စာသင္သားေလာက စာသင္သံဃာတုိ႔တြင္ ေတြ႕ႀကဳံရေလ့ရွိေသာ စာသင္သားမ်ား အနက္ ခ်စ္ရာေကာင္း သူ၊ ႏွစ္စရာေကာင္းသူ ပစ္စရာေကာင္းသူမ်ားကား ေနရာမလြဲ ရွိတတ္ၾကေပသည္။
ခ်စ္စရာေကာင္းသူကလည္း အသြင္မ်ိဳးမ်ိဳး ရွိေလသည္. စာႀကိဳးစားေသာေၾကာင့္ ခ်စ္စရာေကာင္းသူ၊ စာေတာ္ေၾကာင့္ ခ်စ္ရာေကာင္းသူ၊ ထူခၽြန္ ထက္ျမက္ေသာေၾကာင့္၊ အေနထုိင္ေကာင္းေသာေၾကာင့္၊ လိမၼာေသာေၾကာင့္ ခ်စ္စရာေကာင္းသူ စသည္ျဖင့္ မ်ားစြာ ရွိေလသည္။
ထုိသူတုိ႔သည္ ဆရာေကာင္းတပည့့္မ်ား ျဖစ္ေသာေၾကာင့္၊ ဝါသနာပါသူျဖစ္ေသာေၾကာင့္၊ ပါရမီရွင္ ျဖစ္ေသာေၾကာင့္ အစရွိသည္ျဖင့္ လိမၼာရည္မြန္ရျခင္း၊ ထူးခၽြန္ထက္ျမက္ရျခင္းတုိ႔၏ အေၾကာင္းမ်ားစြာ ရွိၾကျပန္ေလ သည္။
ဝါသနာမပါ၊ ပါရမီရွိမဟုတ္၊ ဆရာသမားေကာင္းႏွင့္ မေတြ႕ခဲ့ေသာ္လည္း ရည္မွန္းခ်က္ႀကီးမားျခင္းေၾကာင့္ ႀကိဳးစားအားထုတ္ရာမွာ အားလုံးျပည့္စုံသည့္ ခ်စ္ရာတပည့္အျဖစ္သုိ႔ ေရာက္ရွိခဲ့သူမ်ားကိုလည္း ေတြ႕ရေပသည္။
မည္သုိ႔ပင္ဆုိေစကာမူ စာသင္မ်ားအတြက္ ခ်စ္စရာေကာင္းေသာ တပည့္ႀကီးငယ္ အၿမဲတေစ ရွိေနသည္သာ ျဖစ္ေလ၏။
ႏွစ္စရာေကာင္းသူကလည္း အမ်ိဳးမ်ိဳးရွိသည္၊ မ်ားေသာအားျဖင့္ ပညာေရးမွာ မထူးခၽြန္သူမ်ား ျဖစ္ေလ၏။ သံဃာေဝယ်ာဝစၥျမဲေသာေၾကာင့္ ႏွစ္သက္ျမတ္ႏုိးဖြယ္ေကာင္းသူ၊ ဆရာ့ေဝယ်ာဝစၥျမဲေသာေၾကာင့္ ႏွစ္သက္ျမတ္ ႏုိးဖြယ္ေကာင္းသူ၊ စိတ္ထားေၾကာင္းေသာေၾကာင့္၊ အက်င့္ေကာင္းေသာေၾကာင့္၊ သေဘာထားႀကီးေသာေၾကာင့္ ႏွစ္လုိဖြယ္ေကာင္းသူဟူ၍ အေၾကာင္းတရားမ်ားကား မ်ားျပားလွသည္။
ထုိသူတုိ႔ကုိ စာသင္မ်ားကလည္း ခ်စ္ၾက၏။ ဆရာမ်ားကလည္း ခ်စ္ၾက၏။ သိကၡာႏွင့္က်င့္ဝတ္ပုိင္းဆုိင္ရာ ျဖဴစင္ေသာေၾကာင့္ ခ်စ္ျမတ္ႏုိးၾကျခင္း ျဖစ္၏။ သုိ႔ေသာ္ ထုိသူတုိ႔သည္ ေနရာရသူမ်ားမဟုတ္ၾကပါ။ ပထမဦးစားေပး အခ်စ္ခံရသူမ်ား မဟုတ္ၾကပါ။ ထုိ႔ေၾကာင့္ ခ်စ္စရာေကာင္းပါလ်က္ ႏွစ္သက္ျမတ္ႏို္းစရာေကာင္းေသာ (ႏွစ္စရာေကာင္းေသာ) အမ်ိဳးအစားတြင္ ထည့္သြင္း လုိက္ရျခင္းျဖစ္ေပသည္။
ထုိ႔အတူပင္ ၄င္းတုိ႔ကိုယ္တုိင္ကလည္း ေက်ာင္းတုိက္ ေဝယ်ာဝစၥ၊ သံဃာ့ေဝယ်ာဝစၥ၊ ဆရာ့ေဝယ်ာဝစၥ လုပ္ငန္း၌ ဘဝကုိ ႏွစ္ျမွဳပ္ထားသူမ်ား ျဖစ္ၾက၏။ ပညာေရး အဆုံးရွဳံးခံၿပီး၊ ဘဝကို ေစတၿပီး အနစ္နာခံ သူမ်ား ျဖစ္ၾက ၏။ ဒကာ ဒကာမမ်ားက အားကိုးၾကေသာ္လည္း ဒကာ ဒကာမမ်ား၏ အထင္ႀကီးမႈ အေရးစုိက္မႈ အေလးနက္ ထား၍ ၾကည္ညိဳမႈမ်ားကို ခံယူခြင့္ရရွိသူမ်ား မဟုတ္ၾကေပ။
မ်ားေသာအားျဖင့္ သေဘာေကာင္းလုိက္ တာဟယ္ သနားစရာပါေအ ႏွစ္ေျမာစရာပါကြာ စသည္ျဖင့္ သနားခ်စ္ျဖင့္သာ အခ်စ္ခံရသူမ်ား ျဖစ္ေလသည္။ ထုိ တပည့္မ်ားက ဆရာ့အေပၚ ေက်းဇူးႀကီးေသာ ပါရမီျဖည့္ဖက္ တပည့္ႀကီးမ်ား အျဖည့္ခံ တပည့္ႀကီးမ်ား ျဖစ္ေလ သတည္း။
ပစ္စရာတပည့္မ်ားကလည္း မ်ားစြာရွိ၏။ စာမႀကိဳစားေသာေၾကာင့္၊ စာစိတ္မဝင္စားေသာေၾကာင့္ စာမလုိ ခ်င္ေသာေၾကာင့္ ပစ္စရာေကာင္းသူ၊ အက်င့္မေကာင္းေၾကာင့္၊ အမ်ားနွင့္ သဟဇာတမျဖစ္ေသာေၾကာင့္၊ ဆုိးမုိက္ ေပေတေသာေၾကာင့္ ပစ္စရာေကာင္းသူ၊ ေက်းဇူးကန္းေသာေၾကာင့္၊ ေက်းစြပ္ေသာေၾကာင့္ ပစ္စရာေကာင္းသူ စသည္ျဖင့္ စုံလင္လွေပသည္။ ထုိသူတုိ႔သည္ မိမိဘဝလည္း အက်ိဳးမရွိ၊ သူတပါးဘဝလည္း အက်ဳိးမရွိ၊ ေလာက ေကာင္းက်ိဳးမျပဳသည့္ အႏၱရာယ္သမားျဖစ္ေလသည္။
၄င္းကို ျမတ္စြာဘုရားက ဆဝါလာတ(ထင္းကုလားတုံး) မ်ားအျဖင့္ ျပစ္တင္ရႈတ္ခ်ခဲ့ေလသည္။ သုသာန္၌ သူေသေကာင္ကုိ မီးသၿဂၤ ီဳဟ္၍ က်န္ရွိေနေသာ ထင္းစရာေလး၌ အနားႏွစ္ဖက္က မီးစြဲေလာင္ထား၏ အစြန္းႏွစ္ဖက္၏ အလယ္၌ မစင္အညစ္အေၾကး ေပက်ံေန၏။ အိမ္ေဆာက္ရာ ၌လည္း အသုံးမဝင္၊ ယုတ္္စြအဆုံး ထင္းစုိက္ရာ၌ပင္ အလုပ္မျဖစ္၊ ထိမိလွ်င္ မစင္ေပမည္၊ အပူေလာင္မည္၊ ထင္းစုိက္လွ်င္ မစင္ေစာ္နံမည္၊ မည္သည့္ေနရာမွာမွ် အသုံးမဝင္သည့္အျပင္ အဆိပ္အေတာက္ အေႏွာက္အယွက္ ပင္ ေပးစြမ္းႏုိ္င္သည့္ ထင္းကုလားတုံးကုိ ဆုိလုိေပသည္။
ပစ္စရာေကာင္းေသာ တပည့္မ်ားက ထင္းကုလားတုံး လူသားမ်ားပင္ျဖစ္ေလသည္။ ဘုရားလက္ထက္ကလည္း ရွိ၏။ ယခင္လည္းရွိ၏။ ယခုလည္း ရွိ၏။ အဖ်က္စြမ္းအား ႀကီးလွ်င္ ႀကီးသည့္အေလ်ာက္ အႏၱရာယ္ေပးႏုိင္သည့္ ျပႆနာသမားမ်ား ျဖစ္ေလ၏။
အို……စာသင္သား၊ သင္သည္ အဘယ္တပည့္ အမ်ိဳးအစား ျဖစ္ေလသနည္း။
ယခုအခါ သင္ခုိလႈံရာ မုိးကုတ္္ မစုိးရိမ္တုိက္သစ္ႀကီးသည္ သင့္အား ေက်းဇူးႀကီးလွ၏။
သင္၏ဆရာ မုိကုတ္ မစိုးရိမ္တုိက္သစ္ ဆရာေတာ္သည္လည္း သင့္အေပၚ ဆရာ့က်င္ဝတ္ ေက်ပြန္လွ၏။ သင့္ရင္ထဲ၌ အက်င့္ဆုိး ဥာဥ္ဆုိးမ်ား ရွိလွ်င္ ေဖာက္ထုတ္ပစ္လုိက္ေလေတာ့။ သင့္ကုိ သင့္ဆရာကလည္း ထင္းကု လားတုံးဘဝ မေတြ႕မျမင္ေစလုိေပ။ သင့္ကုိ ဘုရားသာသနာ ေတာ္ကလည္း ထင္းကုလားတုံးအျဖစ္ လက္ခံထား လုိျခင္း မရွိေပ။ သင္ကိုယ္တုိင္လည္း သံသရာခရီးမွာ ငရဲမီးအျဖစ္မွတပါး ေရြးခ်ယ္စရာ ရွိမည္မဟုတ္ေပ။ ထုိေၾကာင့္ ပစ္စရာေကာင္းေသာ တပည့္ဘဝကို စြန္႔လႊတ္လုိက္ပါေလ…….။ ႏွစ္စရာေကာင္းေသာ တပည့္အျဖစ္ စာသင္သား တုိင္း ခ်စ္စရာတပည့္ေလမ်ား ျဖစ္ႏုိင္ပါေစ…..။
ဝီရသူ (မစုိးရိမ္)
“ချစ်စရာ တပည့် နှင့် ပစ်စရာ တပည့်”
စာသင်သားလောက စာသင်သံဃာတို့တွင် တွေ့ကြုံရလေ့ရှိသော စာသင်သားများ အနက် ချစ်ရာကောင်း သူ၊ နှစ်စရာကောင်းသူ ပစ်စရာကောင်းသူများကား နေရာမလွဲ ရှိတတ်ကြပေသည်။
ချစ်စရာကောင်းသူကလည်း အသွင်မျိုးမျိုး ရှိလေသည်. စာကြိုးစားသောကြောင့် ချစ်စရာကောင်းသူ၊ စာတော်ကြောင့် ချစ်ရာကောင်းသူ၊ ထူချွန် ထက်မြက်သောကြောင့်၊ အနေထိုင်ကောင်းသောကြောင့်၊ လိမ္မာသောကြောင့် ချစ်စရာကောင်းသူ စသည်ဖြင့် များစွာ ရှိလေသည်။
ထိုသူတို့သည် ဆရာကောင်းတပည့်များ ဖြစ်သောကြောင့်၊ ဝါသနာပါသူဖြစ်သောကြောင့်၊ ပါရမီရှင် ဖြစ်သောကြောင့် အစရှိသည်ဖြင့် လိမ္မာရည်မွန်ရခြင်း၊ ထူးချွန်ထက်မြက်ရခြင်းတို့၏ အကြောင်းများစွာ ရှိကြပြန်လေ သည်။
ဝါသနာမပါ၊ ပါရမီရှိမဟုတ်၊ ဆရာသမားကောင်းနှင့် မတွေ့ခဲ့သော်လည်း ရည်မှန်းချက်ကြီးမားခြင်းကြောင့် ကြိုးစားအားထုတ်ရာမှာ အားလုံးပြည့်စုံသည့် ချစ်ရာတပည့်အဖြစ်သို့ ရောက်ရှိခဲ့သူများကိုလည်း တွေ့ရပေသည်။
မည်သို့ပင်ဆိုစေကာမူ စာသင်များအတွက် ချစ်စရာကောင်းသော တပည့်ကြီးငယ် အမြဲတစေ ရှိနေသည်သာ ဖြစ်လေ၏။
နှစ်စရာကောင်းသူကလည်း အမျိုးမျိုးရှိသည်၊ များသောအားဖြင့် ပညာရေးမှာ မထူးချွန်သူများ ဖြစ်လေ၏။ သံဃာဝေယျာဝစ္စမြဲသောကြောင့် နှစ်သက်မြတ်နိုးဖွယ်ကောင်းသူ၊ ဆရာ့ဝေယျာဝစ္စမြဲသောကြောင့် နှစ်သက်မြတ် နိုးဖွယ်ကောင်းသူ၊ စိတ်ထားကြောင်းသောကြောင့်၊ အကျင့်ကောင်းသောကြောင့်၊ သဘောထားကြီးသောကြောင့် နှစ်လိုဖွယ်ကောင်းသူဟူ၍ အကြောင်းတရားများကား များပြားလှသည်။
ထိုသူတို့ကို စာသင်များကလည်း ချစ်ကြ၏။ ဆရာများကလည်း ချစ်ကြ၏။ သိက္ခာနှင့်ကျင့်ဝတ်ပိုင်းဆိုင်ရာ ဖြူစင်သောကြောင့် ချစ်မြတ်နိုးကြခြင်း ဖြစ်၏။
သို့သော် ထိုသူတို့သည် နေရာရသူများမဟုတ်ကြပါ။ ပထမဦးစားပေး အချစ်ခံရသူများ မဟုတ်ကြပါ။ ထို့ကြောင့် ချစ်စရာကောင်းပါလျက် နှစ်သက်မြတ်နိုးစရာကောင်းသော (နှစ်စရာကောင်းသော) အမျိုးအစားတွင် ထည့်သွင်း လိုက်ရခြင်းဖြစ်ပေသည်။
ထို့အတူပင် ၎င်းတို့ကိုယ်တိုင်ကလည်း ကျောင်းတိုက် ဝေယျာဝစ္စ၊ သံဃာ့ဝေယျာဝစ္စ၊ ဆရာ့ဝေယျာဝစ္စ လုပ်ငန်း၌ ဘဝကို နှစ်မြှုပ်ထားသူများ ဖြစ်ကြ၏။ ပညာရေး အဆုံးရှုံးခံပြီး၊ ဘဝကို စေတပြီး အနစ်နာခံ သူများ ဖြစ်ကြ ၏။ ဒကာ ဒကာမများက အားကိုးကြသော်လည်း ဒကာ ဒကာမများ၏ အထင်ကြီးမှု အရေးစိုက်မှု အလေးနက် ထား၍ ကြည်ညိုမှုများကို ခံယူခွင့်ရရှိသူများ မဟုတ်ကြပေ။
များသောအားဖြင့် သဘောကောင်းလိုက် တာဟယ် သနားစရာပါအေ နှစ်မြောစရာပါကွာ စသည်ဖြင့် သနားချစ်ဖြင့်သာ အချစ်ခံရသူများ ဖြစ်လေသည်။ ထို တပည့်များက ဆရာ့အပေါ် ကျေးဇူးကြီးသော ပါရမီဖြည့်ဖက် တပည့်ကြီးများ အဖြည့်ခံ တပည့်ကြီးများ ဖြစ်လေ သတည်း။
ပစ်စရာတပည့်များကလည်း များစွာရှိ၏။ စာမကြိုစားသောကြောင့်၊ စာစိတ်မဝင်စားသောကြောင့် စာမလို ချင်သောကြောင့် ပစ်စရာကောင်းသူ၊ အကျင့်မကောင်းကြောင့်၊ အများနှင့် သဟဇာတမဖြစ်သောကြောင့်၊ ဆိုးမိုက် ပေတေသောကြောင့် ပစ်စရာကောင်းသူ၊ ကျေးဇူးကန်းသောကြောင့်၊ ကျေးစွပ်သောကြောင့် ပစ်စရာကောင်းသူ စသည်ဖြင့် စုံလင်လှပေသည်။ ထိုသူတို့သည် မိမိဘဝလည်း အကျိုးမရှိ၊ သူတပါးဘဝလည်း အကျိုးမရှိ၊ လောက ကောင်းကျိုးမပြုသည့် အန္တရာယ်သမားဖြစ်လေသည်။
၎င်းကို မြတ်စွာဘုရားက ဆဝါလာတ(ထင်းကုလားတုံး) များအဖြင့် ပြစ်တင်ရှုတ်ချခဲ့လေသည်။ သုသာန်၌ သူသေကောင်ကို မီးသြင်္ဂ ီုဟ်၍ ကျန်ရှိနေသော ထင်းစရာလေး၌ အနားနှစ်ဖက်က မီးစွဲလောင်ထား၏ အစွန်းနှစ်ဖက်၏ အလယ်၌ မစင်အညစ်အကြေး ပေကျံနေ၏။ အိမ်ဆောက်ရာ ၌လည်း အသုံးမဝင်၊ ယုတ်စွအဆုံး ထင်းစိုက်ရာ၌ပင် အလုပ်မဖြစ်၊ ထိမိလျှင် မစင်ပေမည်၊ အပူလောင်မည်၊ ထင်းစိုက်လျှင် မစင်စော်နံမည်၊ မည်သည့်နေရာမှာမျှ အသုံးမဝင်သည့်အပြင် အဆိပ်အတောက် အနှောက်အယှက် ပင် ပေးစွမ်းနိုင်သည့် ထင်းကုလားတုံးကို ဆိုလိုပေသည်။
ပစ်စရာကောင်းသော တပည့်များက ထင်းကုလားတုံး လူသားများပင်ဖြစ်လေသည်။ ဘုရားလက်ထက်ကလည်း ရှိ၏။ ယခင်လည်းရှိ၏။ ယခုလည်း ရှိ၏။ အဖျက်စွမ်းအား ကြီးလျှင် ကြီးသည့်အလျောက် အန္တရာယ်ပေးနိုင်သည့် ပြဿနာသမားများ ဖြစ်လေ၏။
အို……စာသင်သား၊ သင်သည် အဘယ်တပည့် အမျိုးအစား ဖြစ်လေသနည်း။
ယခုအခါ သင်ခိုလှုံရာ မိုးကုတ် မစိုးရိမ်တိုက်သစ်ကြီးသည် သင့်အား ကျေးဇူးကြီးလှ၏။
သင်၏ဆရာ မိုကုတ် မစိုးရိမ်တိုက်သစ် ဆရာတော်သည်လည်း သင့်အပေါ် ဆရာ့ကျင်ဝတ် ကျေပွန်လှ၏။ သင့်ရင်ထဲ၌ အကျင့်ဆိုး ဉာဉ်ဆိုးများ ရှိလျှင် ဖောက်ထုတ်ပစ်လိုက်လေတော့။ သင့်ကို သင့်ဆရာကလည်း ထင်းကု လားတုံးဘဝ မတွေ့မမြင်စေလိုပေ။ သင့်ကို ဘုရားသာသနာ တော်ကလည်း ထင်းကုလားတုံးအဖြစ် လက်ခံထား လိုခြင်း မရှိပေ။ သင်ကိုယ်တိုင်လည်း သံသရာခရီးမှာ ငရဲမီးအဖြစ်မှတပါး ရွေးချယ်စရာ ရှိမည်မဟုတ်ပေ။ ထိုကြောင့် ပစ်စရာကောင်းသော တပည့်ဘဝကို စွန့်လွှတ်လိုက်ပါလေ…….။ နှစ်စရာကောင်းသော တပည့်အဖြစ် စာသင်သား တိုင်း ချစ်စရာတပည့်လေများ ဖြစ်နိုင်ပါစေ…..။
ဝီရသူ (မစိုးရိမ်)