြောင်းအ ခြင်းရာကို သေသေချာချာလေး လေ့လာပါတယ်ဗျ။ ကျွန်တော်တို့ ရဲ့ မူကတော့ ထိန်းထိန်းသိမ်းသိမ်း နဲ့ သတင်းမီဒီယာကောင်စီကနေ တုံံ့ပြန်တာပဲဖြစ်ဖြစ်၊ ခေါ်ယူဆွေး နွေးတာပဲဖြစ်ဖြစ်လုပ်ရင် ပိုပြီး သင့်တော်တယ်လို့ ထင်ပါတယ်’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
11.10.2018 – 7daydaily